ဆာလံ ၁၆:၁-၁၁

  • ကောင်းကျိုးချမ်းသာမှန်သမျှ ယေဟောဝါထံမှလာ

    • “ယေဟောဝါဟာ ကျွန်တော် ရတဲ့ဝေစု” ()

    • ‘ညအချိန်မှာ ခံစားချက်တွေက ကျွန်တော့်ကို တည့်မတ်ပေး’ ()

    • ‘ကျွန်တော့်ညာဘက်မှာ ယေဟောဝါ ရှိနေ’ ()

    • ‘ကျွန်တော့်ကို သင်္ချိုင်းမှာ ပစ်မထား’ (၁၀)

ဒါဝိဒ်စပ်ဆိုတဲ့ မစ်တမ်။* ၁၆  အို ဘုရားသခင်၊ ကိုယ်တော့်ဆီမှာ ခိုလှုံတဲ့အတွက်ကျွန်တော့်ကို ကာကွယ်ပေးပါ။+ ၂  ယေဟောဝါကို “ကိုယ်တော်ဟာ ယေဟောဝါပါ။ ခံစားရတဲ့ ကောင်းကျိုးချမ်းသာ မှန်သမျှကိုယ်တော့်ဆီက လာတာပါ။ ၃  ကမ္ဘာပေါ်မှာရှိတဲ့ သန့်ရှင်းသူတွေ၊ကြီးမြတ်သူတွေကြောင့် ကျွန်တော် ပျော်ရွှင်ကြည်နူးနေပါတယ်”+ လို့ ကျွန်တော်ပြောတယ်။ ၄  တခြားဘုရားတွေနောက် လိုက်သွားသူတွေ ဒုက္ခပင်လယ်ဝေကြရတယ်။+ ကျွန်တော်ကတော့ အဲဒီဘုရားတွေဆီ ဘယ်တော့မှ သွေးကို သွန်းလောင်းပူဇော်မှာ မဟုတ်ဘူး။ အဲဒီဘုရားတွေရဲ့ နာမည်ကို တမိမှာ မဟုတ်ဘူး။+ ၅  ယေဟောဝါဟာ ကျွန်တော်ရတဲ့ ဝေစု၊ ကျွန်တော်ရတဲ့ ခွဲတမ်း၊+ ကျွန်တော်သောက်တဲ့ ခွက်ပဲ။+ ကျွန်တော့်အမွေကို ကိုယ်တော် ကာကွယ်စောင့်ရှောက်ပေးတယ်။ ၆  ကျွန်တော့်အတွက် သာယာတဲ့နေရာတွေကို သတ်မှတ်ပေးတယ်။ ဒါကြောင့် ကိုယ်ရတဲ့အမွေနဲ့ ကျွန်တော် ကျေနပ်နေပါတယ်။+ ၇  အကြံဉာဏ်ပေးတဲ့ ယေဟောဝါကို ချီးမွမ်းမယ်။+ ညအချိန်မှာ အနက်ရှိုင်းဆုံး ခံစားချက်တွေက* ကျွန်တော့်ကို တည့်မတ်ပေးတယ်။+ ၈  ယေဟောဝါဟာ ကျွန်တော့်ရှေ့မှာ အမြဲရှိနေတယ်။+ ကျွန်တော့်ညာဘက်မှာ ဘုရားရှိနေလို့ ဘယ်တော့မှ တုန်လှုပ်မှာ မဟုတ်ဘူး။+ ၉  ဒါကြောင့် ရင်ထဲမှာ ဝမ်းမြောက်နေတယ်။ ကျွန်တော် အတိုင်းမသိ ရွှင်လန်းနေတယ်။ ဘေးကင်းလုံခြုံစွာ နေနေရတယ်။ ၁၀  ကိုယ်တော်က ကျွန်တော့်ကို သင်္ချိုင်းမှာ* ပစ်ထားမှာ မဟုတ်ဘူး။+ သစ္စာစောင့်သိသူကို သင်္ချိုင်းတွင်းထဲ ပုပ်ပျက်သွားတဲ့အဖြစ်မျိုး တွေ့ကြုံခွင့်ပြုမှာ မဟုတ်ဘူး။+ ၁၁  ကိုယ်တော်ကြောင့် အသက်လမ်းကို ကျွန်တော် သိရှိရတယ်။+ ရှေ့တော်မှာ နေခွင့်ရလို့ သိပ်ပျော်တယ်။+ ကိုယ်တော့်ညာဘက်မှာ နေခွင့်ရလို့ ထာဝစဉ် ကြည်နူးတယ်။

အောက်ခြေမှတ်ချက်များ

ခက်ဆစ်ကိုကြည့်။
မူရင်း၊ “ကျောက်ကပ်တွေက။”
ခက်ဆစ်ကိုကြည့်။