ဆာလံ ၁၅:၁-၅

  • ယေဟောဝါရဲ့တဲတော်မှာ ဘယ်သူ တည်းခိုခွင့်ရ

    • အမှန်အတိုင်း ရိုးသားစွာ ပြောတဲ့သူ ()

    • သူတစ်ပါးအကြောင်း သွားပုပ်လေလွင့် မပြောသူ ()

    • ကိုယ့်အကျိုး ပျက်မယ်ဆိုရင်တောင် ကတိတည်သူ ()

ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။ ၁၅  အို ယေဟောဝါ၊ တဲတော်မှာ ဘယ်သူ တည်းခိုခွင့်ရမလဲ။ သန့်ရှင်းတဲ့တောင်ပေါ်မှာ ဘယ်သူ နေခွင့်ရမလဲ။+ ၂  အမှားကင်းအောင်နေတဲ့သူ၊+မှန်ရာလုပ်တဲ့သူ၊+ဟုတ်တိုင်းမှန်ရာ ပြောတဲ့သူပါ။+ ၃  သူက သူတစ်ပါးအကြောင်း သွားပုပ်လေလွင့် မပြောဘူး။+ လူလူချင်းအပေါ် မကောင်းတာ ဘာမှမလုပ်ဘူး။+ မိတ်ဆွေတွေအကြောင်း မကောင်းသတင်း မလွှင့်တတ်ဘူး။+ ၄  ယုတ်ညံ့သူကို ရှောင်ခွာတယ်။+ ယေဟောဝါကို ကြောက်ရွံ့သူတွေကိုတော့ ဂုဏ်တင်တယ်။ ကိုယ့်အကျိုး ပျက်မယ်ဆိုရင်တောင် ကတိတည်တတ်တယ်။+ ၅  ငွေချေးပေးတဲ့အခါ အတိုးမယူဘူး။+ အပြစ်မဲ့သူကို ဒုက္ခပေးဖို့ သူ့ဆီ လာဘ်ထိုးလို့ မရဘူး။+ သူလိုလူဟာ ဘယ်တော့မှ တုန်လှုပ်ရမှာ မဟုတ်ဘူး။+

အောက်ခြေမှတ်ချက်များ