ဆာလံ ၁၁၄:၁-၈

  • အီဂျစ်ကနေ အစ္စရေးတွေ လွတ်မြောက်

    • ပင်လယ် ထွက်ပြေး ()

    • တောင်တန်းတွေ သိုးထီးလို ခုန်ပေါက် ()

    • မီးခတ်ကျောက်ကို စမ်းရေဖြစ်စေ ()

၁၁၄  အီဂျစ်ပြည်ကနေ အစ္စရေး ထွက်လာတဲ့အခါ၊+တိုင်းတစ်ပါးစကား ပြောသူတွေထဲကနေ ယာကုပ်အမျိုး ထွက်လာတဲ့အခါ၊ ၂  ယုဒဟာ သန့်ရှင်းရာဌာနတော် ဖြစ်လာတယ်။အစ္စရေးဟာ ဘုရားရဲ့ပိုင်နက် ဖြစ်လာတယ်။+ ၃  ဒါကိုမြင်တော့ ပင်လယ်က ထွက်ပြေးတယ်။+ ဂျော်ဒန်မြစ်ကလည်း ပြန်လှည့်သွားတယ်။+ ၄  တောင်တန်းတွေက သိုးထီးတွေလို၊တောင်ကုန်းတွေက သိုးသငယ်တွေလို ခုန်ပေါက်တယ်။+ ၅  အို ပင်လယ်၊ ဘာလို့ ထွက်ပြေးတာလဲ။+ အို ဂျော်ဒန်မြစ်၊ ဘာလို့ ပြန်လှည့်သွားတာလဲ။+ ၆  တောင်တန်းတို့၊ သိုးထီးတွေလို ဘာလို့ ခုန်ပေါက်နေတာလဲ။ တောင်ကုန်းတို့၊ သိုးသငယ်တွေလို ဘာလို့ ခုန်ပေါက်နေတာလဲ။ ၇  အို ကမ္ဘာမြေ၊ ယာကုပ်ရဲ့ ဘုရားသခင်ကြောင့်၊ငါတို့ရဲ့သခင်ကြောင့် တုန်လှုပ်ပါ။+ ၈  ဘုရားက ကျောက်ဆောင်ကို ကျူပင်ပေါတဲ့ရေအိုင် ဖြစ်စေတယ်။ မီးခတ်ကျောက်ကို စမ်းရေ ဖြစ်စေတယ်။+

အောက်ခြေမှတ်ချက်များ