ဆာလံ ၁၃၈:၁-၈

  • ဘုရား​သခင် မြင့်မြတ်​ပေမဲ့ ဂရု​စိုက်​တတ်

    • ‘ကျွန်​တော် ဆုတောင်း​တဲ့​အခါ အဖြေပေး​တယ်’ ()

    • ‘အန္တရာယ်တွေ​ကြား ကျွန်​တော့်​ကို ကယ်တင်’ ()

ဒါဝိဒ်​စပ်​ဆို​တဲ့ သီချင်း။ ၁၃၈  ကိုယ်​တော့်​ကို လှိုက်​လှိုက်​လှဲ​လှဲ ချီး​မွမ်း​မယ်။+ တ​ခြား​ဘု​ရားတွေ ရှေ့​မှာ​တင် ကိုယ်​တော့်​ကို ချီး​မွမ်း​သီချင်း​ဆို​မယ်။* ၂  သန့်​ရှင်း​တဲ့ ဗိမာန်​တော်​ဘက် လှည့်​ပြီး ဦး​ချ​မယ်။+ ခိုင်​မြဲတဲ့​မေတ္တာ​တော်​နဲ့သစ္စာ​တ​ရား​ကြောင့်နာ​မတော်​ကို ချီး​မွမ်း​မယ်။+ ကိုယ်​တော်​က နှုတ်​တော်​ထွက်​စကား​နဲ့ နာ​မတော်​ကိုအရာ​အားလုံး​ရဲ့ အထက်​မှာဂုဏ်​တင်​ချီး​မြှောက်​တယ်။* ၃  ကျွန်​တော်​ခေါ်​တဲ့​အခါ ကိုယ်​တော် ဖြေကြား​တယ်။+ ကျွန်​တော့်​ကို ရဲ​စွမ်း​သတ္တိ​နဲ့ ခွန်အား ရှိ​စေ​တယ်။+ ၄  အို ယေဟောဝါ၊ ကိုယ်​တော်​ပေး​ခဲ့​တဲ့ ကတိ​တွေ​ကို ကြား​တဲ့​အတွက်ကမ္ဘာ​ပေါ်​က ဘု​ရင်​အားလုံး ကိုယ်​တော့်​ကို ချီး​မွမ်း​ကြ​လိမ့်​မယ်။+ ၅  ယေဟောဝါ​ရဲ့ ဘုန်း​တန်ခိုး ကြီး​မား​တဲ့​အတွက်ယေဟောဝါ​ရဲ့ နည်း​လမ်း​တွေ​အကြောင်း သီချင်း​ဆို​ကြ​လိမ့်​မယ်။+ ၆  ယေဟောဝါ​က မြင့်မြတ်​ပေမဲ့ နှိမ့်ချ​သူ​ကို ဂရု​တ​စိုက် ကြည့်​ရှု​တယ်။+ မောက်​မာ​သူ​နဲ့​တော့ ခပ်​ခွာ​ခွာ​နေ​တယ်။+ ၇  အန္တရာယ်တွေ​ကြား​မှာ သွား​လာရ​ပေမဲ့ ကျွန်​တော့်​ကို ကိုယ်​တော် အသက်​ဆက်​ရှင်​စေ​မယ်။+ လက်​တော်​ကို​ဆန့်​ပြီး ရန်​သူ​တွေရဲ့ ဒေါသ​ကို ဆီး​တား​မယ်။ ကျွန်​တော့်​ကို ညာ​လက်​တော်​နဲ့ ကယ်​တင်​မယ်။ ၈  ယေဟောဝါ​က ကျွန်​တော့်​အတွက် အရာရာ​ကို ပြီး​မြောက်​စေ​မယ်။ အို ယေဟောဝါ၊ ခိုင်​မြဲတဲ့​မေတ္တာ​တော် ထာ​ဝ​စဉ် တည်​မြဲပါ​တယ်။+ ကိုယ်​တိုင်​ဖန်​ဆင်း​ခဲ့​သူ​တွေ​ကို မစွန့်​ပစ်​လိုက်​ပါ​နဲ့။+

အောက်ခြေမှတ်ချက်များ

“တ​ခြား​ဘု​ရားတွေ​ကို မနာ​ခံ​ဘဲ ကိုယ်​တော့်​ကို​သာ ချီး​မွမ်း​သီချင်း​ဆို​မယ်” လည်း​ဖြစ်​နိုင်။
“နှုတ်​တော်​ထွက်​စကား​ကို နာ​မတော်​အထက်​မှာ ဂုဏ်​တင်​ချီး​မြှောက်​တယ်” လည်း​ဖြစ်​နိုင်။