မာတိကာဆီ ကျော်သွား


ကျမ်းစာ သင်ပေးသူနဲ့အတူ လေ့လာသင်ယူပါ

ပျော်စရာဘဝ ထာဝရ စံစားကြ

အခမဲ့ ကျမ်းစာလေ့လာမှုကနေ အောက်ပါမေးခွန်းတွေရဲ့ အဖြေကို သိလာပါလိမ့်မယ်။

  • ပျော်ရွှင်တဲ့ ဘဝအသက်တာကို ဘယ်လို ပိုင်ဆိုင်နိုင်မလဲ

  • မကောင်းမှုနဲ့ ဆင်းရဲဒုက္ခတွေ အဆုံးတိုင်သွားမလား

  • သေဆုံးသွားတဲ့ ချစ်ရသူတွေကို ပြန်တွေ့နိုင်ဦးမလား

  • ငါ့ကို ဘုရားသခင် တကယ်ပဲ ဂရုစိုက်ရဲ့လား

  • ဘယ်လို ဆုတောင်းရမလဲ။ ငါ့ဆုတောင်းချက်ကို ဘုရား နားထောင်ရဲ့လား

အခကြေးငွေ မယူပါ

အခမဲ့ လေ့လာသင်ယူနိုင်ပါတယ်။ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်နဲ့ ကျမ်းစာ တစ်အုပ်ကိုလည်း ရနိုင်ပါတယ်။

အဆင်ပြေတဲ့ အချိန်နဲ့ နေရာ

ကျမ်းစာ သင်ပေးမယ့်သူနဲ့ လူကိုယ်တိုင်ဖြစ်စေ၊ ဗီဒီယို ချိတ်ဆက်မှုနဲ့ဖြစ်စေ အဆင်ပြေတဲ့အချိန်၊ အဆင်ပြေတဲ့နေရာမှာ တွေ့ဆုံနိုင်ပါတယ်။

မလုပ်မနေရ မဟုတ်

အဆင်မပြေရင် လေ့လာမှုကို အချိန်မရွေး ရပ်လို့ ရပါတယ်။

ကျမ်းစာလေ့လာမှုကနေ ဘာတွေ သိရမလဲ

ကျမ်းစာသင်ပေးတဲ့သူက အကြောင်းအရာ တစ်ခုစီနဲ့ပတ်သက်ပြီး ကျမ်းစာ သွန်သင်ရာကို သိလာအောင် ကူညီပေးပါလိမ့်မယ်။ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်နဲ့ ကျမ်းစာကို လေ့လာသင်ယူတဲ့အခါ ကျမ်းစာအကြောင်း၊ ကျမ်းစာက ဘယ်လို ကူညီပေးကြောင်း သိလာမယ်။ ပိုသိနိုင်ဖို့ ဒီဗီဒီယိုကို ကြည့်ပါ။ ဒါမှမဟုတ် ကျမ်းစာလေ့လာမှုအကြောင်း မေးလေ့ရှိတဲ့ မေးခွန်းများကို ဖတ်ကြည့်ပါ။

နမူနာ ကြည့်ချင်ပါသလား

လေ့လာမှုအတွက် မိတ်ဆက်သင်ခန်းစာတွေကို နမူနာ ကြည့်လိုက်ပါ။

လေ့လာဖို့ အသင့်ဖြစ်ပြီလား

ပထမဆုံးအကြိမ် ကျမ်းစာလေ့လာမှုအတွက် စီစဉ်နိုင်ဖို့ အောက်ပါ သင်္ကေတကို နှိပ်ပါ။