ဆာလံ ၇၆:၁-၁၂

  • ဇိအုန်ရဲ့ရန်သူတွေကို ဘုရားသခင် အောင်ပွဲခံ

    • စိတ်နူးညံ့သူကို ဘုရားသခင် ကယ်တင် (၉)

    • မာနကြီးတဲ့ ရန်သူတွေ ချိုးနှိမ်ခံရ (၁၂)

ဂီတမှူးသို့။ ကြိုးတပ်တူရိယာနဲ့ တွဲဖက်သီဆိုရန်။ အာသပ်စပ်ဆိုတဲ့သီချင်း။+ ၇၆  ယုဒပြည်မှာ ဘုရားသခင်ကို သိကြတယ်။+နာမတော်ဟာ အစ္စရေးပြည်မှာ ကျော်ကြားလှတယ်။+ ၂  ဆာလင်မြို့ဟာ+ ကိုယ်တော့် နားနေရာ၊ဇိအုန်ဟာ ဘုရားရဲ့စံမြန်းရာပဲ။+ ၃  အဲဒီမှာ ဘုရားက ဝင်းလက်နေတဲ့ လေးမြား၊ဒိုင်းလွှား၊ ဓားနဲ့ စစ်လက်နက်တွေကို ချိုးပစ်တယ်။+ (စဲလာ) ၄  ကိုယ်တော်ဟာ ထွန်းလင်း တောက်ပနေတယ်။ သားရဲတွေ ကျက်စားတဲ့ တောင်တန်းတွေထက် ပိုခံ့ညားထည်ဝါတယ်။ ၅  ရဲရင့်တဲ့သူတွေ လုယက်ခံရတယ်။+ သူတို့ အိပ်မောကျသွားတယ်။ စစ်သည်အားလုံး ခိုကိုးရာမဲ့နေတယ်။+ ၆  ယာကုပ်ရဲ့ဘုရားသခင်၊ ကိုယ်တော် ဆုံးမလိုက်တဲ့အတွက် မြင်းရထားမောင်းသူရော မြင်းတွေပါ အိပ်မောကျကုန်ပြီ။+ ၇  ကိုယ်တော် တစ်ပါးတည်းသာ ရိုသေခန့်ညားဖွယ် ကောင်းလှတယ်။+ အမျက်တော်ကို ဘယ်သူခံရပ်နိုင်မှာလဲ။+ ၈  ကောင်းကင်ကနေ တရားစီရင်ချက်ကို ကိုယ်တော် ကြေညာတယ်။+ ကမ္ဘာမြေက ကြောက်လန့်ပြီး ငြိမ်သက်သွားတယ်။+ ၉  တရားစီရင်ဖို့၊ ကမ္ဘာပေါ်က စိတ်နူးညံ့သူအားလုံးကို ကယ်တင်ဖို့ဘုရားသခင် ထလိုက်တဲ့အခါ ကမ္ဘာမြေဟာ အဲဒီလိုဖြစ်သွားတယ်။+ (စဲလာ) ၁၀  လူတွေရဲ့ဒေါသဟာ ကိုယ်တော့်ကို ချီးမွမ်းဖို့ ဖြစ်သွားလိမ့်မယ်။+ ကိုယ်တော်က သူတို့ရဲ့ ဒေါသလက်ကျန်နဲ့ ကိုယ်ကိုအလှဆင်လိမ့်မယ်။ ၁၁  ယေဟောဝါဘုရားကို သစ္စာကတိပြုပြီး အဲဒီအတိုင်း လုပ်ဆောင်ကြပါ။+ ဘုရားရဲ့ဝန်းကျင်မှာရှိသူတို့၊ ကြောက်ရွံ့တဲ့စိတ်နဲ့ လက်ဆောင်ယူလာကြပါ။+ ၁၂  ခေါင်းဆောင်တွေရဲ့ မာနကို ဘုရား ချိုးနှိမ်လိမ့်မယ်။ ကမ္ဘာပေါ်က ဘုရင်တွေကို ကြောက်စိတ်ဝင်စေမယ်။

အောက်ခြေမှတ်ချက်များ