ဆာလံ ၈၀:၁-၁၉

  • အစ္စရေးတို့ရဲ့သိုးထိန်း နာလန်ထူပေးဖို့ ကြိုးစား

    • “ဘုရားသခင်၊ ကျွန်တော်တို့ကို နာလန်ထူစေပါ” ()

    • ဘုရားသခင်ရဲ့စပျစ်နွယ်ပင် အစ္စရေး (၈-၁၅)

ဂီတမှူးသို့။ “နှင်းပန်းတို့” တေးသွားအတိုင်း သီဆိုရန်။ သတိရအောက်မေ့ဖို့ အာသပ်စပ်ဆိုတဲ့သီချင်း။+ ၈၀  အစ္စရေးရဲ့ သိုးထိန်း၊ နားထောင်ပေးပါ။ ကိုယ်တော်ဟာ ယောသပ်ကို သိုးအုပ်လို လမ်းပြပေးတဲ့ အရှင်ပါ။+ ခေရုဗိမ်တွေပေါ်မှာ* စံမြန်းတဲ့အရှင်၊+အလင်းထွန်းလင်းပေးပါ။ ၂  ဧဖရိမ်၊ ဗင်ယာမိန်နဲ့ မနာရှေတို့ရှေ့မှာ အစွမ်းခွန်အား ပြလှည့်ပါ။+ ကျွန်တော်တို့ကို လာကယ်တင်ပေးပါ။+ ၃  အို ဘုရားသခင်၊ ကျွန်တော်တို့ကို နာလန်ထူစေပါ။+ ကျွန်တော်တို့ကို ကယ်တင်ဖို့ မျက်နှာတော်အလင်း ထွန်းလင်းပေးပါ။+ ၄  ဗိုလ်ခြေတို့ရဲ့ဘုရား ယေဟောဝါ၊ ဘယ်လောက်ကြာကြာ အမျက်ထွက်ပြီး လူမျိုးတော်ရဲ့ ဆုတောင်းချက်ကို နားမထောင်ဘဲနေမှာလဲ။+ ၅  ကိုယ်တော်က သူတို့ကို မျက်ရည်မုန့် ကျွေးတယ်။ မျက်ရည်တွေ တဝကြီး တိုက်တယ်။ ၆  ကျွန်တော်တို့ကြောင့် အိမ်နီးချင်းတွေကို အငြင်းအခုံဖြစ်စေတယ်။ ရန်သူတွေ စိတ်တိုင်းကျ လှောင်ပြောင်နေတယ်။+ ၇  ဗိုလ်ခြေတို့ရဲ့ ဘုရားသခင်၊ ကျွန်တော်တို့ကို နာလန်ထူစေပါ။ ကျွန်တော်တို့ကို ကယ်တင်ဖို့ မျက်နှာတော်အလင်း ထွန်းလင်းပေးပါ။+ ၈  ကိုယ်တော်က စပျစ်ပင်တစ်ပင်ကို+ အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတယ်။ လူမျိုးခြားတွေကို နှင်ထုတ်ပြီး အဲဒီအပင်ကို စိုက်ပျိုးတယ်။+ ၉  အဲဒီအပင်အတွက် မြေနေရာ ရှင်းလင်းတယ်။ အပင်က အမြစ်စွဲပြီး မြေတစ်ပြင်လုံးကို ပျံ့နှံ့သွားတယ်။+ ၁၀  အပင်ရိပ်က တောင်တန်းတွေကို၊အကိုင်းအခက်တွေဟာ ဘုရားသခင်ရဲ့ သစ်ကတိုးပင်တွေကို အုပ်မိုးသွားတယ်။ ၁၁  အကိုင်းအခက်တွေက ပင်လယ်အထိ၊အညွန့်တွေက မြစ်ကြီး*+ အထိ ဖြာထွက်သွားတယ်။ ၁၂  အဲဒီစပျစ်ခြံရဲ့ ကျောက်တံတိုင်းကို ကိုယ်တော် ဘာလို့ဖြိုချတာလဲ။+ အခုတော့ လမ်းသွားလမ်းလာတွေ အသီးကို ဆွတ်ခူးနေကြပြီ။+ ၁၃  တောဝက်တွေ အပင်ကို ဖျက်ဆီးနေပြီ။ သားရဲတွေ အပင်ကို စားနေပြီ။+ ၁၄  ဗိုလ်ခြေတို့ရဲ့ ဘုရားသခင်၊ ပြန်လာပါတော့။ ကောင်းကင်ပေါ်ကနေ ငုံ့ကြည့်ပြီး ဒီစပျစ်ပင်ကို ဂရုစိုက်ပေးပါဦး။+ ၁၅  ညာလက်တော်နဲ့ စိုက်ပျိုးထားတဲ့ ပင်စည်ကို ဂရုစိုက်ပေးပါ။+ ကိုယ်တော့်အတွက် သန်မာအောင် လုပ်ထားတဲ့ အကိုင်းကို ကြည့်ရှုလှည့်ပါ။+ ၁၆  အပင်ဟာ ခုတ်လှဲပြီး မီးရှို့ခံလိုက်ရပြီ။+ ကိုယ်တော်ဆုံးမလိုက်လို့ ပျက်စီးရပြီ။ ၁၇  ညာလက်တော်မှာရှိတဲ့ လူကို၊ကိုယ်တော့်အတွက် သန်မာအောင်လုပ်ထားတဲ့ လူသားကို လက်တော်နဲ့ ထောက်မပေးပါစေ။+ ၁၈  ဒါဆိုရင် ကိုယ်တော့်ဆီကနေ မထွက်သွားပါဘူး။ နာမတော်ကိုခေါ်ပြီး ဆုတောင်းနိုင်ဖို့ အသက်ဆက်ရှင်စေပါ။ ၁၉  ဗိုလ်ခြေတို့ရဲ့ဘုရား ယေဟောဝါ၊ ကျွန်တော်တို့ကို နာလန်ထူစေပါ။ ကျွန်တော်တို့ကို ကယ်တင်ဖို့ မျက်နှာတော်အလင်း ထွန်းလင်းပေးပါ။+

အောက်ခြေမှတ်ချက်များ

“ခေရုဗိမ်တွေကြားမှာ” လည်းဖြစ်နိုင်။
ယူဖရေးတီးမြစ်။