ဆာလံ ၁၂၀:၁-၇
ချီတက်သီချင်း။*
၁၂၀ ငါဒုက္ခရောက်ချိန်မှာ အော်ခေါ်တဲ့အခါ+ယေဟောဝါ ပြန်ထူးတယ်။+
၂ အို ယေဟောဝါ၊ လိမ်လည်တတ်သူတွေ၊လှည့်စားတတ်သူတွေရဲ့ရန်ကနေ ကယ်တင်ပေးပါ။
၃ လှည့်စားတတ်သူ၊ဘုရားက မင်းကို ဘာလုပ်မလဲ။ ဘယ်လို အပြစ်ပေးမလဲ။+
၄ စစ်သူရဲရဲ့ ချွန်ထက်တဲ့ မြားတွေ၊+
ချုံပင်ရဲ့ မီးကျီးခဲတွေနဲ့ အပြစ်ပေးလိမ့်မယ်။+
၅ ငါ့အဖြစ်ဆိုးလိုက်တာ။ မာရှက်ပြည်မှာ တိုင်းတစ်ပါးသားအဖြစ် နေထိုင်နေရပြီ။+
ကေဒါပြည်ရဲ့ တဲတွေမှာ နေထိုင်နေရပြီ။+
၆ ငြိမ်းချမ်းရေး မလိုလားသူတွေနဲ့အတူငါနေထိုင်ရတာ အတော့်ကို ကြာနေပြီ။+
၇ ငါလိုလားတဲ့ ငြိမ်းချမ်းရေးအကြောင်း ပြောလိုက်တိုင်းသူတို့က စစ်ပွဲကိုပဲ လိုလားကြတယ်။

