ဆာလံ ၉၂:၁-၁၅

  • ယေဟောဝါ ထာ​ဝ​ရ ချီး​မြှောက်​ခံ​ရ

    • ဘုရား​သခင်​ရဲ့ လုပ်​ဆောင်​မှု၊ နက်​နဲလှ​တဲ့ အကြံအစည်များ ()

    • ‘ဖြောင့်​မတ်​သူ​တွေ အပင်​လို ရှင်​သန်’ (၁၂)

    • ဇ​ရာ​အို​များ သီး​ပွင့်​ဝေ​ဆာ​နေ​ဆဲ (၁၄)

ဥ​ပုသ်​နေ့​အတွက် သီချင်း။ ၉၂  အို ယေဟောဝါ၊ ကိုယ်​တော့်​ကို ကျေး​ဇူး​တင် ချီး​မွမ်း​တာ​ဟာ လျောက်​ပတ်​လှ​ပါ​တယ်။+ အမြင့်​ဆုံး​အရှင်၊ နာ​မတော်​ကို ချီး​မွမ်း​သီချင်း​ဆို​တာ​လည်း သင့်မြတ်လှ​ပါ​တယ်။  ၂  မနက်​မှာ ကိုယ်​တော်ရဲ့ ခိုင်​မြဲတဲ့​မေတ္တာ​အကြောင်း၊ည​မှာ ကိုယ်​တော်ရဲ့ သစ္စာ​တ​ရား​အကြောင်း ကြေ​ညာ​တာ​ဟာ+ လျော်​ကန်​လှ​ပါ​တယ်။ ၃  ဆယ်​ကြိုး​တပ် တူ​ရိ​ယာ​နဲ့ ဗျပ်​စောင်း​ကို တီး​ပြီးသာ​ယာ​နာ​ပျော်​ဖွယ် စောင်း​သံ​နဲ့​အတူ ချီး​မွမ်း​ထိုက်​ပါ​တယ်။+ ၄  အို ယေဟောဝါ၊ ကိုယ်​တော်ရဲ့ လုပ်​ရပ်တွေ​ကြောင့် ဝမ်း​မြောက်​ပါ​တယ်။ လက်​ရာ​တော်တွေ​ကြောင့် ရွှင်​လန်း​စွာ သီချင်း​ဆို​ပါ​တယ်။ ၅  အို ယေဟောဝါ၊ ကိုယ်​တော်ရဲ့ လုပ်​ဆောင်​မှု​တွေ​ဟာ ကြီးမြတ်လှ​တယ်။+ အကြံ​အစည်​တွေ​လည်း နက်​နဲလှ​တယ်။+ ၆  ဒါ​တွေ​ကို စဉ်း​စား​ဉာဏ်​မဲ့​သူ​တွေ မသိ​နိုင်​ဘူး။ လူ​မိုက်​တွေ နား​မလည်​နိုင်​တာ​က–+ ၇  လူ​ဆိုး​တွေ ပေါင်း​ပင်​လို ပေါက်​နေ​ပြီးအမှား​လုပ်​တဲ့​သူ​တွေ ရှင်​သန်​ကြီး​ထွား​နေ​ပေမဲ့နောက်​ဆုံး​တော့ ထာ​ဝ​ရ ဖျက်​ဆီး​ခံ​ရ​လိမ့်​မယ်​ဆို​တဲ့ အချက်​ပဲ။+ ၈  အို ယေဟောဝါ၊ ကိုယ်​တော်​က​တော့ ထာ​ဝ​စဉ် အမြင့်မြတ်​ဆုံး​အရှင်​ပါ။ ၉  ယေဟောဝါ​ဘု​ရား၊ ရန်​သူ​တွေ​ကို အောင်​ပွဲ​ခံ​တဲ့​အကြည့်​နဲ့ ကြည့်​လိုက်​ပါ။ ရန်​သူ​တွေ ပျက်​စီး​သွား​မှာ​ကို ကြည့်​လိုက်​ပါ။ အမှား​လုပ်​တဲ့​သူ​အားလုံး တ​ကွဲ​တပြား ဖြစ်​သွား​ပါ​လိမ့်​မယ်။+ ၁၀  ကိုယ်​တော်​က ကျွန်​တော့်​ကို နွား​ရိုင်း​လို အစွမ်း​ခွန်​အား* တိုး​ပွား​စေ​လိမ့်​မယ်။ လန်း​ဆန်း​စေ​တဲ့​ဆီ​ကို ကျွန်​တော် လိမ်း​ကျံ​ပါ့​မယ်။+ ၁၁  ရန်​သူ​တွေ​ကို အနိုင်​ရ​တဲ့​အကြည့်​နဲ့ ကြည့်​ရ​လိမ့်​မယ်။+ ကျွန်​တော့်​ကို တိုက်​ခိုက်​တဲ့ လူ​ယုတ်​မာ​တွေ ရှုံး​နိမ့်​တဲ့​သတင်း​ကို ကြား​ရ​လိမ့်​မယ်။ ၁၂  ဖြောင့်​မတ်​သူ​တွေ​က​တော့ စွန်​ပလွံ​ပင်​လို ရှင်​သန်​ကြီး​ထွား​လိမ့်​မယ်။ လက်​ဘ​နွန်​က သစ်​က​တိုး​ပင်​လို ကြီး​ထွား​လိမ့်​မယ်။+ ၁၃  ယေဟောဝါ​ရဲ့ အိမ်​တော်​မှာ​ ပေါက်​တဲ့​အပင်​တွေ​လို ဖြစ်​လိမ့်​မယ်။ တံတိုင်း​တော်​ထဲ​မှာ ရှင်​သန်​ကြီး​ထွား​လိမ့်​မယ်။+ ၁၄  ဇ​ရာ​အို​အရွယ်​မှာ​တောင် သီး​ပွင့်​ဝေ​ဆာ​နေ​လိမ့်​မယ်။+ အား​မာန်​အပြည့်​နဲ့ လန်း​ဆန်း​နေ​လိမ့်​မယ်။+ ၁၅  ယေဟောဝါ ဖြောင့်​မှန်​တယ်​ဆို​တာ​ကို ကြေ​ညာ​ကြ​လိမ့်​မယ်။ ဘု​ရား​သခင်​ဟာ မဖြောင့်​မတ်​မှု​နဲ့​ ကင်း​စင်​တဲ့ ငါ့​ရဲ့​ကျောက်​ဆောင်​ပဲ။+

အောက်ခြေမှတ်ချက်များ

မူ​ရင်း၊ “ဦး​ချို။”