ဆာလံ ၉:၁-၂၀

  • ဘုရားရဲ့ အံ့ဖွယ်လုပ်ဆောင်မှုတွေကို ကြေညာ

    • လုံခြုံတဲ့ခိုလှုံရာ ယေဟောဝါ (၉)

    • နာမတော် သိတယ်ဆိုတာ ဘုရားကို ယုံကြည်ကိုးစားတာဖြစ် (၁၀)

မတ်လာဘန်* နဲ့သက်ဆိုင်တဲ့ ဂီတမှူးသို့။ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။ א ၉  အို ယေဟောဝါ၊ ကိုယ်တော့်ကို  လှိုက်လှိုက်လှဲလှဲ ချီးမွမ်း မယ်။ အံ့ဖွယ်လုပ်ဆောင်မှုတွေအကြောင်း ပြောပြမယ်။+ ၂  အမြင့်ဆုံးအရှင်၊ ကိုယ်တော်ကြောင့် ကျွန်တော် ဝမ်းမြောက်ရွှင်လန်းပြီးနာမတော်ကို ချီးမွမ်းသီချင်းဆိုမယ်။+ ב ၃  ရန်သူတွေ လှည့်ပြေးသွားတဲ့အခါ+တိုက်မိလဲပြီး ရှေ့တော်မှာ ပျက်စီးသွားလိမ့်မယ်။ ၄  ကိုယ်တော်က ရာဇပလ္လင်ပေါ် ထိုင်ပြီး ဖြောင့်မတ်စွာ တရားစီရင်တဲ့အခါကျွန်တော့်အမှုကို တရားသဖြင့် စီရင်ပေးတယ်။+ ג ၅  ကိုယ်တော်ဟာ လူမျိုးတွေကို ပြစ်တင်ဆုံးမပြီး+ လူဆိုးတွေကို ဖျက်ဆီးပစ်တယ်။ သူတို့ရဲ့နာမည်ကို အစဉ်ထာဝရ ကွယ်ပျောက်စေတယ်။ ၆  ရန်သူတွေ ထာဝစဉ် ဖျက်ဆီးခံရပြီ။ သူတို့မြို့တွေကို ကိုယ်တော် မြေလှန်ပစ်ပြီ။ သူတို့နဲ့ပတ်သက်တဲ့ အမှတ်ရစရာအားလုံး ပျက်စီးသွားလိမ့်မယ်။+ ה ၇  ယေဟောဝါကတော့ ထာဝစဉ် နန်းထိုင်ပြီ။+ တရားသဖြင့်  စီရင်ဖို့  ရာဇပလ္လင်ကို  အခိုင်အမာ တည်ထားပြီ။+ ၈  ဘုရားက ကမ္ဘာမြေကို ဖြောင့်မတ်စွာ တရားစီရင်ပြီး+လူမျိုးတွေကို ဖြောင့်မတ်စွာ စီရင်ဆုံးဖြတ်လိမ့်မယ်။+ ו ၉  ယေဟောဝါဟာ ဖိနှိပ်ခံရသူတွေအတွက် လုံခြုံတဲ့ခိုလှုံရာ ဖြစ်လိမ့်မယ်။+ ဒုက္ခရောက်ချိန်မှာ လုံခြုံတဲ့ခိုလှုံရာ ဖြစ်လိမ့်မယ်။+ ၁၀  ယေဟောဝါဘုရား၊ နာမတော်ကိုသိတဲ့သူတွေ ကိုယ်တော့်ကို ယုံကြည်ကိုးစားကြလိမ့်မယ်။+ ကိုယ်တော့်ကို ရှာတဲ့သူတွေကို ကိုယ်တော် ဘယ်တော့မှ မစွန့်ပစ်ဘူး။+ ז ၁၁  ဇိအုန်မှာ စံမြန်းတဲ့ ယေဟောဝါကို ချီးမွမ်းသီချင်းဆိုကြပါ။ ဘုရားရဲ့လုပ်ဆောင်မှုတွေအကြောင်း လူတွေကို ပြောကြပါ။+ ၁၂  သူတို့ရဲ့သွေးအတွက် လက်စားချေပေးတဲ့အရှင်က သူတို့ကို သတိရလိမ့်မယ်။+ ဒုက္ခရောက်သူတွေ အော်ဟစ်တာကို ဘုရားက မေ့လျော့မှာမဟုတ်ဘူး။+ ח ၁၃  ယေဟောဝါဘုရား၊ ကျွန်တော့်ကို မျက်နှာသာပေးလှည့်ပါ။ မလိုမုန်းထားသူတွေရဲ့ ဖိနှိပ်မှုကို မြင်လှည့်ပါ။ ကျွန်တော့်ကို သေခြင်းတံခါးဝ ကနေ ပြန်ထူပေးတာ ကိုယ်တော်ပါ။+ ၁၄  ဒါကြောင့် ချီးမွမ်းထိုက်တဲ့ ကိုယ်တော့်လုပ်ဆောင်မှုတွေအကြောင်း ဇိအုန်သမီးပျိုရဲ့ တံခါးတွေမှာ ကြေညာမယ်။+ ကယ်တင်ခြင်း ကျေးဇူးကြောင့် ဝမ်းမြောက်ပါ့မယ်။+ ט ၁၅  လူမျိုးတွေဟာ ကိုယ်တူးတဲ့တွင်းထဲ ပြန်ကျကုန်ပြီ။ သူတို့ခြေလည်း ကိုယ်ဆင်တဲ့ ထောင်ချောက်ထဲ ပြန်မိသွားပြီ။+ ၁၆  ယေဟောဝါဟာ တရားစီရင်ချက်တွေကြောင့် ထင်ရှားတယ်။+ လူဆိုးတွေ ကိုယ့်အတတ်နဲ့ ကိုယ်စူးနေပြီ။+ ဟစ်ဂေးယန်။* (စဲလာ) י ၁၇  ဘုရားသခင်ကိုမေ့တဲ့ လူမျိုးတွေနဲ့ လူဆိုးတွေဟာသင်္ချိုင်းကို သွားရလိမ့်မယ်။ ၁၈  ဆင်းရဲသားတွေကတော့ ဘယ်တော့မှ မေ့လျော့ခံရမှာ မဟုတ်ဘူး။+ စိတ်နူးညံ့သူတွေရဲ့ မျှော်လင့်ချက်ဟာ ဘယ်တော့မှ ပျက်စီးမှာ မဟုတ်ဘူး။+ כ ၁၉  ယေဟောဝါဘုရား၊ ထတော်မူပါ။ သေမျိုးဖြစ်တဲ့လူတွေ အောင်နိုင်ခွင့်မရပါစေနဲ့။ ရှေ့တော်မှာ လူမျိုးတွေ တရား စီရင်ခံရပါစေ။+ ၂၀  ယေဟောဝါဘုရား၊ လူမျိုးတွေကို ကြောက်လန့်စေပါ။+ သူတို့ဟာ သေမျိုးတွေပဲဆိုတာ သိကြပါစေ။ (စဲလာ)

အောက်ခြေမှတ်ချက်များ

^ ခက်ဆစ်ကိုကြည့်။
^ ခက်ဆစ်ကိုကြည့်။