ဆာလံ ၁၃၀:၁-၈

  • “စိတ်ဆင်းရဲလွန်းလို့ ကိုယ်တော့်ကို ခေါ်နေပါတယ်”

    • “ကိုယ်တော်သာ အမှားတွေကို စောင့်ကြည့်နေရင်” (၃)

    • ယေဟောဝါ တကယ်ခွင့်လွှတ် (၄)

    • “ယေဟောဝါကို ငါမျှော်လင့်နေတယ်” (၆)

ချီတက်သီချင်း။ ၁၃၀  အို ယေဟောဝါ၊ ကျွန်တော် စိတ်ဆင်းရဲလွန်းလို့ကိုယ်တော့်ကို ခေါ်နေပါတယ်။+ ၂  ယေဟောဝါဘုရား၊ ကျွန်တော့်အသံကို ကြားလှည့်ပါ။ အသနားခံတာကို အာရုံစိုက် နားထောင်လှည့်ပါ။ ၃  အို ယေဟောဝါ၊ ယေဟောဝါ၊ ကိုယ်တော်သာ အမှားတွေကို စောင့်ကြည့်နေရင်ဘယ်သူ ခံရပ်နိုင်မှာလဲ။+ ၄  ကိုယ်တော် တကယ် ခွင့်လွှတ်တဲ့အတွက်+လူတွေ ကြည်ညိုလေးစားကြတာ။+ ၅  ယေဟောဝါကို မျှော်လင့်နေတယ်။ ငါ သိပ်ကို မျှော်လင့်နေပါတယ်။ နှုတ်တော်ထွက်စကားကို စောင့်မျှော်နေတယ်။ ၆  မိုးလင်းချိန်ကို ကင်းစောင့်တွေ မျှော်တာထက် ယေဟောဝါကို ငါပိုမျှော်လင့်တယ်။+ မိုးလင်းချိန်ကို မျှော်တဲ့ ကင်းစောင့်တွေထက် ပိုပြီးမျှော်ပါတယ်။+ ၇  ယေဟောဝါရဲ့ မေတ္တာဟာ ခိုင်မြဲတယ်။+ ရွေးယူနိုင်စွမ်းဟာ ကြီးမားတယ်။ ဒါကြောင့် အစ္စရေးတွေ ယေဟောဝါကို စောင့်မျှော်နေကြပါ။ ၈  ဘုရားက အစ္စရေးတွေကို ပြစ်မှားမှုမှန်သမျှကနေ ရွေးယူလိမ့်မယ်။

အောက်ခြေမှတ်ချက်များ