ဆာလံ ၆၃:၁-၁၁

  • ဘုရားသခင်ကို တမ်းတ

    • “ခိုင်မြဲတဲ့မေတ္တာတော်ဟာ အသက်ထက် ကောင်းမြတ်” ()

    • ‘အကောင်းတကာ့ အကောင်းဆုံးနဲ့ကျေနပ်’ ()

    • ညယံမှာ ဘုရားအကြောင်း တွေးတော ()

    • ‘ဘုရားသခင်ကို ဖက်တွယ်ထားပါတယ်’ ()

ယုဒတောကန္တာရထဲ ရောက်နေချိန်မှာ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။+ ၆၃  အို ဘုရားသခင်၊ ကိုယ်တော်ဟာ ကျွန်တော့်ရဲ့ ဘုရားသခင်ပါ။ကိုယ်တော့်ကို စောင့်မျှော်နေပါတယ်။+ ရေဆာသလိုမျိုး ကိုယ်တော့်ကို ဆာနေပါတယ်။+ ရေမရှိ၊ ခြောက်သွေ့တဲ့မြေမှာ+ ကိုယ်တော့်ကို တမ်းတရလွန်းလို့ နွမ်းလျနေပြီ။  ၂  သန့်ရှင်းရာအရပ်မှာ ကိုယ်တော့်ကို ဖူးမြင်ခဲ့ရတယ်။ ကိုယ်တော်ရဲ့ အစွမ်းခွန်အားနဲ့ ဂုဏ်ကျက်သရေကို တွေ့မြင်ခဲ့ရတယ်။+ ၃  ခိုင်မြဲတဲ့မေတ္တာဟာ အသက်ထက် ကောင်းမြတ်တဲ့အတွက်+ ကိုယ်တော့်ကို ဂုဏ်တင်ချီးမွမ်းမယ်။+ ၄  ကိုယ်တော့်ကို အသက်ထက်ဆုံး ချီးမွမ်းမယ်။ နာမတော်ကိုခေါ်ပြီး လက်ဖြန့်ဆုတောင်းမယ်။ ၅  အကောင်းတကာ့ အကောင်းဆုံးဝေစု ရရှိတဲ့သူလို ကျွန်တော် ကျေနပ်နေတယ်။ ဒါကြောင့် ကိုယ်တော့်ကို ဝမ်းသာအားရ ချီးမွမ်းမယ်။+ ၆  အိပ်ရာပေါ် ရှိနေချိန်မှာ ကိုယ်တော့်ကို သတိရတယ်။ ညယံတွေမှာ ကိုယ်တော့်အကြောင်း တွေးတောတယ်။+ ၇  ကိုယ်တော်ဟာ ကျွန်တော့်ကို ကူညီပေးတဲ့အရှင်ပါ။+ အတောင်တော် အရိပ်အောက်မှာ ရွှင်လန်းစွာ သီချင်းဆိုပါတယ်။+ ၈  ကိုယ်တော့်ကိုပဲ ဖက်တွယ်ထားပါတယ်။ ညာလက်တော်ကလည်း ကျွန်တော့်ကို မြဲမြဲကိုင်ထားတယ်။+ ၉  ကျွန်တော့်အသက်ကိုသတ်ဖို့ ရှာကြံနေသူတွေကတော့ သေတွင်းထဲ ဆင်းရလိမ့်မယ်။ ၁၀  သူတို့ဟာ ဓားနဲ့ကွပ်မျက်ခံရပြီးခွေးအတွေရဲ့အစာ ဖြစ်သွားလိမ့်မယ်။ ၁၁  မင်းကြီးကတော့ ဘုရားသခင်ကြောင့် ဝမ်းမြောက်ရလိမ့်မယ်။ ဘုရားသခင်ကို တိုင်တည်ပြီး ကျိန်ဆိုသူတိုင်း အားရရွှင်လန်းကြလိမ့်မယ်။ လိမ်ပြောတတ်သူတွေ နှုတ်ပိတ်ခံရလိမ့်မယ်။

အောက်ခြေမှတ်ချက်များ