ဆာလံ ၁၀၀:၁-၅

  • ဖန်ဆင်းရှင်ကို ကျေးဇူတင်

    • “ယေဟောဝါကို ဝမ်းမြောက်စွာ ဝတ်ပြုကြ” ()

    • “ငါတို့ကို ဖန်ဆင်းတဲ့ အရှင်” ()

ကျေးဇူးတင်ချီးမွမ်းတဲ့ သီချင်း။ ၁၀၀  မြေတစ်ခွင်လုံး၊ ယေဟောဝါဆီ အောင်သံလွှင့်ကြပါ။+ ၂  ယေဟောဝါကို ဝမ်းမြောက်စွာ ဝတ်ပြုကြပါ။+ ရွှင်လန်းစွာ သီချင်းဆိုရင်း ရှေ့တော်ကို လာကြပါ။ ၃  ယေဟောဝါဟာ ဘုရားသခင်ပဲဆိုတာ သိမှတ်ကြပါ။+ ဘုရားဟာ ငါတို့ကို ဖန်ဆင်းတဲ့အရှင်ပဲ။ ငါတို့ကို ပိုင်တဲ့ အရှင်ပဲ။*+ ငါတို့ဟာ ဘုရားရဲ့လူတွေ၊ ဘုရားရဲ့ စားကျက်ထဲက သိုးတွေပဲ။+ ၄  ကျေးဇူးတင် ချီးမွမ်းရင်း သန့်ရှင်းရာဌာနတော်ရဲ့ တံခါးတွေထဲ ဝင်လာပါ။+ ဘုရားကို ချီးမွမ်းရင်း တံတိုင်းတော်ထဲ ဝင်လာပါ။+ ဘုရားကို ကျေးဇူးတင် ချီးမွမ်းပါ။ နာမတော်ကို ချီးမွမ်းပါ။+ ၅  ယေဟောဝါဟာ ကောင်းမြတ်တယ်။+ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ်တည်မြဲတယ်။ သစ္စာတရားဟာ လူမျိုးအဆက်ဆက် တည်မြဲတယ်။+

အောက်ခြေမှတ်ချက်များ

“ငါတို့ဟာ ကိုယ့်ကိုယ်ကိုယ် ဖန်ဆင်းခဲ့တာ မဟုတ်ဘူး” လည်းဖြစ်နိုင်။