ဆာလံ ၂၈:၁-၉

  • ဆာလံဆရာ ဆုတောင်းတာကို ဘုရား နားထောင်

    • ‘ယေဟောဝါဟာ ငါ့အစွမ်းခွန်အား၊ ငါ့ဒိုင်းလွှားပဲ’ ()

ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။ ၂၈  ကျွန်တော့်ကျောက်ဆောင် ယေဟောဝါ၊  ကျွန်တော် မပြတ်တမ်း ခေါ်နေပါတယ်။+ မကြားဘဲ မနေပါနဲ့။ ကိုယ်တော် နှုတ်ဆိတ်နေရင် ကျွန်တော်ဟာ သေတွင်းထဲ ဆင်းတော့မယ့်လူလို ဖြစ်သွားလိမ့်မယ်။+ ၂  သန့်ရှင်းရာဌာနတော်မှာရှိတဲ့ အတွင်းခန်းဘက်ကို လက်ဖြန့်ပြီး+ ကူညီလှည့်ပါလို့ အသနားခံတဲ့အခါ ကြားတော်မူပါ။ ၃  လူဆိုးတွေ၊ နစ်နာအောင်လုပ်တဲ့သူတွေ၊+အပြောချိုပေမဲ့ စိတ်ထားယုတ်မာသူတွေနဲ့အတူ ကျွန်တော့်ကို ဆွဲခေါ်မသွားပါနဲ့။+ ၄  သူတို့ရဲ့ ယုတ်မာတဲ့အကျင့်တွေ၊+အပြုအမူတွေအတိုင်း ပြန်ဆပ်ပေးပါ။ သူတို့လုပ်ခဲ့တာတွေ၊လုပ်ရပ်တွေအတိုင်း ပြန်ခံစေပါ။+ ၅  ယေဟောဝါရဲ့ လုပ်ဆောင် မှုတွေ၊+လက်ရာတော်တွေကို+ သူတို့ အရေးမလုပ်တဲ့အတွက် ဘုရားက သူတို့ကို မတည်ဆောက်ဘဲ ဖြိုဖျက်လိမ့်မယ်။ ၆  ယေဟောဝါကို ချီးမွမ်းကြပါ။ ငါအသနားခံတာကို ဘုရားကြားတယ်။ ၇  ယေဟောဝါဟာ ငါ့အစွမ်း ခွန်အား၊+ ငါ့ဒိုင်းလွှားပဲ။+ ဘုရားကိုပဲ ယုံကြည်ကိုးစားတယ်။+ ဘုရားကူညီပေးလို့ ဝမ်းသာတယ်။ သီချင်းတွေဆိုပြီး ဘုရားကို ချီးမွမ်းမယ်။ ၈  ယေဟောဝါဟာ လူမျိုးတော်အတွက် အစွမ်းခွန်အားပဲ။ ဘိသိက်ပေးထားသူကို ကယ်တင်တဲ့ ရဲတိုက်ပဲ။+ ၉  လူမျိုးတော်ကို ကယ်တင်လှည့်ပါ။ အမွေတော်ကို ကောင်းချီးပေးလှည့်ပါ။+ သူတို့ကို ထိန်းကျောင်းပြီး ထာဝစဉ် ချီပိုက်ထားလှည့်ပါ။+

အောက်ခြေမှတ်ချက်များ