ဆာလံ ၅၄:၁-၇

  • ရန်​သူ​တွေ​ဝိုင်း​နေ​ချိန် ကူညီ​ပေး​ဖို့ ဆုတောင်း​ချက်

    • “ဘုရား​သခင်​ဟာ ငါ့​ရဲ့​ကူညီ​မစ​ရှင်” ()

ဂီ​တ​မှူး​သို့။ ကြိုး​တပ်​တူ​ရိ​ယာ​နဲ့ တွဲ​ဖက်​သီ​ဆို​ရန်။ မက်​စ​ကီး။*​ ဇိ​ဖမြို့​သား​တွေ​က “ကျွန်​တော်​တို့​ဆီ​မှာ ဒါဝိဒ်​ပုန်း​ခို​နေ​တယ်” လို့ ရှောလု​ကို လာ​ပြော​ချိန်​မှာ ဒါဝိဒ်​စပ်​ဆို​တဲ့ သီချင်း။+ ၅၄  အို ဘု​ရား​သခင်၊ နာ​မတော်​ကို ထောက်​ပြီး ကျွန်​တော့်​ကိုကယ်​တင်​ပေး​ပါ။+ တန်ခိုး​တော်​နဲ့ ခု​ခံ​ကာ​ကွယ်​ပေးပါ။+ ၂  အို ဘု​ရား​သခင်၊ ကျွန်​တော် ဆုတောင်း​တာ​ကို နား​ထောင်​ပေး​ပါ။+ ကျွန်​တော် ပြော​တာ​ကို အာ​ရုံ​စိုက်​ပေး​ပါ။ ၃  သူ​စိမ်း​တွေ ကျွန်​တော့်​ကို​တိုက်​ဖို့ ထ​ကြွ​နေ​တယ်။ ရက်​စက်​တဲ့​သူ​တွေ​လည်း သတ်​ဖို့​ရှာ​ကြံ​နေ​တယ်။+ ဘု​ရား​သခင်​ကို အရေး​မလုပ်​ကြ​ဘူး။+ (စဲ​လာ) ၄  ကြည့်​လိုက်​ပါ။ ဘု​ရား​သခင်​ဟာ ငါ့​ရဲ့​ကူညီ​မစ​ရှင်​ပဲ။+ ငါ့​ကို​ထောက်မ​သူ​တွေ​နဲ့​အတူ ယေဟောဝါ ရှိ​နေ​တယ်။ ၅  ရန်​သူ​တွေ​ကို သူတို့​ရဲ့​ယုတ်​မာ​မှု​အတိုင်း ဘု​ရား​ပြန်​ဆပ်​ပေး​မယ်။+ သစ္စာ​တော်​နဲ့​အညီ သူတို့​ကို ဇာတ်​သိမ်း​ပစ်​ပါ။+ ၆  ကိုယ်​တော့်​ဆီ ပူ​ဇော်​သက္ကာတွေ စိတ်​ပါ​လက်​ပါ ဆက်​သပါ့​မယ်။+ ယေဟောဝါ​ဘု​ရား၊ နာ​မတော်​ဟာ ကောင်းမြတ်​တဲ့​အတွက် ချီး​မွမ်း​ပါ့​မယ်။+ ၇  ဒုက္ခ​မှန်​သမျှ​က​နေ ဘု​ရားကယ်​တင်​တဲ့​အတွက်+ ရန်​သူ​တွေ​ကို အနိုင်​ရ​တဲ့​အကြည့်​နဲ့ ငါ​ကြည့်​ရ​လိမ့်​မယ်။+

အောက်ခြေမှတ်ချက်များ

ခက်​ဆစ်​ကို​ကြည့်။