မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 မေး​ခွန်း ၂

ဘုရားသခင်အကြောင်း ဘယ်လို သင်ယူနိုင်သလဲ

“ဒီ​ပညတ်​ကျမ်း​မှာ​ပါ​တဲ့ အကြောင်း​တွေ​ကို မပြော​ဘဲ​မနေ​နဲ့။ အဲဒီ​မှာ​ရေး​ထား​သမျှ​ကို ဂရု​တ​စိုက် လိုက်​နာ​နိုင်​ဖို့ နေ့​ည​မပြတ် ဖတ်​ရွတ်​ဆင်​ခြင်​ပါ။ ဒါ​ဆို​ရင် ဘဝ​လမ်း​ခ​ရီး အောင်​မြင်​ပြီး ဉာဏ်​ပညာ​ရှိ​ရှိ လုပ်​ဆောင်​နိုင်​မယ်။”

ယောရှု ၁:၈

“သူတို့​က ဘု​ရား​သခင်​ရဲ့ ပညတ်​ကျမ်း​ကို အသံ​ကျယ်​ကျယ်​ဖတ်​ပြီး အနက်​အဓိပ္ပာယ်​ကို ရှင်း​ပြတယ်။ ဖတ်​ပြတဲ့​အရာ​ကို လူ​တွေ သဘော​ပေါက်​အောင် ကူညီ​ပေး​တယ်။”

နေဟမိ ၈:၈

“လူ​ဆိုး​တွေရဲ့ အကြံ​ဉာဏ်​အတိုင်း မလိုက်​တဲ့​သူ . . .  ဟာ ပျော်​ရွှင်​ချမ်း​မြေ့တယ်။ သူ​ဟာ ယေဟောဝါ​ရဲ့ ပညတ်​မှာ ပျော်​မွေ့​ပြီး​ပညတ်​တော်​ကို နေ့​ည​မပြတ် ဖတ်ရွတ်​ဆင်​ခြင်​တယ်။ . . . လုပ်​သမျှ အောင်​မြင်​လိမ့်​မယ်။”

ဆာလံ ၁:၁-၃

“ဖိ​လိပ္ပု​လည်း မြင်း​ရ​ထား​ဘေး​က​နေ အပြေး​လိုက်​သွား​တဲ့​အခါ ဟေရှာယကျမ်း​ကို မိန်း​မစိုး ဖတ်​နေ​တာ ကြား​တော့ ‘ဖတ်​နေ​တာ​ကို နား​လည်​ရဲ့​လား’ လို့​မေးလိုက်​တယ်။ မိန်း​မစိုး​က​လည်း ‘ရှင်း​ပြမယ့်​သူ​မရှိ​ဘဲ ဘယ်​လို နား​လည်​မှာ​လဲ’ လို့​ဖြေတယ်။”

တမန်​တော် ၈:၃၀၊ ၃၁

 “ဘု​ရား​သခင်​ကို မမြင်​ရ​ပေမဲ့ ဖန်​ဆင်း​ထား​ရာတွေ​ကို ကြည့်​ပြီး ဘု​ရား​သခင်​ရဲ့ ထာ​ဝ​ရ​တန်ခိုး​တော်​နဲ့ အရည်​အသွေး​တွေ​အပြင် ကိုယ်​တော်​ဟာ ဘု​ရား​သခင်​ဖြစ်​ကြောင်း လော​က​ကို ဖန်​ဆင်း​ချိန်​က​တည်း​က အထင်​အရှား သိ​မြင်​နိုင်တယ်။ ဒါ​ကြောင့် သူတို့ ဆင်​ခြေ​ပေး​လို့​မရ​ဘူး။”

ရော​မ ၁:၂၀

“အဲဒီ​အရာတွေ​ကို ဆင်​ခြင်​သုံးသပ်​ပါ။ လူ​အားလုံး​ရှေ့ မင်း​ရဲ့​တိုး​တက်​မှု​ကို ထင်ရှား​မြင်​သာ​စေ​ဖို့ အဲဒီ​အရာတွေ​မှာ အာ​ရုံ​နှစ်​ထား​ပါ။”

၁ တိမောသေ ၄:၁၅

“မေတ္တာ​စိတ်​ရှိ​စေ​ဖို့၊ အကျင့်​ကောင်း​တွေ ကျင့်​စေ​ဖို့ တိုက်​တွန်း​အား​ပေး​ပြီး အချင်း​ချင်း ထောက်​ထား​စာ​နာ​ကြ​စို့။ လူ​တ​ချို့​မှာ အတူ​တ​ကွ စည်း​ဝေး​တာ​ကို လျစ်​လျူ​ရှု​တဲ့​ထုံး​စံ ရှိ​နေ​တယ်။ ခင်​ဗျား​တို့​က​တော့ အတူ​တ​ကွ စည်း​ဝေး​တာ​ကို လျစ်​လျူ​မရှု​ကြ​ပါ​နဲ့။”

ဟီ​ဘ​ရူး ၁၀:၂၄၊ ၂၅

“တစ်​ယောက်​ယောက်​က ဉာဏ်​ပညာ​လို​နေ​ရင် ဘု​ရား​သခင်​ဆီ တောင်း​မြဲတောင်း​ပါ။ ကဲ့​ရဲ့​တာ​မျိုး​မလုပ်​ဘဲ လူ​အားလုံး​ကို ရက်ရက်ရောရော ပေး​တတ်​တဲ့ ဘု​ရား​သခင်​က တောင်း​တဲ့​သူ​ကို ဉာဏ်​ပညာ​ပေး​လိမ့်​မယ်။”

ယာကုပ် ၁:၅