ဆာလံ ၅၈:၁-၁၁

  • ကမ္ဘာမြေကို တရားစီရင်တဲ့ဘုရား

    • လူဆိုးတွေကို ပြစ်ဒဏ်ပေးဖို့ ဆုတောင်းချက် (၆-၈)

ဂီတမှူးသို့။ “မဖျက်ဆီးလိုက်ပါနဲ့” တေးသွားအတိုင်း သီဆိုရန်။ ဒါဝိဒ်စပ်ဆိုတဲ့သီချင်း။ မစ်တမ်။* ၅၈  လူသားတို့၊ မင်းတို့ နှုတ်ဆိတ်နေမှတော့ ဖြောင့်မတ်ခြင်းအကြောင်း ပြောဆိုနိုင်ပါ့မလား။+ ဖြောင့်မှန်စွာ တရားစီရင်နိုင်ပါ့မလား။+ ၂  အခုတော့ မင်းတို့ရဲ့စိတ်က မဖြောင့်မတ်တာတွေ ကြံစည်နေတယ်။+ မင်းတို့ရဲ့လက်က တိုင်းပြည်မှာ အကြမ်းဖက်မှု ပျံ့နှံ့စေတယ်။+ ၃  လူဆိုးတွေဟာ မွေးကတည်းက လမ်းလွဲနေတာ။ မွေးလာချိန်ကတည်းက ထင်ရာစိုင်းသူတွေ၊ လိမ်ညာသူတွေပဲ။  ၄  သူတို့ရဲ့အဆိပ်ဟာ မြွေဆိပ်နဲ့ တူတယ်။+ နားပိတ်ထားတဲ့ မြွေဟောက်လို သူတို့နားပင်းနေတယ်။ ၅  အလမ္ပာယ်ဆရာတွေ မန္တန်ရွတ်တဲ့အသံ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ အဲဒီမြွေဟောက်က နားထောင်မှာ မဟုတ်ဘူး။ ၆  အို ဘုရားသခင်၊ သူတို့ရဲ့သွားတွေ ကျွတ်ထွက်သွားအောင် ထိုးပစ်လိုက်ပါ။ ယေဟောဝါဘုရား၊ အဲဒီခြင်္သေ့တွေရဲ့ မေးရိုးကို ရိုက်ချိုးပစ်ပါ။ ၇  ခန်းခြောက်သွားတဲ့ရေလို သူတို့ ပျောက်ကွယ်ပါစေ။ ဘုရားက လေးတင်ပြီး မြားတွေပစ်လွှတ်ပါစေ။ သူတို့ ကျရှုံးပါစေ။ ၈  တရွေ့ရွေ့သွားရင်းနဲ့ အရည်ပျော်သွားတဲ့ ခရုလို ဖြစ်ပါစေ။ အသေမွေးလာလို့ နေရောင်မမြင်လိုက်ရတဲ့ ကလေးလို ဖြစ်ပါစေ။ ၉  မင်းတို့ရဲ့အိုးတွေ ဆူးပင်ရဲ့မီးရှိန်နဲ့ မပူလာခင်ကတည်းက စိုနေတဲ့ ဆူးတွေကိုရော မီးစွဲနေတဲ့ ဆူးတွေကိုပါ မုန်တိုင်းထဲ လွင့်သွားသလို ဘုရားသခင် လွင့်သွားစေလိမ့်မယ်။+ ၁၀  ဖြောင့်မတ်သူတွေက လူဆိုးတွေ လက်စားချေခံရတာကို မြင်ရတဲ့အတွက် ဝမ်းမြောက်လိမ့်မယ်။+ သူတို့ရဲ့ခြေဟာ လူဆိုးတွေရဲ့သွေးနဲ့ စိုရွှဲနေလိမ့်မယ်။+ ၁၁  အဲဒီအခါ လူတွေက “ဖြောင့်မတ်သူတွေ တကယ် အကျိုးခံစားရတာပဲ။+ ကမ္ဘာမြေကို တရားစီရင်တဲ့ ဘုရားသခင် တကယ်ရှိတာပဲ”+ လို့ပြောကြလိမ့်မယ်။

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။