ဆာလံ ၉၀:၁-၁၇

  • ထာဝရဘုရားသခင်နဲ့ သက်တမ်းတိုလူသား

    • အနှစ်တစ်ထောင်ဟာ မနေ့ကလိုပဲ ()

    • လူ့သက်တမ်းဟာ အနှစ် ၇၀-၈၀ (၁၀)

    • “နေ့ရက်တွေကို ရေတွက်တတ်အောင် သင်ပေးပါ” (၁၂)

စစ်မှန်တဲ့ဘုရားသခင်ရဲ့လူ မောရှေရဲ့ ဆုတောင်းချက်။+ ၉၀  အို ယေဟောဝါ၊ ကိုယ်တော်ဟာ နောင်လာနောက်သား အဆက်ဆက် ကျွန်တော်တို့ရဲ့ ခိုနားရာပါ။*+ ၂  တောင်တန်းတွေကို မမွေးဖွားခင်၊ကမ္ဘာကြီးနဲ့ သီးနှံဖြစ်ထွန်းတဲ့ ကမ္ဘာမြေကို မမွေးထုတ်ခင်ကတည်းက+ကိုယ်တော်ဟာ ထာဝစဉ်ထာဝရ ဘုရားသခင်ပါ။+ ၃  ကိုယ်တော်က သေမျိုးဖြစ်တဲ့လူကို မြေမှုန့်ကို ပြန်စေတယ်။ “လူသားတို့၊ မြေမှုန့်ကို ပြန်ကြ”+ လို့ပြောတယ်။ ၄  အနှစ်တစ်ထောင်ဟာ ကိုယ်တော့်အတွက် ကုန်လွန်သွားတဲ့ မနေ့ကလို၊+ညယံတစ်ယံလိုပါပဲ။ ၅  လူတွေကို ကိုယ်တော် ဖယ်ရှားလိုက်တယ်။+ သူတို့ အိပ်မက်လို ပျောက်ကွယ်သွားကြတယ်။ မနက်ခင်းမှာ ပေါက်တဲ့ မြက်စိမ်းတွေလိုပဲ။+ ၆  မနက်မှာ ဖူးပွင့်ဝေဆာနေပေမဲ့ညနေမှာတော့ ညှိုးနွမ်းခြောက်သွေ့သွားကြတယ်။+ ၇  ကျွန်တော်တို့ကို အမျက်တော်က ဝါးမျိုပစ်တယ်။+ အမျက်တော်အရှိန်က ခြောက်လှန့်နေတယ်။ ၈  ကျွန်တော်တို့ရဲ့ အမှားတွေကို ရှေ့တော်မှာ ချထားတယ်။+ ဖုံးကွယ်ထားသမျှ မျက်နှာတော်အလင်းကြောင့် ပေါ်လာတယ်။+  ၉  အမျက်တော်ကြောင့် ကျွန်တော်တို့ရဲ့နေ့တွေ လျော့နည်းသွားတယ်။ ကျွန်တော်တို့ရဲ့နှစ်တွေဟာ ပင့်သက်တစ်ရှိုက်လို ကုန်ဆုံးသွားတယ်။ ၁၀  ကျွန်တော်တို့ရဲ့ သက်တမ်းဟာ အနှစ် ၇၀ ပါပဲ။ သန်မာလှရင်တော့ အနှစ် ၈၀ ပေါ့။+ ဒါပေမဲ့ ဒုက္ခတွေ၊ ဝမ်းနည်းစရာတွေနဲ့ပဲ ပြည့်နေတယ်။ အဲဒီနှစ်တွေ အကုန်မြန်လွန်းလို့ ကျွန်တော်တို့ ပျောက်လွင့်သွားမှာပဲ။+ ၁၁  အမျက်တော်အရှိန်ကို ဘယ်သူ နားလည်နိုင်သလဲ။ အမျက်တော်ဟာ ကိုယ်တော်ရထိုက်တဲ့ ကြောက်ရွံ့ရိုသေခြင်းလောက်ကို ကြီးမားပါတယ်။+ ၁၂  အသက်ရှင်ရတဲ့ နေ့ရက်တွေကို ရေတွက်တတ်အောင် သင်ပေးပါ။+ ဒါမှ ဉာဏ်ပညာရှိတဲ့ စိတ်နှလုံးကို ကျွန်တော်တို့ ရယူပိုင်ဆိုင်နိုင်မှာပါ။ ၁၃  အို ယေဟောဝါ၊ ပြန်လာပါတော့။+ ဘယ်အချိန်အထိ ပြန်မလာဘဲ နေမှာလဲ။+ ကိုယ်တော့်ကျွန်တွေကို သနားလှည့်ပါ။+ ၁၄  နံနက်ခင်းမှာ ခိုင်မြဲတဲ့မေတ္တာပြပြီး စိတ်ကျေနပ်စေပါ။+ ဒါမှ တစ်သက်လုံး ရွှင်လန်းစွာ သီချင်းဆိုပြီး ဝမ်းမြောက်နိုင်ကြမှာပါ။+ ၁၅  ကျွန်တော်တို့ကို ဒုက္ခရောက်စေခဲ့တဲ့ နေ့ရက်တွေ၊+ဘေးဆိုးကြုံခဲ့ရတဲ့ နှစ်တွေနဲ့အညီ ဝမ်းမြောက်စေပါ။+ ၁၆  ကိုယ်တော်ရဲ့ လုပ်ဆောင်မှုတွေကို ကိုယ်တော့်ကျွန်တွေ မြင်ခွင့်ရပါစေ။ ဘုန်းတန်ခိုးတော်ကို သားမြေးတွေ မြင်ခွင့်ရပါစေ။+ ၁၇  ကျွန်တော်တို့အပေါ် ယေဟောဝါဘုရားရဲ့ မျက်နှာသာ သက်ရောက်ပါစေ။ ကျွန်တော်တို့ လုပ်ဆောင်လေသမျှကို အောင်မြင်စေပါ။ ကျွန်တော်တို့ လုပ်ဆောင်လေသမျှကို အောင်မြင်စေပါ။+

အောက်ခြေမှတ်ချက်များ

“ခိုလှုံရာပါ” လည်းဖြစ်နိုင်။