ဆာလံ ၁၂၉:၁-၈

  • တိုက်​ခိုက်​ပေမဲ့ မနိုင်​ကြ

    • ဇိ​အုန်​ကို မုန်း​တဲ့​သူ​တွေ အရှက်​ကွဲ ()

ချီ​တက်​သီချင်း။ ၁၂၉  “ရန်​သူ​တွေ ငါ့​ကို ငယ်​ငယ်​က​တည်း​က အမြဲတိုက်​ခိုက်​ခဲ့​တာ”+ လို့​အစ​ချီ​ပြီးအစ္စရေးတွေ သီ​ဆို​ကြ– ၂  “ရန်​သူ​တွေ ငါ့​ကို ငယ်​ငယ်​က​တည်း​က အမြဲတိုက်​ခိုက်​ခဲ့​တာ။+ ဒါ​ပေမဲ့ မနိုင်​ကြ​ပါ​ဘူး။+ ၃  လယ်​သမား​တွေ ငါ့​ကျော​ပေါ် လယ်​ထွန်​ကြ​တယ်။+ ထယ်​ကြောင်း​တွေ အရှည်​ကြီး​ထိုး​ကြ​တယ်။” ၄  ဒါ​ပေမဲ့ ယေဟောဝါ​ဟာ ဖြောင့်​မတ်​တယ်။+ လူ​ဆိုး​တွေ ချည်​နှောင်​တဲ့ ကြိုး​တွေ​ကို ဖြတ်​ပစ်​တယ်။+ ၅  ဇိ​အုန်​ကို မုန်း​တဲ့​သူ​တွေ အရှက်​ကွဲ​ရ​လိမ့်​မယ်။ အရှက်​တ​ကွဲ တပ်​ခေါက်​သွား​ရ​လိမ့်​မယ်။+ ၆  ခေါင်​မိုး​ပေါ်​က မြက်​ပင်​လိုမနုတ်​ခင်​မှာ​ပဲ ညှိုး​နွမ်း​သွား​လိမ့်​မယ်။ ၇  အဲဒီ​မြက်​ပင်​တွေ​ဟာ ရိတ်​လိုက်​တဲ့​အခါ လက်​တစ်​ဆုပ်​စာ​တောင် မရှိ​ဘူး။ စု​လိုက်​တဲ့​အခါ တစ်​ပွေ့​စာ​တောင် မရှိ​ဘူး။ ၈  “မင်း​တို့​အပေါ် ယေဟောဝါ​ရဲ့ ကောင်း​ချီး သက်​ရောက်​ပါ​စေ။ မင်း​တို့​ကို ယေဟောဝါ​ရဲ့​နာ​မည်​နဲ့ ကောင်း​ချီး​ပေး​ပါ​တယ်” ဆို​ပြီးဖြတ်​သန်း​သွား​လာ​သူ​တွေ ပြော​ကြ​မှာ မဟုတ်​ဘူး။

အောက်ခြေမှတ်ချက်များ