ဆာလံ ၈၂:၁-၈

  • မျှမျှတတ စီရင်ပေးဖို့လို

    • “ဘုရားတွေရဲ့ အလယ်မှာ” ဘုရားသခင် တရားစီရင် ()

    • ‘နိမ့်ကျသူတွေကို ခုခံကာကွယ်ကြပါ’ ()

    • “မင်းတို့ဟာ ဘုရားတွေပဲ” ()

အာသပ်စပ်ဆိုတဲ့ သီချင်း။+ ၈၂  ဘုရားသခင်က သန့်ရှင်းမြင့်မြတ်တဲ့ ညီလာခံမှာ နေရာယူတယ်။+ ဘုရားတွေအလယ်မှာ တရားစီရင်တယ်-+ ၂  “မင်းတို့က ဘယ်လောက်ကြာကြာ မတရားသဖြင့် စီရင်ပြီး+လူဆိုးတွေကို မျက်နှာလိုက်နေမှာလဲ။+ (စဲလာ) ၃  နိမ့်ကျသူတွေ၊ ဖတဆိုးတွေဘက်ကနေ ခုခံကာကွယ်ကြပါ။+ ခိုကိုးရာမဲ့သူတွေ၊ မွဲတေနေသူတွေအတွက် တရားသဖြင့် စီရင်ကြပါ။+ ၄  နိမ့်ကျသူတွေ၊ နွမ်းပါးသူတွေကို ကယ်တင်ပါ။ သူတို့ကို လူဆိုးတွေရဲ့ လက်ကနေ ကယ်တင်ပါ” လို့ပြောတယ်။ ၅  အဲဒီဘုရားတွေက မသိနားမလည်ဘဲ+ မှောင်မိုက်ထဲမှာ လျှောက်သွားနေတယ်။ ကမ္ဘာမြေရဲ့ အုတ်မြစ်တွေ ယိမ်းယိုင်နေတယ်။+ ၆  “ငါပြောမယ်– ‘မင်းတို့ဟာ ဘုရားတွေပဲ။+ မင်းတို့အားလုံးဟာ အမြင့်ဆုံးအရှင်ရဲ့ သားတွေပဲ။ ၇  ဒါပေမဲ့ လူတွေလိုပဲ မင်းတို့ သေရလိမ့်မယ်။+ တခြားမင်းညီမင်းသားတွေလိုပဲ ကျဆုံးရလိမ့်မယ်။’”+  ၈  အို ဘုရားသခင်၊ ထတော်မူပါ။ ကမ္ဘာမြေကို တရားစီရင်တော်မူပါ။+ လူမျိုးအားလုံးကို ကိုယ်တော် ပိုင်ဆိုင်ပါတယ်။

အောက်ခြေမှတ်ချက်များ