မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေတွေရဲ့ အသင်းတော် အစည်းအဝေး​များ

ကျွန်ုပ်တို့ရဲ့ အစည်းအဝေးတွေ​အကြောင်း လေ့လာ​ကြည့်ပါ။ သင်နဲ့​အနီးဆုံး အစည်းအဝေး ကျင်းပတဲ့ နေရာကို ရှာပါ။

ကိုရိုနာဗိုင်းရပ်စ် (COVID-19) သတိပေးချက်။ ဒေသများစွာမှာ ဝတ်ပြုရာခန်းမမှာဖြစ်စေ၊ အုပ်စုကြီးနဲ့ဖြစ်စေ စုဝေးကြမှာ မဟုတ်ဘူး။ အသေးစိတ် သိချင်ရင် သင့်ဒေသက ယေဟောဝါသက်သေတွေနဲ့ ဆက်သွယ်နိုင်ပါတယ်။ ကိုယ်တိုင် မတက်ရောက်နိုင်သူတွေအတွက် “ဘယ်သူ့ ဦးဆောင်မှုကို သင် ယုံကြည်စိတ်ချနိုင်သလဲ” ကျမ်းစာဟောပြောချက် ဗီဒီယိုကို ကူးယူလို့ရအောင်၊ အွန်လိုင်းမှာ ကြည့်လို့ရအောင် တင်ပေးထားပါမယ်။

အနီးဆုံး တည်နေရာကို ရှာပါ

ကျွန်ုပ်တို့ရဲ့ အစည်းအဝေးတွေကို ဘယ်လို​ကျင်းပ​သလဲ။

ယေဟောဝါ​သက်သေတွေဟာ အစည်းအဝေးတွေကို တစ်ပတ်​မှာ နှစ်ကြိမ် ကျင်းပ​ကြပါတယ်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ကျမ်းစာ​သွန်သင်ချက်တွေကို ကျွန်ုပ်တို့ရဲ့​ဘဝမှာ ဘယ်လို​ကျင့်သုံး​နိုင်တယ်​ဆိုတာကို လူတိုင်း​တက်ရောက်​နိုင်တဲ့ အဲဒီ​အစည်းအဝေးတွေမှာ လေ့လာ​ဆန်းစစ်​ကြပါတယ်။

ကျွန်ုပ်တို့ရဲ့​ဝတ်ပြု​စည်းဝေး အစီအစဉ်​အများစုမှာ ပရိသတ်​တွေကို​လည်း ပါဝင်​စေတဲ့​အတွက် စာသင်​ခန်း​မှာ ဆွေးနွေး​တဲ့​ပုံစံ​နဲ့ တူ​ပါတယ်။ အစည်းအဝေးတွေကို သီချင်းဆို ဆုတောင်းခြင်းနဲ့ အဖွင့်​အ​ပိတ်​လုပ်ပါတယ်။

ကျွန်ုပ်တို့ရဲ့​အစည်းအဝေးတွေကို တက်ရောက်​ဖို့ ယေဟောဝါ​သက်သေ​ဖြစ်စရာ မလိုပါဘူး။ ကျွန်ုပ်တို့​နဲ့​အတူ တက်ရောက်​ဖို့ လူတိုင်းကို ဖိတ်ခေါ်​ပါတယ်။ အခမဲ့ တက်ရောက်​နိုင်ပါတယ်။ အလှူငွေ​ကောက်ခံခြင်း မရှိပါဘူး။