ဆာလံ ၃:၁-၈
သား အဗရှလုံကြောင့် ထွက်ပြေးရချိန်မှာ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။+
၃ ယေဟောဝါဘုရား၊ ကျွန်တော့်ရန်သူတွေ ဘာလို့ ဒီလောက်များရတာလဲ။+
ပုန်ကန်ထကြွသူတွေ ဘာလို့ ဒီလောက်များရတာလဲ။+
၂ “သူ့ကို ဘုရားသခင်ကယ်မှာ မဟုတ်ဘူး”+ ဆိုပြီးကျွန်တော့်အကြောင်း ပြောနေကြတယ်။ (စဲလာ)*
၃ ယေဟောဝါ၊ တကယ်တော့ ကိုယ်တော်ဟာ ကျွန်တော့် ဒိုင်းလွှား၊+ကျွန်တော့် ဂုဏ်ကျက်သရေ၊+ ကျွန်တော့်ကို ခေါင်းမော့စေတဲ့ အရှင်ပါ။+
၄ ယေဟောဝါကို ငါအော်ခေါ်မယ်။သန့်ရှင်းတဲ့တောင်ပေါ်ကနေ ဘုရားပြန်ထူးမှာပဲ။+ (စဲလာ)
၅ ငါလဲလျောင်းပြီး အိပ်စက်တော့မယ်။ယေဟောဝါရဲ့ အကူအညီနဲ့ဘေးမသီရန်မခ နိုးထလာလိမ့်မယ်။+
၆ ငါ့ကိုတိုက်ခိုက်ဖို့ လူထောင်သောင်းမကဝိုင်းရံနေပေမဲ့ ငါမကြောက်ဘူး။+
၇ ယေဟောဝါဘုရား၊ ထတော်မူပါ။ ကျွန်တော့်ဘုရားသခင်၊ ကယ်ပါဦး။+ရန်သူတွေရဲ့ မေးရိုးကို ရိုက်ချိုးပေးပါ။လူဆိုးတွေရဲ့ သွားကို ချိုးပေးပါ။+
၈ ယေဟောဝါဘုရား၊ ကိုယ်တော်သာ ကယ်တင်ရှင်ပါ။+လူမျိုးတော်အပေါ် ကောင်းချီးသက်ရောက်ပါစေ။ (စဲလာ)

