ဆာလံ ၈၃:၁-၁၈
အာသပ်စပ်ဆိုတဲ့ သီချင်း။+
၈၃ အို ဘုရားသခင်၊ နှုတ်ဆိတ်မနေပါနဲ့။+
မြင့်မြတ်တဲ့အရှင်၊ ဘာမှမပြောဘဲ တိတ်တိတ်မနေပါနဲ့။
၂ ရန်သူတွေ ဆူပူအုံကြွနေလို့ပါ။+
မလိုမုန်းထားသူတွေ မောက်မောက်မာမာ ပြုမူနေလို့ပါ။
၃ သူတို့က ကိုယ်တော့်လူတွေကို တိုက်ခိုက်ဖို့ ကလိမ်ဉာဏ်နဲ့ လျှို့ဝှက်တိုင်ပင်နေတယ်။
ကိုယ်တော် တန်ဖိုးထားတဲ့သူတွေကို တိုက်ခိုက်ဖို့ ပူးပေါင်းကြံစည်နေတယ်။
၄ “လာကြ။ သူတို့မျိုးပြုတ်သွားအောင် ဖျက်ဆီးပစ်ကြစို့။+
ဒါမှ အစ္စရေးဆိုတဲ့နာမည်ကို ထာဝရ မေ့ပျောက်သွားကြမှာ” လို့ပြောနေကြတယ်။
၅ သူတို့ တစ်ကျိတ်တည်း တစ်ဉာဏ်တည်း ပရိယာယ်ဆင်နေတယ်။
ကိုယ်တော့်ကို တိုက်ခိုက်ဖို့ မဟာမိတ်ဖွဲ့နေတယ်။+
၆ ဧဒုံနဲ့အိရှမေလရဲ့ တဲတွေ၊ မောဘလူမျိုး၊+ ဟာဂရိလူမျိုး၊+
၇ အမ္မုန်လူမျိုး၊+ အာမလက်လူမျိုး၊ ဂေဗလအရပ်သား၊ဖိလိတိပြည်သား၊+ တိုင်ရာမြို့သားတွေ+ ပူးပေါင်းနေတယ်။
၈ အဆီးရီးယားတွေလည်း+ သူတို့နဲ့ ပူးပေါင်းနေတယ်။
လောတရဲ့ သားမြေးတွေကို ကူညီထောက်မနေတယ်။+ (စဲလာ)
၉ မိဒျန်လူမျိုးကို လုပ်ခဲ့သလို၊+ကိရှုန်သဲချောင်းမှာ သိသရနဲ့ ယာဘိန်ကို လုပ်ခဲ့သလို သူတို့ကို လုပ်ပစ်ပါ။+
၁၀ အင်ဒေါရအရပ်မှာ+ အစတုံး ဖျက်ဆီးခဲ့သလိုပေါ့။
မြေပေါ်မှာ မစင်လိုဖြစ်သွားသူတွေလိုပေါ့။
၁၁ သူတို့ရဲ့ ဂုဏ်အသရေရှိသူတွေကို သြရဘနဲ့ ဇေဘလို၊+သူတို့ရဲ့ ခေါင်းဆောင်တွေကို ဇေဘာနဲ့ ဇာလမုနလို ဖြစ်သွားအောင် လုပ်လိုက်ပါ။+
၁၂ ဇေဘာနဲ့ ဇာလမုနတို့က “ဘုရားသခင် စံမြန်းတဲ့ ပြည်ကို သိမ်းပိုက်ကြစို့” လို့ပြောခဲ့တာ။
၁၃ အို ဘုရားသခင်၊ သူတို့ကို လေပွေထဲပါသွားတဲ့ ဆူးခက်လို၊+လေနှင်ရာပါသွားတဲ့ ကောက်ရိုးလို ဖြစ်စေပါ။
၁၄ တစ်တောလုံးကို ဝါးမျိုပစ်တဲ့ မီးလို၊ တောင်တန်းတွေကို လောင်မြိုက်တဲ့ မီးလျှံလို+
၁၅ ကိုယ်တော်က သူတို့ကို မိုးသက်မုန်တိုင်းနဲ့ လိုက်လံတိုက်ခိုက်ပါစေ။+
လေပြင်းမုန်တိုင်းနဲ့ ခြောက်လှန့်ပါစေ။+
၁၆ ယေဟောဝါဘုရား၊ သူတို့မျက်နှာကို အရှက်ကွဲခြင်းနဲ့ ဖုံးလွှမ်းလိုက်ပါ။
ဒါမှ နာမတော်ကို သူတို့ရှာကြမှာ။
၁၇ သူတို့ အရှက်ကွဲပြီး ထာဝစဉ် ကြောက်လန့်နေရပါစေ။
ရှုတ်ချခံရပြီး ပျက်စီးသွားပါစေ။
၁၈ ယေဟောဝါလို့ နာမည်ရှိတဲ့ ကိုယ်တော် တစ်ပါးတည်းသာ+မြေတစ်ပြင်လုံးမှာ အမြင့်မြတ်ဆုံးအရှင် ဖြစ်မှန်း လူတွေသိကြပါစေ။+