ဆာလံ ၆၇:၁-၇

  • မြေတစ်ခွင်လုံး ဘုရားသခင်ကို ကြောက်ရွံ့ရိုသေ

    • ဘုရားသခင့် လမ်းစဉ်အကြောင်း သိလာ (၂)

    • ‘ဘုရားသခင်ကို လူအားလုံး ချီးမွမ်းကြပါစေ’ (၃၊ ၅)

    • “ငါတို့ကို ဘုရားသခင် ကောင်းချီးပေးလိမ့်မယ်” (၆၊ ၇)

ဂီတမှူးသို့။ ကြိုးတပ်တူရိယာနဲ့ တွဲဖက်သီဆိုရန်။ ဆာလံသီချင်း။ ၆၇  ဘုရားသခင်က ငါတို့ကို မျက်နှာသာပေးပြီး ကောင်းချီးပေးလိမ့်မယ်။ မျက်နှာတော်အလင်း ထွန်းလင်းပေးလိမ့်မယ်။+ (စဲလာ) ၂  ဒါမှ မြေတစ်ပြင်လုံးက ကိုယ်တော်ရဲ့ လမ်းစဉ်အကြောင်း၊+ လူမျိုးအားလုံး ကိုယ်တော်ရဲ့ ကယ်တင်ခြင်းအကြောင်း သိလာနိုင်မယ်။+ ၃  အို ဘုရားသခင်၊ ကိုယ်တော့်ကို လူတွေ ချီးမွမ်းကြပါစေ။ လူအားလုံး ချီးမွမ်းကြပါစေ။ ၄  လူတွေကို ကိုယ်တော် တရားသဖြင့် စီရင်မှာဖြစ်လို့+ လူမျိုးတွေ ဝမ်းသာအားရ သီချင်းဆိုကြပါစေ။+ ကမ္ဘာပေါ်က လူမျိုးတွေကို ကိုယ်တော် လမ်းပြပေးလိမ့်မယ်။ (စဲလာ) ၅  အို ဘုရားသခင်၊ ကိုယ်တော့်ကို လူတွေ ချီးမွမ်းကြပါစေ။ လူအားလုံး ချီးမွမ်းကြပါစေ။ ၆  မြေကြီးဟာ အသီးအပွင့်တွေကို ထုတ်ပေးလိမ့်မယ်။+ ငါတို့ကို ဘုရားသခင် ကောင်းချီးပေးလိမ့်မယ်။+ ၇  ငါတို့ကို ဘုရားသခင် ကောင်းချီးပေးလိမ့်မယ်။ မြေတစ်ခွင်လုံး ဘုရားကို ကြောက်ရွံ့ ရိုသေလိမ့်မယ်။+

အောက်ခြေမှတ်ချက်များ