မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေ​တွေ ကမ်း​လှမ်း​တဲ့ ကျမ်းစာ​လေ့လာမှု​ဆိုတာ ဘာလဲ

ကျမ်းစာ​သွန်သင်ချက်​ကို သိလာ​နိုင်​မယ့် လက်တွေ့ကျ နည်းလမ်းကို ယေဟောဝါသက်သေ​တွေ ကမ်း​လှမ်း​နေပါတယ်။ ကျမ်းစာ​လေ့လာမှု အစီအစဉ်​က

  • ပျော်ရွှင်​တဲ့​ အသက်တာ ရဖို့

  • ဘုရားသခင်​နဲ့ မိတ်ဆွေ ဖြစ်ဖို့

  • အနာဂတ်​နဲ့​ပတ်သက်​တဲ့ ကျမ်းစာ​ကတိ​တွေ သိဖို့ ကူညီ​ပေး​နိုင်တယ်။

ဒီ​စာမျက်နှာ​မှာ

 ကျမ်းစာ​လေ့လာမှု​ကို ဘယ်လို လုပ်ကြ​သလဲ

ကျမ်းစာ​သင်ပေး​သူက အကြောင်းအရာ​အလိုက် ကျမ်းစာ​နဲ့ ပို​အကျွမ်းဝင်​လာအောင် ကူညီ​ပေး​မယ်။​ ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါဆိုတဲ့ စာအုပ်ကို လေ့လာတဲ့အခါ ကျမ်းစာ သွန်သင်ချက်တွေ၊ ကိုယ့်အတွက် အထောက်အကူပြုနိုင်ပုံတွေကို တဖြည်းဖြည်း သိလာမယ်။ ပို​သိနိုင်ဖို့ ဒီဗီဒီ​ယို​ကို ကြည့်​ပါ။

 ကျမ်းစာ​လေ့လာမှု​အတွက် အခကြေးငွေ ပေး​ရမလား

ပေး​စ​ရာ မလိုပါဘူး။ “အခမဲ့ ရထားတဲ့​အတွက် အခမဲ့ ပေးကမ်း​ကြ​ပါ” ဆို​တဲ့ ယေရှုရဲ့ ညွှန်ကြားချက်​ကို ကျွန်တော်​တို့ လိုက်နာကြတယ်။ (မဿဲ ၁၀:၈) ကျမ်းစာ​သင်ပေး​သူတွေ​ကိုယ်တိုင် အခကြေးငွေ မယူ​ကြ​သလို ကျမ်းစာ၊ ပျော်စရာ​ဘဝ ထာဝရ စံစား​ကြ စာအုပ်​တွေ​အတွက် ငွေပေး​စရာ မလိုပါဘူး။

 လေ့လာချိန် ဘယ်လောက် ကြာ​မလဲ

ဒီ​လေ့လာမှု​ အစီအစဉ်မှာ သင်ခန်းစာ ၆၀ အထိ ပါဝင်တယ်။ ကြာချိန်​က​တော့ ကိုယ်​အချိန်ပေး​နိုင်​တဲ့​အပေါ် မူတည်တယ်။ အများစုကတော့ တစ်ပတ်​ကို တစ်ကြိမ်၊ တစ်ကြိမ်​ထက်မက လေ့လာ​ချင်​ကြတယ်။

 ဘယ်လို စ​လေ့လာ​ရမလဲ

  1. ၁။ အွန်လိုင်း​ကနေ ဖောင်​ဖြည့်ပါ။ ဖြည့်​လိုက်တဲ့ ကိုယ်ရေး​အချက်အလက်​ကို သင့်တောင်းဆိုချက်​အတိုင်း သင်နဲ့ ဆက်သွယ်​နိုင်အောင် တစ်ယောက်ယောက်​ကို စီစဉ်​ပေးဖို့​အတွက်ပဲ သုံးပါ​မယ်။​

  2. ၂။ ကျမ်းစာ​သင်ပေး​သူက ဆက်သွယ်​လာပါလိမ့်မယ်။ ကျမ်းစာ​သင်ပေး​သူက ကျမ်းစာ​လေ့လာမှု​အကြောင်း ရှင်းပြ​ပေး​ပါ​မယ်။ သင်​ သိချင်​တာ​ မှန်သမျှ ဖြေပေး​ပါ​မယ်။

  3. ၃။ သင်နဲ့ ကျမ်းစာ​သင်ပေး​သူက လေ့လာမှု​အတွက် အစီအစဉ် လုပ်တယ်။ လူ​ကိုယ်တိုင်၊ ဖုန်း၊ ဗီဒီယို​ ခေါ်ဆို​မှု၊ စာ၊ အီးမေးလ်​တို့​နဲ့ လေ့လာ​နိုင်တယ်။ လေ့လာမှု​က တစ်​နာရီ​လောက် ကြာ​လေ့​ရှိတယ်။ အခြေအနေ​ပေါ် မူတည်ပြီး လို​တိုး​ပို​လျှော့ အချိန်​ယူ​နိုင်တယ်။

 အပိုင်း​တစ်ပိုင်း​လောက် အစမ်း လေ့လာ​ကြည့်​လို့ ရမလား

ရ​ပါ​တယ်။ အွန်လိုင်းမှာ ဖောင်​ဖြည့်​လိုက်ပါ။ ကျမ်းစာ​သင်ပေး​သူ ဆက်သွယ်​လာ​ရင် အစမ်း​လေ့လာ​ကြည့်​ချင်​တဲ့​အကြောင်း ပြောပြ​ထား​ပါ။ ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင်ကို သုံးပြီး လေ့လာမယ်။ အဲဒီ​စာစောင်​မှာ လေ့လာ​ရတာ ပျော်​လာဖို့ ကူညီ​ပေး​မယ့် မိတ်ဆက်​သင်ခန်းစာ သုံးခု ပါ​တယ်။

 ကျမ်းစာ​လေ့လာမှု​ကို လက်ခံ​လိုက်ရင် ယေဟောဝါသက်သေ လုပ်ဖို့ ဖိအား​ပေး​ခံရ​မလား

ဖိအားပေး​ကြ​မှာ မဟုတ်ပါဘူး။ ယေဟောဝါသက်သေ​တွေ​က တခြား​သူတွေကို ကျမ်းစာ သင်ပေး​ချင်​ကြတယ်။ ဒါပေမဲ့ ဘာသာဝင်​ဖို့ ဘယ်တော့မှ ဖိအား​မပေး​ပါ​ဘူး။ ကျမ်းစာ​သွန်သင်ရာ​ကိုပဲ လေးစား​စွာ သင်ပေး​ကြတယ်၊ လူတိုင်း ကိုယ်​ယုံကြည်ရာ​ကို ရွေးချယ်ပိုင်ခွင့် ရှိတယ်ဆိုတာ အသိအမှတ်ပြု​ကြတယ်။—၁ ပေတရု ၃:၁၅

 ကိုယ့်​ကျမ်းစာ​ပဲ သုံး​လို့​ ရမလား

ရ​ပါ​တယ်။ ကိုယ်​ကြိုက်​တဲ့​ကျမ်းစာ သုံး​လို့​ ရ​ပါ​တယ်။ ကျွန်တော်​တို့​က​တော့ ရှင်းလင်း​တိကျ​တဲ့ ကမ္ဘာသစ်​ဘာသာပြန်​ကျမ်း ကို သုံး​ရတာ ကြိုက်တယ်။ လူ​အများစုဟာ ကိုယ်​နဲ့ ရင်းနှီး​ပြီး​သား ကျမ်းစာ​ကို သုံး​ချင်​ကြတယ်​ဆိုတာ ကျွန်တော်​တို့ နားလည်​ကြတယ်။

 လေ့လာမှု​မှာ တခြား​သူကို ပါဝင်​ဖို့ ဖိတ်ခေါ်​လို့ ရ​သလား

ဖိတ်ခေါ်​လို့ ရ​ပါ​တယ်။ မိသားစု၊ မိတ်ဆွေတွေကို ဖိတ်ခေါ်​နိုင်​ပါ​တယ်။

 အရင်တုန်းက ယေဟောဝါသက်သေ​တွေ​နဲ့ ကျမ်းစာ လေ့လာခဲ့​ဖူး​ရင်​ကော။ ပြန်​လေ့လာ​လို့ ရမလား

လေ့လာ​လို့ ရ​ပါ​တယ်။ လက်ရှိ အခြေအနေ​နဲ့​အညီ ပြင်ဆင်​ထား​တဲ့ အကြောင်းအရာတွေ​ ဖြစ်လို့ လေ့လာမှု​ကို အရင်ကထက် နှစ်သက်မှာ​ပါ။ ပို​အသက်ဝင်​ပြီး အပြန်အလှန် ဆွေးနွေးလို့ ရတယ်။

 လူ​ကိုယ်တိုင် သင်ပေးတာ​မျိုး မဟုတ်ဘဲ ကိုယ့်​ဘာသာ​ကိုယ် ကျမ်းစာ​လေ့လာ​နိုင်​တဲ့ နည်းလမ်းများ ရှိသလား

ရှိပါတယ်။ ကျမ်းစာ​သင်သား အများစုကတော့ သင်ပေးတဲ့​သူရဲ့ အကူအညီ​နဲ့ သင်ယူ​နေကြတယ်။ တချို့က​တော့ အရင်ဆုံး ကိုယ့်​ဘာသာ​ကိုယ် လေ့လာ​ရတာ ကြိုက်​ကြတယ်။ ကျမ်းစာ​လေ့လာမှု​ ကိရိယာ စာမျက်နှာ​မှာ ကျမ်းစာ​လေ့လာ​ရာ​မှာ အထောက်အကူ​ပြု​တဲ့ ကိရိယာ၊ စာပေ​တွေ အခမဲ့ ရနိုင်ပါတယ်။ အောက်ပါ ကိရိယာ​တွေ​က အထောက်အကူ​ပြု​နိုင်တယ်။

  • အွန်လိုင်း ကျမ်းစာ​လေ့လာမှု သင်ခန်းစာများ။ ဒီ​အပြန်အလှန် ဆွေးနွေးခန်း သင်ခန်းစာ​တွေ​မှာ ဘုရားသခင်ဟာ ဘယ်သူလဲ၊ ဆင်းရဲ​ဒုက္ခတွေ၊ မကောင်းမှုတွေ ဘာကြောင့် ရှိ​နေရ​သလဲ၊ ဘုရား​က ဆင်းရဲ​ဒုက္ခတွေကို အဆုံးတိုင်​ပေး​မလား စတဲ့ အရေးကြီး မေးခွန်း​တချို့​ကို အဖြေပေး​ထား​တယ်။

  • ကျမ်းစာ ဗီဒီယိုများ။ ဒီဗီဒီ​ယို​ သင်ခန်းစာ အတို​လေး​တွေ​က အရေးကြီး ကျမ်းစာ သွန်သင်ချက်​တွေ​ကို ရှင်းပြ​ထား​တယ်။

  • ကျမ်းစာ​မေးခွန်းများရဲ့ အဖြေ။ ဒီ​ဆောင်းပါး​တွေ​က ကျမ်းစာ​မေးခွန်း အတော်များများကို ဖြေဆို​ပေး​ထား​တယ်။

  • ကျမ်းပိုဒ် ရှင်းပြချက်​များ။ လူသိ​များတဲ့ ကျမ်းပိုဒ်​တွေ၊ စကားစု​တွေ​ရဲ့ အဓိပ္ပာယ်​ကို ရှင်းပြ​ပေး​ထား​တယ်။