ဆာလံ ၁၁၈:၁-၂၉

  • ယေဟောဝါရဲ့အောင်ပွဲအတွက် ကျေးဇူးတင်

    • ‘ငါဆုတောင်းတဲ့အခါ ယေဟောဝါ ဖြေကြား’ (၅)

    • “ငါ့ဘက်မှာ ယေဟောဝါ ရှိတယ်” (၆၊ ၇)

    • အပယ်ခံကျောက် ထောင့်ချုပ်ကျောက် ဖြစ်လာ (၂၂)

    • “ယေဟောဝါရဲ့နာမည်နဲ့ ရောက်လာတဲ့သူ” (၂၆)

၁၁၈  ယေဟောဝါကိုကျေးဇူးတင်ကြပါ။ ဘုရားသခင်ဟာ ကောင်းမြတ်တယ်။+ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။ ၂  “ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ်တည်မြဲတယ်” လို့အစ္စရေးတို့ ပြောကြပါစေ။ ၃  “ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ်တည်မြဲတယ်” လို့အာရုန်အမျိုး ပြောကြပါစေ။ ၄  “ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ်တည်မြဲတယ်” လို့ယေဟောဝါကို ကြောက်ရွံ့ရိုသေသူတွေ ပြောကြပါစေ။ ၅  ဒုက္ခရောက်ချိန်မှာ ယေဟောဝါဆီ ငါဆုတောင်းတယ်။ ယေဟောဝါက ဖြေကြားပြီး ဘေးကင်းတဲ့နေရာဆီ ခေါ်ဆောင်သွားတယ်။+ ၆  ငါ့ဘက်မှာ ယေဟောဝါရှိတဲ့အတွက် ဘာကိုမှ မကြောက်ဘူး။+ လူက ငါ့ကို ဘာလုပ်နိုင်မှာလဲ။+ ၇  ကူညီမစရှင်အဖြစ် ငါ့ဘေးမှာ ယေဟောဝါရှိတယ်။*+ ငါ့ကိုမုန်းတဲ့သူတွေကို အနိုင်ရတဲ့အကြည့်နဲ့ ငါကြည့်ရလိမ့်မယ်။+ ၈  လူတွေကို အားကိုးတာထက်ယေဟောဝါဆီမှာ ခိုလှုံတာ ပိုကောင်းတယ်။+ ၉  မင်းညီမင်းသားတွေကို အားကိုးတာထက် ယေဟောဝါဆီမှာ ခိုလှုံတာ ပိုကောင်းတယ်။+ ၁၀  လူမျိုးအားလုံး ငါ့ကို ဝိုင်းထားပေမဲ့ ယေဟောဝါရဲ့နာမည်ကို အားကိုးပြီး ငါတွန်းလှန်ခဲ့တယ်။+ ၁၁  သူတို့ဝိုင်းထားလို့ ငါပိတ်မိနေပေမဲ့ ယေဟောဝါရဲ့နာမည်ကို အားကိုးပြီးငါတွန်းလှန်ခဲ့တယ်။ ၁၂  သူတို့က ငါ့ကို ပျားလို ဝိုင်းအုံထားပေမဲ့ဆူးချုံကိုလောင်တဲ့ မီးလို ချက်ချင်းငြိမ်းသွားတယ်။ ယေဟောဝါရဲ့ နာမည်ကို အားကိုးပြီး ငါတွန်းလှန်ခဲ့တယ်။+ ၁၃  တအား တွန်းချခံလိုက်ရပေမဲ့*ငါ့ကို ယေဟောဝါကူညီတယ်။ ၁၄  ယေဟောဝါဟာ ငါ့ရဲ့ခိုနားရာ၊ ငါ့ရဲ့အစွမ်းတန်ခိုး၊ငါ့ရဲ့ကယ်တင်ခြင်းပဲ။+ ၁၅  ဖြောင့်မတ်သူတွေရဲ့ တဲကနေရွှင်မြူးသံတွေ၊ ကယ်တင်ခြင်း တေးသံတွေ ထွက်ပေါ်နေတယ်။ ယေဟောဝါရဲ့ ညာလက်က တန်ခိုးတော်ကို ဖော်ပြတယ်။+ ၁၆  ယေဟောဝါက အောင်ပွဲခံတဲ့အနေနဲ့ ညာလက်ကို မြှောက်တယ်။ ယေဟောဝါရဲ့ ညာလက်က တန်ခိုးတော်ကို ဖော်ပြတယ်။+ ၁၇  ငါသေလို့ မဖြစ်သေးဘူး။ ယေဟောဝါရဲ့ လုပ်ဆောင်မှုတွေကို ကြေညာနိုင်ဖို့ ငါအသက်ရှင်နေရမယ်။+ ၁၈  ယေဟောဝါက ငါ့ကို ပြင်းပြင်းထန်ထန် ဆုံးမပေမဲ့+ သေခြင်းလက်ထဲကိုတော့ မအပ်ခဲ့ဘူး။+ ၁၉  ဖြောင့်မတ်ခြင်းတံခါးတွေကို ငါ့အတွက် ဖွင့်ပေးပါ။+ အဲဒီတံခါးတွေထဲ ငါဝင်ပြီး ယေဟောဝါကို ချီးမွမ်းမယ်။ ၂၀  ဒါဟာ ယေဟောဝါရဲ့ တံခါးပဲ။ ဖြောင့်မတ်သူတွေ အဲဒီတံခါးထဲ ဝင်လိမ့်မယ်။+ ၂၁  ကျွန်တော့်ကို ဖြေကြားပြီး ကယ်တင်ပေးတဲ့အတွက်ကိုယ်တော့်ကို ချီးမွမ်းမယ်။+ ၂၂  တိုက်ကို တည်ဆောက်သူတွေ ပယ်ထားတဲ့ ကျောက်ဟာထိပ်ဆုံးက ထောင့်ချုပ်ကျောက် ဖြစ်လာပြီ။+ ၂၃  ဒီကျောက်ဟာ ယေဟောဝါဆီက လာတယ်။+ ငါတို့အမြင်မှာ အံ့သြစရာပဲ။+ ၂၄  အဲဒီနေ့ဟာ ယေဟောဝါ စီစဉ်တဲ့နေ့ပဲ။ အဲဒီနေ့မှာ ငါတို့ ဝမ်းမြောက်ရွှင်လန်းရလိမ့်မယ်။ ၂၅  အို ယေဟောဝါ၊ ကယ်တင်ပေးလှည့်ပါ၊ တောင်းပန်ပါတယ်။ ယေဟောဝါဘုရား၊ ကျွန်တော်တို့ကို အောင်ပွဲခံစေပါ။ ၂၆  ယေဟောဝါရဲ့ နာမည်နဲ့ ရောက်လာသူ ကောင်းချီးခံစားရပါစေ။+ ယေဟောဝါရဲ့ အိမ်တော်ကနေ ငါတို့ကောင်းချီးပေးပါတယ်။ ၂၇  ယေဟောဝါဟာ ဘုရားသခင်ပဲ။ ငါတို့ကို အလင်းပေးတယ်။+ သစ်ခက်တွေကိုင်ပြီး ပွဲတော်မှာ စီတန်းလှည့်လည်သူတွေနဲ့အတူ လိုက်သွားကြ။+ ပူဇော်ရာပလ္လင်ရဲ့ ဦးချိုအတက်တွေဆီ ရောက်တဲ့အထိ တက်သွားကြ။+ ၂၈  ကိုယ်တော်ဟာ ကျွန်တော့်ဘုရားသခင်ပါ။ ကိုယ်တော့်ကို ချီးမွမ်းမယ်။ ဘုရားသခင်၊ ကိုယ်တော့်ကို ချီးမြှောက်မယ်။+ ၂၉  ယေဟောဝါကို ကျေးဇူးတင်ကြ။+ ဘုရားသခင်ဟာ ကောင်းမြတ်တယ်။ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။+

အောက်ခြေမှတ်ချက်များ

^ “ငါ့ကိုကူညီသူတွေနဲ့အတူ ယေဟောဝါရှိတယ်” လည်းဖြစ်နိုင်။
^ “ငါ့ကို မင်း တအားတွန်းချပေမဲ့” လည်းဖြစ်နိုင်။