ဆာလံ ၅၉:၁-၁၇

  • ဘုရားသခင်ဟာ ဒိုင်းလွှားနဲ့ ခိုလှုံရာဖြစ်

    • “သစ္စာဖောက်တွေကို ကရုဏာမပြပါနဲ့” ()

    • “ကိုယ်တော်ရဲ့ အစွမ်းခွန်အားအကြောင်း သီချင်းဆိုမယ်” (၁၆)

ဂီတမှူးသို့။ “မဖျက်ဆီးလိုက်ပါနဲ့ တေးသွားအတိုင်း သီဆိုရန်။ မစ်တမ်။* ရှောလုက ဒါဝိဒ်ကိုသတ်ဖို့ သူ့အိမ်ကို လူလွှတ်ပြီး စောင့်ကြည့်ခိုင်းချိန်မှာ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။+ ၅၉  အို ဘုရားသခင်၊ ကျွန်တော့်ကို ရန်သူ့လက်ကနေ ကယ်တင်ပေးပါ။+ တိုက်ခိုက်နေသူတွေရဲ့ ရန်ကနေ ကာကွယ်ပေးပါ။+ ၂  ယုတ်မာသူတို့လက်ကနေ ကယ်တင်ပေးပါ။ အကြမ်းဖက်သူတို့ရန်ကနေ ကယ်တင်ပေးပါ။ ၃  ယေဟောဝါဘုရား၊ ကြည့်ပါဦး။ ကျွန်တော် မပုန်ကန်ဘဲနဲ့၊ဘာအပြစ်မှလည်း မလုပ်ဘဲနဲ့+ ချောင်းမြောင်းတိုက်ခိုက်ဖို့ သူတို့ စောင့်နေကြတယ်။+ အင်အားကြီးသူတွေ ကျွန်တော့်ကို တိုက်ခိုက်နေတယ်။ ၄  ကျွန်တော် ဘာအမှားမှ မလုပ်ဘဲနဲ့ သူတို့ပြေးလာပြီး တိုက်ခိုက်ဖို့ ပြင်ကြတယ်။ ကျွန်တော်ခေါ်တဲ့အခါ ထကြည့်လှည့်ပါ။  ၅  ဗိုလ်ခြေတို့ရဲ့ဘုရား ယေဟောဝါ၊ ကိုယ်တော်ဟာ အစ္စရေးတို့ရဲ့ ဘုရားသခင်ပါ။+ လူမျိုးအားလုံးကို အရေးယူလုပ်ဆောင်ဖို့ နိုးထလှည့်ပါ။ ရန်ငြိုးကြီးတဲ့ သစ္စာဖောက်တွေကို ကရုဏာမပြပါနဲ့။+ (စဲလာ) ၆  သူတို့ ညနေတိုင်း ပြန်လာတယ်။+ ခွေးလိုမာန်ဖီပြီး+ မြို့ပတ်လည်မှာ ချောင်းမြောင်းသွားလာကြတယ်။+ ၇  သူတို့နှုတ်ကနေ ဘယ်လိုစကားတွေ ထွက်လာတယ်ဆိုတာ ကြည့်ပါ။ သူတို့နှုတ်ခမ်းဟာ ဓားလိုပဲ။+ “ဘယ်သူကြားမှာမို့လို့လဲ” လို့ ပြောတတ်တယ်။+ ၈  အို ယေဟောဝါ၊ ကိုယ်တော်ကတော့ သူတို့ကို ရယ်လိမ့်မယ်။+ လူမျိုးအားလုံးကို လှောင်ပြောင်လိမ့်မယ်။+ ၉  ကျွန်တော့်အစွမ်းခွန်အား၊ ကိုယ်တော့်ကို စောင့်မြဲစောင့်နေပါ့မယ်။+ ဘုရားသခင်ဟာ လုံခြုံတဲ့ ခိုလှုံရာဖြစ်လို့ပဲ။+ ၁၀  ကျွန်တော့်ကို ခိုင်မြဲတဲ့မေတ္တာပြတဲ့ဘုရားသခင်က လာကူညီလိမ့်မယ်။+ ရန်သူတွေကို အနိုင်ရတဲ့အကြည့်နဲ့ ကြည့်ခွင့်ပေးလိမ့်မယ်။+ ၁၁  ကိုယ်တော် လုပ်ဆောင်ခဲ့ရာတွေကို ကျွန်တော့်လူတွေ မမေ့ရလေအောင်ရန်သူတွေကို ချက်ချင်း အဆုံးမစီရင်ပါနဲ့ဦး။ တန်ခိုးတော်နဲ့ ကစဉ့်ကလျား ဖြစ်စေပါ။ ကျွန်တော်တို့ရဲ့ ဒိုင်းလွှားဖြစ်တဲ့ ယေဟောဝါ၊ သူတို့ကို ကျရှုံးစေပါ။+ ၁၂  သူတို့ပြောတဲ့စကား၊ သူတို့နှုတ်ခမ်းရဲ့ အပြစ်ကြောင့်မာနကျော့ကွင်းထဲ ပြန်မိသွားပါစေ။+ သူတို့က ကျိန်ဆဲပြီး လိမ်ညာပြောကြတယ်။ ၁၃  သူတို့ကို အမျက်တော်ရှပြီး အစတုံးပစ်ပါ။+ လုံးဝ မကျန်ရစ်ရလေအောင် အစတုံးပစ်ပါ။ ယာကုပ်အမျိုးကိုရော မြေတစ်ခွင်လုံးကိုပါ ဘုရားသခင် အုပ်စိုးနေမှန်း သူတို့ကိုသိစေပါ။+ (စဲလာ) ၁၄  ညနေစောင်းမှာ သူတို့ပြန်လာရပါစေ။ ခွေးလိုမာန်ဖီပြီး မြို့ပတ်လည်မှာ ချောင်းမြောင်းသွားလာရပါစေ။+ ၁၅  စားစရာရှာဖို့ လှည့်လည်သွားလာနေရပါစေ။+ ဝဝလင်လင် မစားရပါစေနဲ့၊ နေစရာ ရှာမတွေ့ပါစေနဲ့။ ၁၆  ကျွန်တော်ကတော့ ကိုယ်တော်ရဲ့ အစွမ်းခွန်အားအကြောင်း သီချင်းဆိုမယ်။+ နံနက်ခင်းမှာ ကိုယ်တော်ရဲ့ ခိုင်မြဲတဲ့မေတ္တာအကြောင်း ဝမ်းသာအားရပြောမယ်။ ကိုယ်တော်ဟာ လုံခြုံတဲ့ခိုလှုံရာ၊+ ဒုက္ခရောက်ချိန်မှာ ပြေးဝင်ခိုနားတဲ့နေရာ ဖြစ်လို့ပဲ။+ ၁၇  အို ကျွန်တော့်ရဲ့ အစွမ်းခွန်အား၊ ကိုယ်တော့်ကို ချီးမွမ်းသီချင်းဆိုပါ့မယ်။+ ဘုရားသခင်ဟာ လုံခြုံတဲ့ခိုလှုံရာ၊ ကျွန်တော့်ကို ခိုင်မြဲတဲ့မေတ္တာပြတဲ့ဘုရား ဖြစ်လို့ပဲ။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။