ဆာလံ ၁၈:၁-၅၀

  • ကယ်​တင်​ပေး​လို့ ဘုရား​ကို ချီး​မွမ်း

    • “ယေဟောဝါ​ဟာ ငါ့​ကျောက်​ဆောင်” ()

    • သစ္စာ​စောင့်​သိ​သူ​ကို သစ္စာ​စောင့်​သိ​တဲ့ ယေဟောဝါ (၂၅)

    • ကိုယ်​တော့်​လမ်း​စဉ် ပြည့်​ဝ​စုံလင် (၃၀)

    • “ကိုယ်​တော်​နှိမ့်​ချ​မှု​ကြောင့် ကျွန်​တော် ကြီးမြတ်​လာ” (၃၅)

ဂီ​တ​မှူး​သို့။ ယေဟောဝါ​ရဲ့​ကျွန် ဒါဝိဒ်​စပ်ဆို​တဲ့ သီချင်း။ ရှောလု​နဲ့ ရန်​သူ​တွေ​လက်​က​နေ ယေဟောဝါ ကယ်​တင်​ပြီး​နောက် ယေဟောဝါ​အတွက် သီ​ဆို​တဲ့​သီချင်း–+ ၁၈  အို ယေဟောဝါ၊ ကျွန်တော့်​ အစွမ်း​ခွန်​အား​ဖြစ်​တဲ့ ကိုယ်​တော့်​ကို ချစ်မြတ်​နိုး​လိုက်​တာ။+ ၂  ယေဟောဝါ​ဟာ ငါ့​ကျောက်​ဆောင်၊ ငါ့​ရဲ​တိုက်၊ ငါ့​ကို ကယ်​တင်​တဲ့​အရှင်​ပါ။+ ဘု​ရား​သခင်​ဟာ ငါ​ခိုလှုံ​တဲ့ ကျောက်​ဆောင်၊+ငါ့​ရဲ့ ဒိုင်း​လွှား၊ ငါ့​ကို ကယ်​တင်​တဲ့ ဦး​ချို၊* လုံ​ခြုံ​တဲ့​ခိုလှုံ​ရာ​ပါ။+ ၃  ချီး​မွမ်း​ထိုက်​တဲ့​အရှင် ယေဟောဝါ​ကို ငါ​ဆုတောင်း​တဲ့​အခါရန်​သူ​တွေ​လက်​က​နေ ကယ်​တင်​ပေး​မှာ​ပဲ။+ ၄  သေခြင်း​ရဲ့​ကြိုး​တွေ ငါ့​ကို ရစ်​ပတ်​နေ​တယ်။+ အသုံး​မကျ​သူ​တွေ​က ရုတ်​တ​ရက် လွှမ်း​မိုး​တတ်​တဲ့​ရေ​လို ငါ့​ကို ခြောက်​လှန့်​နေ​တယ်။+ ၅  သင်္ချိုင်း​ရဲ့​ကြိုး​တွေ ငါ့​ကို ပတ်​ရစ်​ထား​တယ်။ သေခြင်း​ရဲ့ ကျော့​ကွင်း​တွေ​ကို ငါ​ရင်​ဆိုင်​နေ​ရ​တယ်။+ ၆  ဒုက္ခရောက်​နေ​ချိန်​မှာ ယေဟောဝါ​ကို ငါ​ဆုတောင်း​တယ်။ ကူညီ​ပါ​လို့ ဘု​ရား​သခင်​ကို​ တစာစာ တောင်း​လျှောက်တယ်။ ငါ့​အသံ​ကို ဗိမာန်​တော်​ထဲ​က​နေ ကြား​တယ်။+ ငါ့​ရဲ့ အကူ​အညီ​တောင်း​သံ​ဟာ​ ဘုရား​ရဲ့​နား​ထဲ ရောက်​သွား​တယ်။+ ၇  အဲဒီ​အခါ မြေကြီး တုန်​ခါ​လာ​တယ်။+ တောင်​ရဲ့ အခြေ​အမြစ်​တွေ​လည်း သိမ့်​သိမ့်​တုန်​လာ​တယ်။ အမျက်​တော်​ကြောင့် အဲ​ဒါ​တွေ ယိမ်း​ထိုး​လာ​တယ်။+ ၈  ဘု​ရားရဲ့​နှာ​ခေါင်း​ထဲ​က​နေ မီး​ခိုး​တွေ၊ခံ​တွင်း​ထဲ​က​နေ ကျွမ်း​လောင်​စေ​တဲ့​မီး​တွေ ထွက်​လာ​တယ်။+ ဘု​ရား​ဆီ​က​နေ မီး​ကျီး​ခဲ​တွေ ထွက်​လာ​တယ်။ ၉  ဘု​ရား ဆင်း​သက်​တဲ့​အခါ ကောင်း​ကင် ညွှတ်​ကျ​လာ​တယ်။+ ခြေ​တော်ရင်း​မှာ မည်း​မှောင်​တဲ့​တိမ်​ထု ရှိ​နေ​တယ်။+ ၁၀  ဘု​ရား​က ခေရုဗိမ်​ကို စီး​ပြီး ပျံ​သန်း​လာ​တယ်။+ ကောင်း​ကင်​တ​မန်* ရဲ့​တောင်​ပံ​ကို စီး​ပြီး ထိုး​ဆင်း​လာ​တယ်။+ ၁၁  မှောင်​မိုက်​ကို လွှမ်း​ခြုံ​ထား​တယ်။+ မည်း​မှောင်​နေ​တဲ့ မိုး​တိမ်​နဲ့ တိမ်​ထုကြီး​ကိုပတ်​လည်​မှာ ခြံ​ရံ​ထား​တယ်။+ ၁၂  မိုး​သီး​တွေ၊ မီး​ကျီး​ခဲ​တွေ​က ရှေ့​တော်​မှာ​ရှိ​တဲ့ လျှပ်​စီး​တွေ​ထဲ​ကနေ တိမ်​ထု​ကို ဖောက်​ထွက်​ပြီး ကျလာ​တယ်။ ၁၃  အဲဒီ​နောက် ယေဟောဝါ​က​ ကောင်း​ကင်​မှာ မိုး​ခြိမ်း​စေ​တယ်။+ အမြင့်​ဆုံး​အရှင်​က အသံ​ကို လွှင့်​တဲ့​အခါ+ မိုး​သီး​တွေ၊ မီး​ကျီး​ခဲ​တွေ ကျ​လာ​တယ်။ ၁၄  မြား​တွေ​ပစ်​လွှတ်​ပြီး ရန်​သူ​တွေ​ကို က​စဉ့်​က​လျား​ဖြစ်​စေ​တယ်။+ လျှပ်​စီး​လက်​ပြီး သူတို့​ကို ဖရို​ဖရဲ​ဖြစ်​စေ​တယ်။+ ၁၅  အို ယေဟောဝါ၊ ကိုယ်​တော် ဆုံးမ​လိုက်​တဲ့​အတွက်၊နှာ​ခေါင်း​ထဲ​က​နေ လေ​မှုတ်​ထုတ်​လိုက်​တဲ့​အတွက်+မြစ်​ကြမ်း​ပြင်​တွေ ထင်​ရှား​လာ​တယ်။+ မြေကြီး​အုတ်​မြစ်​တွေ ပေါ်​လာ​တယ်။ ၁၆  အထက်​အရပ်​က​နေ လက်​တော်​ကို ဆန့်​လိုက်​တယ်။ ငါ့​ကို​ကိုင်​ပြီး နက်​ရှိုင်း​တဲ့ ရေ​ထဲ​က​နေ ဆယ်​ယူ​တယ်။+ ၁၇  အင်အား​ကြီး​တဲ့ ရန်​သူ​တွေ၊+အင်အား​ပို​ကြီး​ပြီး ငါ့​ကို မုန်း​တီး​နေ​သူ​တွေ​လက်​က​နေ ကယ်​တင်​တယ်။+ ၁၈  ငါ​ဒုက္ခရောက်​နေ​ချိန်​မှာ သူတို့ တိုက်​ခိုက်​ပေမဲ့​လည်း+ ငါ့​ကို ယေဟောဝါ ထောက်မ​ပေး​တယ်။ ၁၉  ဘေး​ကင်း​လုံ​ခြုံ​တဲ့ နေ​ရာ​ဆီ ငါ့​ကို ပို့​ဆောင်​ပေး​တယ်။ ငါ့​ကို​နှစ်​သက်​တဲ့​အတွက် ကယ်​တင်​တယ်။+ ၂၀  ယေဟောဝါ​က ငါ​ဖြောင့်​မတ်​တဲ့​အတိုင်း ဆု​ချ​တယ်။+ ငါ့​လက်​တွေ အပြစ်​ကင်း​တဲ့​အတိုင်း ပြန်​ဆပ်​ပေး​တယ်။+ ၂၁  ယေဟောဝါ​ရဲ့ လမ်း​စဉ်တွေ​အတိုင်း ငါ​အမြဲလိုက်​လျှောက်​တယ်။ ဘု​ရား​သခင်​ကို ကျော​ခိုင်း​တာ​ဟာ ဆိုး​ညစ်​တဲ့ လုပ်​ရပ်​ဖြစ်​လို့ ငါ​မလုပ်​ဘူး။ ၂၂  ဘု​ရားရဲ့ တ​ရား​စီ​ရင်​ချက်​တွေ​အကြောင်း ငါ​အမြဲစဉ်း​စား​တယ်။ ဘု​ရားရဲ့​ဥ​ပဒေ​တွေ​ကို လျစ်​လျူ​မရှု​ဘူး။ ၂၃  ရှေ့​တော်​မှာ အပြစ်​ပြော​စ​ရာ​မရှိ​အောင် ငါ​နေ​မယ်။+ မပြစ်​မှား​မိ​အောင် စောင့်​ထိန်း​မယ်။+ ၂၄  ယေဟောဝါ​က ငါ​ဖြောင့်​မတ်​တဲ့​အတိုင်း၊+ရှေ့​တော်​မှာ ငါ့​လက်​တွေ အပြစ်​ကင်း​တဲ့​အတိုင်း ပြန်​ဆပ်​ပေး​ပါ​စေ။+ ၂၅  သစ္စာ​စောင့်​သိ​သူ​ကို ကိုယ်​တော်​က​လည်း သစ္စာ​စောင့်​သိ​တယ်။+ အပြစ်​ပြော​စ​ရာ​မရှိ​သူ​ကို အပြစ်​ပြော​စ​ရာ​မရှိ​အောင် ဆက်ဆံ​တယ်။+ ၂၆  ဖြူ​စင်​တဲ့​သူ​ကို ဖြူ​စင်​တဲ့​သဘော​နဲ့ ဆက်ဆံ​တယ်။+ ကောက်​ကျစ်​သူ​ကို​တော့ ပါး​နပ်​စွာ ဆက်ဆံ​တယ်။+ ၂၇  နိမ့်​ကျ​သူ​တွေ​ကို ကယ်​တင်​တယ်။+ မောက်​မာ​သူ​တွေ​ကို​တော့ ချိုး​နှိမ်​ပစ်​တယ်။+ ၂၈  အို ယေဟောဝါ၊ ကျွန်​တော့်​မီး​ခွက်​ကို ထွန်း​ညှိ​ပေး​သူ​ဟာ ကိုယ်​တော်​ပါ။ ဘု​ရား​သခင်​က ကျွန်တော့်​ရဲ့​ မှောင်​မိုက်​ကို ထွန်း​လင်း​စေ​တယ်။+ ၂၉  ကိုယ်​တော့် အကူ​အညီ​ကြောင့် ဓား​ပြအုပ်​စု​ကို ဖြို​ခွင်း​နိုင်​ပြီ။+ ဘု​ရား​သခင်​ပေး​တဲ့ ခွန်​အား​ကြောင့် မြို့​ရိုး​ကို တက်​နိုင်​ပြီ။+ ၃၀  စစ်​မှန်​တဲ့​ဘု​ရား​သခင်​ရဲ့ လမ်း​စဉ်​ဟာ ပြည့်​ဝ​စုံလင်​တယ်။+ ယေဟောဝါ​ရဲ့ နှုတ်​ထွက်​စကား​ဟာ သန့်​စင်​တယ်။+ ဘု​ရား​ဟာ ခိုလှုံ​သူ​တွေ​အတွက် ဒိုင်း​လွှား​ပဲ။+ ၃၁  ယေဟောဝါ​က​လွဲ​လို့ ဘယ်​ဘု​ရား ရှိ​သလဲ။+ ငါ​တို့​ဘု​ရား​သခင်​က​လွဲ​လို့ ဘယ်​သူ​ဟာ ကျောက်​ဆောင်​ဖြစ်​သလဲ။+ ၃၂  စစ်​မှန်​တဲ့​ဘု​ရား​သခင်​က ငါ့ကို​အ​စွမ်း​ခွန်​အား​နဲ့ လွှမ်း​ခြုံ​ပေး​တယ်။+ ငါ့​လမ်း​ခ​ရီး​ကို ချော​မွေ့​စေ​တယ်။+ ၃၃  ငါ့​ခြေ​ကို သမင်​ခြေ​လို ဖြစ်​စေ​တယ်။ မြင့်​မား​တဲ့​နေ​ရာတွေ​မှာ ရပ်​စေ​တယ်။+ ၃၄  ငါ့​လက်​တွေ​ကို စစ်​ရေး​ကျွမ်း​ကျင်​အောင် လေ့ကျင့်​ပေး​တယ်။ ကြေး​နီ​လေး​ကို ငါ့​လက်​ရုံး​အား​နဲ့ တင်​နိုင်​တယ်။ ၃၅  ကိုယ်​တော်​က ကျွန်​တော့်​ကို ကယ်​တင်​ခြင်း​ဒိုင်း​လွှား ပေး​တယ်။+ ညာ​လက်​ရုံး​တော်​နဲ့ ထောက်မတယ်။ ကိုယ်​တော့်​နှိမ့်​ချ​မှု​ကြောင့် ကျွန်​တော် ကြီးမြတ်​လာ​တယ်။+ ၃၆  ကျွန်​တော် ခြေ​ချ​မယ့်​လမ်း​ကို ကိုယ်​တော် ကျယ်​ဝန်း​စေ​တယ်။ ကျွန်​တော် ခြေ​ချော်​မှာ မဟုတ်​ဘူး။+ ၃၇  ရန်​သူ​တွေ​ကို လိုက်​လံ​ဖမ်း​ဆီး​မယ်။ သုတ်​သင်​ဖယ်​ရှား​လို့ မပြီး​မချင်း ပြန်​မလာ​ဘူး။ ၃၈  သူတို့ ပြန်​မထ​နိုင်​အောင် နင်း​ခြေ​ပစ်​မယ်။+ ကျွန်​တော့်​ခြေ​ရင်း​မှာ ပြို​လဲ​သွား​လိမ့်​မယ်။ ၃၉  ကျွန်​တော် စစ်​တိုက်​နိုင်​အောင် ကိုယ်​တော် အစွမ်း​ခွန်​အား ပေး​လိမ့်​မယ်။ ရန်​သူ​တွေ​ကို ခြေ​အောက်​မှာ ပြို​လဲ​စေ​လိမ့်​မယ်။+ ၄၀  ရန်​သူ​တွေ​ကို နောက်​လှည့်​ပြေး​စေ​မယ်။ ကျွန်​တော့်​ကို မုန်း​တဲ့​သူ​တွေ ဇာတ်​သိမ်း​သွား​အောင် ကျွန်​တော်​လုပ်​မယ်။+ ၄၁  သူတို့ အော်​ဟစ်​အကူ​အညီ​တောင်း​ပေမဲ့ ကယ်​တင်​မယ့်​သူ တစ်​ယောက်​မှ မရှိ​ဘူး။ သူတို့​အော်​ခေါ်​ရင်​တောင် ယေဟောဝါ ပြန်​မထူး​ဘူး။ ၄၂  သူတို့​ကို လေ​ထဲ​လွင့်​နေ​တဲ့ ဖုန်​မှုန့်​လို ဖြစ်​သွား​အောင် ကျွန်​တော် ထု​ထောင်း​ပစ်​မယ်။ လမ်း​ပေါ်​က ရွှံ့​တွေ​လို လွှင့်​ပစ်​မယ်။ ၄၃  ကျွန်​တော့်​ကို အပြစ်​ရှာ​သူ​တွေ​လက်​က​နေ ကိုယ်​တော် ကယ်​တင်​လိမ့်​မယ်။+ လူမျိုး​တွေရဲ့ ခေါင်း​ဆောင်​အဖြစ် ခန့်​အပ်​လိမ့်​မယ်။+ ကျွန်​တော်​မသိ​တဲ့ လူမျိုး​တစ်​မျိုး​က ကျွန်​တော့်​ဆီ​မှာ ကျွန်​ခံ​လိမ့်​မယ်။+ ၄၄  ကျွန်​တော့်​အကြောင်း​ကို ကြား​ရုံ​နဲ့ သူတို့ နာ​ခံ​လိမ့်​မယ်။ တိုင်း​တစ်ပါး​သား​တွေ ရှေ့​မှာ​လာ​ပြီး ဝပ်​တွား​ကြ​လိမ့်​မယ်။+ ၄၅  တိုင်း​တစ်ပါး​သား​တွေ သတ္တိ​မရှိ​တော့​ဘူး။ ရဲ​တိုက်​တွေ​ထဲ​က​နေ ကြောက်​ရွံ့​တုန်​လှုပ်​ပြီး ထွက်​လာ​လိမ့်​မယ်။ ၄၆  ယေဟောဝါ​ဟာ အသက်​ရှင်​နေ​တဲ့ ဘု​ရား​ပဲ။ ငါ့​ကျောက်​ဆောင်​ကို ချီး​မွမ်း​ကြ​ပါ။+ ငါ့​ကို​ကယ်​တင်​တဲ့ ဘု​ရား​သခင်​ကို ချီး​မြှောက်​ကြ​ပါ။+ ၄၇  စစ်​မှန်​တဲ့​ဘု​ရား​သခင်​က ငါ့​အတွက် လက်​စား​ချေ​ ပေး​တယ်။+ လူ​တွေ​ကို ငါ့​ခြေ​အောက်​မှာ နှိမ်​နင်း​တယ်။ ၄၈  ဒေါသ​ထွက်​နေ​တဲ့ ရန်​သူ​တွေ​လက်​က​နေ ကယ်​တင်​ပေး​တယ်။ တိုက်​ခိုက်​သူ​တွေရဲ့ အထက်​မှာ ကျွန်​တော့်​ကို ချီး​မြှင့်​ပေး​တယ်။+ အကြမ်း​ဖက်​သူ​ရဲ့ လက်​က​နေ ကယ်​တင်​ပေး​တယ်။ ၄၉  ဒါ​ကြောင့် ယေဟောဝါ​ဘုရား၊​ လူမျိုး​တွေ​အလယ်​မှာ ကိုယ်​တော့်​ကို ဂုဏ်​တင်​ချီး​မွမ်း​ပါ့​မယ်။+ နာ​မတော်​ကို ချီး​မွမ်း​သီချင်း​ဆိုပါ့မယ်။+ ၅၀  ဘု​ရား​က ခန့်​အပ်​ထား​တဲ့ ဘု​ရင်​ကို ကယ်​တင်​ဖို့ ကြီးမြတ်​တဲ့​အရာတွေ လုပ်​ဆောင်​တယ်။+ ဘိ​သိက်​ပေး​ထား​သူ​ကို၊+ ဒါဝိဒ်​နဲ့ သူ့​မျိုး​နွယ်​ကိုခိုင်​မြဲတဲ့​မေတ္တာ ထာ​ဝ​စဉ်​ပြတယ်။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။
ခက်​ဆစ် “စွမ်းအား” ကို​ကြည့်။