ဖိတ်ခေါ်ပါတယ်
စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု
၂၀၂၅ ယေဟောဝါသက်သေများရဲ့ ခရိုင်အစည်းအဝေး
သင့်အနီးအနားမှာ ကျင်းပမယ့် ခရိုင်အစည်းအဝေးကို ရှာပါ
ဝင်ကြေး မကောက်ပါ • အလှူငွေ မကောက်ပါ
ပေါ်လွင်ချက်များ
သောကြာနေ့။ အခန်းဆက် ဗီဒီယိုတွေကတစ်ဆင့် ယေရှု နေထိုင်၊ ဟောပြောခဲ့တဲ့ နေရာဒေသတွေဆီ အလည်သွားပါ။
စနေနေ့။ ရာစုနှစ်များစွာကတည်းက ကြိုဟောထားတဲ့ ကြိုဟောချက်တွေကို ယေရှုရဲ့ မြေကြီး အမှုဆောင်လုပ်ငန်းက ဘယ်လို ပြည့်စုံစေကြောင်း ကြည့်ပါ။
တနင်္ဂနွေနေ့။ ကိုယ် ဘာယုံကြည်လက်ခံထားတယ်ဆိုတာ ဘာကြောင့် အရေးကြီးကြောင်း၊ အမှန်တရား ဘယ်လို ရှာဖွေနိုင်ကြောင်း သိဖို့ “ကိုယ်သိတဲ့အရာကို ကိုးကွယ်နေသလား” ဟောပြောချက်မှာ လေ့လာကြည့်ပါ။
ကျမ်းစာဇာတ်လမ်း
ယေရှုရဲ့ အမှုဆောင်လုပ်ငန်း– အပိုင်း ၂ နဲ့ ၃
ယေရှု နှစ်ခြင်းခံချိန်မှာ မေရှိယ၊ ခရစ်တော် ဖြစ်လာတယ်။ နောက်ပိုင်းလတွေအတွင်း မာရ်နတ်ရဲ့ သွေးဆောင်မှု ခံရတယ်၊ တပည့်တွေ စစုဆောင်းတယ်၊ ပထမဆုံး အံ့ဖွယ်အမှု ပြုလုပ်တယ်။ အဲဒီပြကွက်တွေနဲ့ တခြားပြကွက်တွေကို ခရိုင်အစည်းအဝေး သုံးရက်စလုံးမှာ ပြမယ့် အပိုင်းတွေမှာ ရှုစားကြည့်ပါ။
အစီအစဉ်ဇယား အပြည့်အစုံနဲ့ အောက်ပါ ဗီဒီယိုတွေကို jw.org မှာ ကြည့်ပါ။
ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးကြီးတွေက ဘယ်လိုမျိုးလဲ
ယေဟောဝါသက်သေတွေရဲ့ ခရိုင်အစည်းအဝေး မှာ ဘာတွေ မြင်တွေ့ ကြားနာရမယ်ဆိုတာ လေ့လာကြည့်ပါ။
ယေဟောဝါသက်သေများရဲ့ ၂၀၂၅ ခရိုင်အစည်းအဝေး– “စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု”
ဒီနှစ် ခရိုင်အစည်းအဝေး အစီအစဉ်မှာ ဘာတွေ ပါသလဲ အမြည်း ကြည့်ပါ။
ကျမ်းစာဇာတ်လမ်း နမူနာ။ ယေရှုရဲ့ အမှုဆောင်လုပ်ငန်း
ယေရှုခရစ်ရဲ့ အမှုဆောင်လုပ်ငန်း စစချင်းမှာပဲ မာရ်နတ်၊ နတ်ဆိုးတွေနဲ့ လူတွေရဲ့ ဆန့်ကျင်မှု ကြုံရတယ်။ ဘုရားအပေါ် ယေရှု ဆက်သစ္စာရှိနေမလား။