မာတိကာဆီ ကျော်သွား

ယေရှုခရစ်ရဲ့ သေခြင်း အောက်မေ့ရာပွဲ

အင်္ဂါ​နေ့၊ ဧပြီ ၄၊ ၂၀၂၃

ယေဟောဝါ​သက်သေတွေဟာ ယေရှုရဲ့ သေခြင်း အောက်မေ့ရာပွဲကို တစ်နှစ်​တစ်ကြိမ် ကျင်းပ​ကြတယ်။ ယေရှု​က “ကျွန်တော့်​ကို အောက်မေ့​တဲ့​အနေ​နဲ့ ဒီလို အမြဲ​ လုပ်ကြပါ” ဆိုပြီး မိန့်မှာခဲ့တယ်။—လုကာ ၂၂:၁၉

မေးလေ့​ရှိတဲ့ မေးခွန်းများ

အစီအစဉ်​က ဘယ်လောက် ကြာ​သလဲ။

တစ်​နာရီ​လောက် ကြာ​ပါ​မယ်။

အောက်မေ့ရာပွဲကို ဘယ်လို ကျင်းပ​သလဲ။

အစီအစဉ်ရဲ့ အစနဲ့ နိဂုံး​ချုပ်​မှာ သီချင်း​တစ်ပုဒ်​စီ သီဆိုပြီး ယေဟောဝါသက်သေ ဓမ္မ​အမှုဆောင်​တစ်ဦး​က ဆုတောင်း​ပါ​မယ်။ အောက်မေ့ရာပွဲ​မှာ ယေရှုရဲ့​ သေခြင်း အရေးကြီးပုံ၊ ကျွန်တော်​တို့အတွက် ဘုရားသခင်​နဲ့ ခရစ်တော် လုပ်ပေးခဲ့​ရာတွေ​ကနေ အကျိုး​ရရှိ​နိုင်​ပုံ​ကို အဓိက ဟောပြောပါ​လိမ့်မယ်။