ဆာလံ ၁၁၆:၁-၁၉

  • ကျေးဇူးတင်သီချင်း

    • ‘ယေဟောဝါကို ဘယ်လို ကျေးဇူးဆပ်ရမလဲ’ (၁၂)

    • “ကယ်တင်ခြင်း ခွက်ဖလားကို ငါသောက်မယ်” (၁၃)

    • “ယေဟောဝါကို သစ္စာကတိပြုထားတဲ့အတိုင်း လုပ်ဆောင်မယ်” (၁၄၁၈)

    • သစ္စာစောင့်သိသူတွေရဲ့သေခြင်း ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ် (၁၅)

၁၁၆  ယေဟောဝါကို ငါချစ်မြတ်နိုးတယ်၊ငါအသနားခံတာကို ဘုရား နားထောင်ပေးလို့ပဲ။*+ ၂  ငါပြောတာကို နားစွင့်ပေးတဲ့အတွက်+အသက်ရှင်နေသရွေ့ ဘုရားကို ဆုတောင်းမယ်။ ၃  ငါ့ကို သေခြင်းရဲ့ကြိုးတွေ ရစ်ပတ်ထားတယ်။ သင်္ချိုင်းက ချုပ်ကိုင်ထားတယ်။+ ဒုက္ခနဲ့ သောကတွေ လွှမ်းမိုးထားတယ်။+ ၄  ဒါပေမဲ့ ယေဟောဝါရဲ့ နာမည်ကို ငါခေါ်ပြီး+“ယေဟောဝါဘုရား၊ ကယ်ပါဦး” လို့ ဆုတောင်းတယ်။ ၅  ယေဟောဝါက သနားစာနာတတ်ပြီး ဖြောင့်မတ်တယ်။+ ငါတို့ရဲ့ ဘုရားသခင်ဟာ ကရုဏာရှိတယ်။+ ၆  ယေဟောဝါက အတွေ့အကြုံမရှိသူတွေကို စောင့်ရှောက်တယ်။+ ငါနှိမ့်ချခံရတဲ့အခါ ကယ်တင်တယ်။ ၇  ယေဟောဝါက ကြင်ကြင်နာနာ ဆက်ဆံတဲ့အတွက်အရင်လို စိတ်အေးလက်အေး ငါ နေရတော့မယ်။ ၈  ကျွန်တော့်ကို သေခြင်းကနေ ကိုယ်တော် ကယ်တင်တယ်။ မျက်ရည်မကျအောင်၊ တိုက်မိမလဲအောင် ကူညီတယ်။+ ၉  သက်ရှိလောကမှာ ယေဟောဝါရှေ့ ငါလျှောက်လှမ်းမယ်။ ၁၀  အကြီးအကျယ် ဒုက္ခရောက်နေပေမဲ့ယုံကြည်ခြင်းရှိလို့ ငါ အခုလိုပြောနေတာ။+ ၁၁  “အားလုံးဟာ လူလိမ်လူညာတွေချည်းပဲ”+ လို့ငါ အလန့်တကြား ပြောခဲ့မိတယ်။ ၁၂  ယေဟောဝါ လုပ်ပေးခဲ့တဲ့ ကောင်းမှုအားလုံးအတွက်ငါ ဘယ်လို ကျေးဇူးဆပ်ရမလဲ။ ၁၃  ကယ်တင်ခြင်း ခွက်ဖလားကို ငါသောက်မယ်။ ယေဟောဝါရဲ့ နာမည်ကိုခေါ်ပြီး ဆုတောင်းမယ်။ ၁၄  ယေဟောဝါကို သစ္စာကတိပြုထားတဲ့အတိုင်းဘုရားရဲ့ လူတွေရှေ့မှာ လုပ်ဆောင်မယ်။+ ၁၅  သစ္စာစောင့်သိသူတွေရဲ့ သေခြင်းဟာယေဟောဝါအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပဲ။+ ၁၆  အို ယေဟောဝါ၊ တောင်းပန်ပါတယ်။ ကျွန်တော်ဟာ ကိုယ်တော့်ကျွန်ပါ။ ကိုယ်တော့်ကျွန်မရဲ့ သားပါ။ ကျွန်တော့်ကို အနှောင်အဖွဲ့တွေကနေ ကိုယ်တော် လွတ်မြောက်စေတယ်။+ ၁၇  ကျေးဇူးတင်ချီးမွမ်းခြင်း ပူဇော်သက္ကာကို ဆက်သမယ်။+ ယေဟောဝါရဲ့ နာမည်ခေါ်ပြီး ဆုတောင်းမယ်။ ၁၈  ယေဟောဝါကို သစ္စာကတိပြုထားတဲ့အတိုင်း+ဘုရားရဲ့ လူတွေရှေ့မှာ လုပ်ဆောင်မယ်။+ ၁၉  အို ဂျေရုဆလင်၊ မင်းရဲ့အလယ်မှာ၊ယေဟောဝါအိမ်တော်ရဲ့ ရင်ပြင်တွေမှာ+ အဲဒီလို လုပ်ဆောင်မယ်။ ယေဟောဝါကို ချီးမွမ်းကြ။*+

အောက်ခြေမှတ်ချက်များ

“ငါအသနားခံတာကို ယေဟောဝါ နားထောင်ပေးလို့ ငါသဘောကျတယ်” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “ဟာလေလုယ။” အဓိပ္ပာယ်၊ “‘ယ’ ကို ချီးမွမ်းကြ။” ‘ယ’ ဆိုတာ ယေဟောဝါရဲ့ အတိုကောက်နာမည်။ နောက်ဆက်တွဲ က၅ ကိုကြည့်။