ဆာလံ ၃၁:၁-၂၄

  • ယေဟောဝါဆီ ခိုလှုံပါ

    • “အသက်စွမ်းအားကို ကိုယ်တော့်လက်ထဲ အပ်ပါတယ်” ()

    • “အမှန်တရားရဲ့ဘုရား ယေဟောဝါ” ()

    • ဘုရားရဲ့ကောင်းမြတ်ခြင်း များပြား (၁၉)

ဂီတမှူးသို့။ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။ ၃၁  အို ယေဟောဝါ၊ ကိုယ်တော့်ဆီမှာ ခိုလှုံပါတယ်။+ ကျွန်တော် ဘယ်တော့မှ အရှက်မကွဲပါရစေနဲ့။+ ကိုယ်တော့် ဖြောင့်မတ်မှုကို ထောက်ပြီး ကယ်တင်ပေးလှည့်ပါ။+ ၂  နားကို စွင့်ပြီးအမြန်လာကယ်ပါဦး။+ ကျွန်တော့်အတွက် တောင်ပေါ်ရဲတိုက် ဖြစ်လှည့်ပါ။ ကယ်တင်မယ့်ခံတပ် ဖြစ်လှည့်ပါ။+ ၃  ကိုယ်တော်ဟာ ကျွန်တော့်ကျောက်ဆောင်၊ ကျွန်တော့်ရဲတိုက်ပါ။+ နာမတော်ကိုထောက်ပြီး+ ကျွန်တော့်ကို ဦးဆောင်လမ်းပြလိမ့်မယ်။+ ၄  ကျွန်တော့်ကိုဖမ်းဖို့ သူတို့ထောင်ထားတဲ့ ပိုက်ထဲကနေ လွတ်မြောက်စေလိမ့်မယ်။+ ကိုယ်တော်ဟာ ကျွန်တော့်ခံတပ်ပဲ။+ ၅  ကျွန်တော့်ရဲ့ အသက်စွမ်းအားကို ကိုယ်တော့်လက်ထဲ အပ်ပါတယ်။+ အမှန်တရားရဲ့ဘုရား ယေဟောဝါ၊ ကျွန်တော့်ကို ကိုယ်တော်ရွေးယူထားပြီ။+ ၆  တန်ဖိုးမရှိတဲ့ အချည်းနှီးရုပ်တုတွေကို ကိုးကွယ်တဲ့သူတွေကို ကျွန်တော်မုန်းတယ်။ ယေဟောဝါကိုပဲ ယုံကြည်ကိုးစားတယ်။ ၇  ခိုင်မြဲတဲ့မေတ္တာတော်ကြောင့် ကျွန်တော် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမှာပါ။ ကျွန်တော် ဒုက္ခရောက်နေတာကို ကိုယ်တော် မြင်တယ်။+ အကြီးအကျယ် သောကရောက်နေတာကို သိတယ်။ ၈  ကျွန်တော့်ကို ရန်သူလက်ထဲ မအပ်ဘူး။ ဘေးကင်းလုံခြုံတဲ့နေရာမှာ ရပ်စေတယ်။ ၉  အို ယေဟောဝါ၊ ကျွန်တော် ဒုက္ခရောက်နေလို့ မျက်နှာသာပေးလှည့်ပါ။ ဝေဒနာတွေကြောင့် မျက်စိသာမက+ တစ်ကိုယ်လုံး အားနည်းနေပြီ။+ ၁၀  ကျွန်တော့်ဘဝဟာ ကြေကွဲမှုတွေနဲ့၊+ကျွန်တော့်နှစ်တွေဟာ ညည်းတွားမှုတွေနဲ့ တငွေ့ငွေ့လောင်ကျွမ်းနေပြီ။+ အမှားတွေကြောင့် အားအင်ချည့်နဲ့ကုန်ပြီ။ အရိုးတွေလည်း အားပျော့ကုန်ပြီ။+ ၁၁  ကျွန်တော့်ကို ရန်သူတွေ၊ အထူးသဖြင့် အိမ်နီးချင်းတွေ အထင်သေးကြတယ်။+ အသိအကျွမ်းတွေကလည်း ကြောက်ကြတယ်။ အပြင်မှာတွေ့တဲ့အခါ ထွက်ပြေးကြတယ်။+ ၁၂  ကျွန်တော့်ကို သေလူတစ်ယောက်လို စိတ်ထဲကနေ ထုတ်ပစ်ပြီး မေ့ထားကြတယ်။ ကျွန်တော်ဟာ ကွဲနေတဲ့အိုးလို ဖြစ်နေပြီ။ ၁၃  မလိုတမာစိတ်နဲ့ပြောတဲ့ ကောလာဟလတွေ အများကြီး ကြားနေရတယ်။ ပတ်လည်မှာ ကြောက်လန့်စရာတွေချည်းပဲ။+ ကျွန်တော့်ကို တိုက်ခိုက်ဖို့ ဝိုင်းအုံလာကြတယ်။ အသက်ကို နုတ်ယူဖို့ ကြံစည်ကြတယ်။+ ၁၄  အို ယေဟောဝါ၊ ကိုယ်တော့်ကို ယုံကြည်ကိုးစားပါတယ်။+ “ကိုယ်တော်ဟာ ကျွန်တော့်ဘုရားသခင်ပဲ” လို့ ထုတ်ဖော်ပြောပါတယ်။+ ၁၅  ကျွန်တော့်နေ့ရက်တွေဟာ ကိုယ်တော့်လက်ထဲမှာပါ။ ရန်သူတွေ၊ ညှဉ်းပန်းနှိပ်စက်သူတွေရဲ့ လက်ကနေ ကယ်တင်ပေးပါ။+ ၁၆  ကျွန်တော်မျိုးအပေါ် မျက်နှာတော်အလင်း ထွန်းလင်းပေးပါဦး။+ ခိုင်မြဲတဲ့မေတ္တာတော်ကို ထောက်ပြီး ကယ်တင်ပေးပါဦး။ ၁၇  ယေဟောဝါဘုရား၊ ကျွန်တော် ဆုတောင်းတဲ့အခါ အရှက်မကွဲပါရစေနဲ့။+ လူဆိုးတွေပဲ အရှက်ကွဲပြီး+သင်္ချိုင်းမှာ နှုတ်ဆိတ်သွားပါစေ။+ ၁၈  ထောင်လွှားတဲ့စိတ်၊ အထင်သေးတဲ့စိတ်နဲ့ ဖြောင့်မတ်သူကို မောက်မောက်မာမာ လိမ်ညာပြောတဲ့ နှုတ်ခမ်းတွေ ဆွံ့အသွားပါစေ။+ ၁၉  ကိုယ်တော်ရဲ့ ကောင်းမြတ်ခြင်းတွေ များပြားလိုက်တာ။+ ကိုယ်တော့်ကို ကြောက်ရွံ့သူတွေအတွက် သိုမှီးထားတယ်။+ ကိုယ်တော်က ခိုလှုံသူတွေရဲ့အကျိုးအတွက် လူအားလုံးရှေ့မှာ ကောင်းမြတ်ခြင်းကို ပြတယ်။+ ၂၀  သူတို့ကို ပူးပေါင်းကြံစည်မှုကနေ လွတ်မြောက်အောင် ကိုယ်တော့်အနီးအပါးက လျှို့ဝှက်နေရာမှာ ဝှက်ထားပေးလိမ့်မယ်။+ အငြိုးတကြီး တိုက်ခိုက်မခံရအောင်+ အရိပ်တော်အောက်မှာ ဖုံးကွယ်ပေးလိမ့်မယ်။ ၂၁  ယေဟောဝါကို ချီးမွမ်းကြပါ။ ဝိုင်းရံခံရတဲ့ မြို့ထဲမှာ+ ကျွန်တော့်ကို အံ့ဖွယ်နည်းနဲ့ ခိုင်မြဲတဲ့မေတ္တာပြခဲ့တယ်။+ ၂၂  ကျွန်တော် အလန့်တကြားဖြစ်ပြီး “ရှေ့တော်ကနေ ပျောက်ကွယ်သွားတော့မှာပဲ”+ လို့ ပြောမိတယ်။ ဒါပေမဲ့ အကူအညီ တောင်းလိုက်တဲ့အခါကျွန်တော် အသနားခံတာကို ကိုယ်တော်ကြားတယ်။+ ၂၃  သစ္စာစောင့်သိသူအပေါင်းတို့၊ ယေဟောဝါကို ချစ်ကြပါ။+ ယေဟောဝါက သစ္စာရှိသူတွေကို ကာကွယ်ပေးတယ်။+ ထောင်လွှားသူတွေကိုတော့ အဆပေါင်းများစွာ ပြန်ဆပ်ပေးတယ်။+ ၂၄  ယေဟောဝါကို စောင့်မျှော်သူအပေါင်းတို့၊+ရဲစွမ်းသတ္တိရှိကြပါ။+

အောက်ခြေမှတ်ချက်များ