ဆာလံ ၆၂:၁-၁၂

  • စစ်မှန်တဲ့ကယ်တင်ခြင်းဟာ ဘုရားဆီက လာ

    • “တိတ်တိတ်ဆိတ်ဆိတ် နေပြီး ဘုရားသခင်ကို စောင့်ဆိုင်းမယ်” ()

    • “ဘုရားကို ရင်ဖွင့်ကြပါ” ()

    • လူသားတွေဟာ လေလိုပါပဲ ()

    • ဥစ္စာကို အားမကိုးနဲ့ (၁၀)

ယေဒုသုန်* နဲ့သက်ဆိုင်တဲ့ ဂီတမှူးသို့။ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။ ၆၂  ငါကတော့ တိတ်တိတ်နေပြီး ဘုရားသခင်ကို စောင့်ဆိုင်းမယ်။ ဘုရားဟာ ငါ့ရဲ့ကယ်တင်ခြင်းပဲ။+ ၂  ဘုရားဟာ ငါ့ကျောက်ဆောင်၊ငါ့ကယ်တင်ခြင်း၊ ငါ့ရဲ့ လုံခြုံတဲ့ခိုလှုံရာပဲ။+ ငါဘယ်တော့မှ အကြီးအကျယ် တုန်လှုပ်ရမှာ မဟုတ်ဘူး။+  ၃  လူတစ်ယောက်ကိုသတ်ဖို့ ဘယ်အချိန်အထိ မင်းတို့ကြိုးစားနေမှာလဲ။+ မင်းတို့အားလုံးဟာ ယိုင်နေတဲ့နံရံ၊ ပြိုကျတော့မယ့် ကျောက်တံတိုင်းလိုပဲ အန္တရာယ်ရှိတယ်။* ၄  သူ့ကို ဂုဏ်မြင့်ရာကနေ ဆွဲချဖို့ သူတို့ကြံစည်ကြတယ်။ လိမ်ပြောရတာကို နှစ်သက်ကြတယ်။ နှုတ်နဲ့ ကောင်းချီးပေးပေမဲ့ စိတ်ထဲမှာတော့ ကျိန်ဆဲတတ်တယ်။+ (စဲလာ) ၅  ငါကတော့ တိတ်တိတ်နေပြီး ဘုရားသခင်ကို စောင့်ဆိုင်းမယ်။+ ဘုရားဟာ ငါ့ရဲ့မျှော်လင့်ခြင်းပဲ။+ ၆  ဘုရားဟာ ငါ့ကျောက်ဆောင်၊ငါ့ကယ်တင်ခြင်း၊ ငါ့ရဲ့ လုံခြုံတဲ့ခိုလှုံရာပဲ။ ငါဘယ်တော့မှ တုန်လှုပ်ရမှာ မဟုတ်ဘူး။+ ၇  ငါ့ရဲ့ ကယ်တင်ခြင်းနဲ့ ဂုဏ်ကျက်သရေဟာ ဘုရားသခင်ဆီက လာတာပါ။ ဘုရားသခင်ဟာ ခိုင်ခံ့တဲ့ ကျောက်ဆောင်၊ ခိုလှုံရာပဲ။+ ၈  လူသားတို့၊ ကိုယ်တော့်ကို အချိန်တိုင်း ယုံကြည်ကိုးစားကြပါ။ ဘုရားကို ရင်ဖွင့်ကြပါ။+ ဘုရားသခင်ဟာ ခိုလှုံရာပဲ။+ (စဲလာ) ၉  လူသားတွေကတော့ လေလိုပါပဲ။ သူတို့အားလုံးကို ချိန်ခွင်နဲ့ချိန်ကြည့်ရင် လေထက်တောင် ပေါ့ဦးမယ်။+ သူတို့ဆီခိုလှုံရင် မှားလိမ့်မယ်။+ ၁၀  ခြိမ်းခြောက်ပြီးရတဲ့ ဥစ္စာကို အားမကိုးနဲ့။ လုယက်ပြီးရတဲ့ ဥစ္စာအပေါ် မျှော်လင့်ချက်မထားနဲ့။ စည်းစိမ်ကြွယ်ဝလာရင်လည်း စည်းစိမ်တွေမှာပဲ အာရုံရောက်မနေနဲ့။+ ၁၁  ဘုရားသခင်ဟာ အစွမ်းတန်ခိုးရှိတယ်လို့+ ဘုရားသခင်ပြောတာကို တစ်ကြိမ်မက နှစ်ကြိမ်တိုင်အောင် ငါကြားဖူးတယ်။ ၁၂  အို ယေဟောဝါ၊ ကိုယ်တော်က ခိုင်မြဲတဲ့မေတ္တာပြတယ်။+ လူတိုင်းကို သူတို့အကျင့်အတိုင်း ပြန်ဆပ်ပေးတယ်။+

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
“ယိုင်နေတဲ့နံရံ၊ ပြိုကျတော့မယ့် ကျောက်တံတိုင်းလိုပဲ” လည်းဖြစ်နိုင်။