ဆာလံ ၄၈:၁-၁၄

  • မဟာမင်းကြီးရဲ့ မြို့တော် ဇိအုန်

    • မြေတစ်ပြင်လုံးရဲ့ ရွှင်လန်းစရာ ()

    • မြို့တော်နဲ့ မျှော်စင်တွေကို ကြည့်ရှု (၁၁-၁၃)

ကောရရဲ့သားမြေးတွေ စပ်ဆိုတဲ့ သီချင်း။+ ၄၈  ယေဟောဝါဟာ ကြီးမြတ်တဲ့အရှင်ပဲ။ ဘုရားသခင်ရဲ့ မြို့တော်မှာ၊ သန့်ရှင်းတဲ့တောင်ပေါ်မှာ ချီးမွမ်းခံထိုက်ဆုံး အရှင်ပဲ။ ၂  မဟာမင်းကြီးရဲ့ မြို့တော်၊+ မြောက်ဘက်စွန်းက ဇိအုန်တောင်ဟာ မြင့်မားပြီး လှပ တင့်တယ်တယ်။ မြေတစ်ပြင်လုံးရဲ့ အားရရွှင်လန်းစရာပဲ။+ ၃  မြို့ရဲ့ ခံတပ်မျှော်စင်တွေမှာဘုရားသခင်က မိမိဟာ လုံခြုံတဲ့ခိုလှုံရာ ဖြစ်မှန်း သိရှိစေတယ်။+ ၄  ကြည့်လိုက်ပါ။ ဘုရင်တွေ စုရုံးပြီးအတူချီတက်လာနေပြီ။ ၅  မြို့တော်ကို မြင်တော့ သူတို့ တအံ့တသြဖြစ်ပြီးကြောက်အားလန့်အား ထွက်ပြေးသွားပြီ။ ၆  ထိတ်လန့်တုန်လှုပ်ပြီးသားဖွားနေတဲ့မိန်းမ ဝေဒနာခံစားရသလို ဖြစ်ကုန်ပြီ။ ၇  ဘုရားသခင်က တာရှိသင်္ဘောတွေကို အရှေ့လေနဲ့ ဖျက်ဆီးလိုက်တယ်။ ၈  ဘုရားရဲ့ လုပ်ဆောင်မှုတွေအကြောင်း ငါတို့ကြားခဲ့ဖူးတယ်။ အခုတော့ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါရဲ့မြို့တော်၊ဘုရားသခင်ရဲ့ မြို့တော်မှာ ကိုယ်တိုင်မြင်ရပြီ။ ဘုရားသခင်က အဲဒီမြို့ကို ထာဝစဉ် ခိုင်ခံ့မြဲမြံစေလိမ့်မယ်။+ (စဲလာ) ၉  အို ဘုရားသခင်၊ ကိုယ်တော်ရဲ့ ခိုင်မြဲတဲ့မေတ္တာအကြောင်း ဗိမာန်တော်ထဲမှာ တစိမ့်စိမ့် တွေးနေပါတယ်။+ ၁၀  အို ဘုရားသခင်၊ ကိုယ်တော့်ကိုချီးမွမ်းတဲ့စကားတွေဟာ နာမတော်လိုပဲ မြေကြီးစွန်းတိုင်အောင် ရောက်ရှိနေတယ်။+ ညာလက်တော်ဟာ ဖြောင့်မတ်ခြင်းတရားနဲ့ ပြည့်နေတယ်။+ ၁၁  ကိုယ်တော်ရဲ့ တရားစီရင်ချက်တွေကြောင့်ဇိအုန်တောင်+ ဝမ်းမြောက်ပါစေ။+ ယုဒမြို့တွေ ရွှင်လန်းပါစေ။ ၁၂  ဇိအုန်တောင်ကို လှည့်ပတ်ပြီး ချီတက်ကြ။ မျှော်စင်တွေကို ရေတွက်ကြ။+ ၁၃  ခံစစ်ကုန်းရိုးတွေအကြောင်း နှလုံးထဲမှာ မှတ်ကျုံးထားကြပါ။+ ခံတပ်မျှော်စင်တွေကို အသေအချာ ကြည့်ရှုကြပါ။ ဒါမှ နောင်လာနောက်သားတွေကို ပြောပြနိုင်မယ်။ ၁၄  ဒီဘုရားသခင်ဟာ အစဉ်ထာဝရငါတို့ရဲ့ဘုရားသခင်ပဲ။+ ငါတို့ကို ထာဝစဉ် လမ်းပြပေးလိမ့်မယ်။*+

အောက်ခြေမှတ်ချက်များ

“အသက်ထက်ဆုံး လမ်းပြပေးလိမ့်မယ်” လည်းဖြစ်နိုင်။