ဆာလံ ၁၃၆:၁-၂၆

  • ယေဟောဝါရဲ့ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ်တည်

    • ကောင်းကင်နဲ့ ကမ္ဘာမြေကို လက်ရာမြောက်အောင် ဖန်ဆင်း (၅၊ ၆)

    • ပင်လယ်နီမှာ ဖာရော သေဆုံး (၁၅)

    • စိတ်ဓာတ်ကျသူကို ယေဟောဝါ သတိရ (၂၃)

    • သက်ရှိတိုင်းအတွက် အစာရေစာ (၂၅)

၁၃၆  ယေဟောဝါကို ကျေးဇူးတင်ကြ။ ဘုရားသခင်ဟာ ကောင်းမြတ်တယ်။+ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။+ ၂  ဘုရားတို့ရဲ့ဘုရားကို ကျေးဇူးတင်ကြ။+ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။  ၃  သခင်တို့ရဲ့သခင်ကို ကျေးဇူးတင်ကြ။ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။ ၄  ဘုရားသခင် တစ်ပါးတည်းသာ အံ့ဖွယ်ကောင်းတဲ့အရာတွေ လုပ်ဆောင်တယ်။+ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။+ ၅  မိုးကောင်းကင်ကို လက်ရာမြောက်အောင် ဖန်ဆင်းတယ်။+ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။ ၆  ကမ္ဘာမြေကို ရေပြင်ရဲ့အထက်မှာ ဖြန့်ခင်းတယ်။+ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။ ၇  အလင်းအိမ်ကြီးတွေကို ဖန်ဆင်းတယ်။+ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။ ၈  နေ့ကိုစိုးမိုးဖို့ နေမင်းကို ဖန်ဆင်းတယ်။+ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။ ၉  ညကိုစိုးမိုးဖို့ လမင်းနဲ့ ကြယ်စင်တွေကို ဖန်ဆင်းတယ်။+ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။ ၁၀  အီဂျစ်ရဲ့သားဦးတွေကို ကွပ်မျက်တယ်။+ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။ ၁၁  အစ္စရေးတွေကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်တယ်။+ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။ ၁၂  အားကြီးတဲ့လက်၊+ တန်ခိုးကြီးတဲ့လက်ရုံးနဲ့ သူတို့ကို ခေါ်ထုတ်တယ်။ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။ ၁၃  ပင်လယ်နီကို နှစ်ခြမ်းခွဲတယ်။+ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။ ၁၄  အစ္စရေးတွေကို ပင်လယ်အလယ်မှာ ဖြတ်သွားစေတယ်။+ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။ ၁၅  ဖာရောနဲ့ သူ့စစ်တပ်ကို ပင်လယ်နီထဲ ခါချပစ်တယ်။+ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။ ၁၆  လူမျိုးတော်ကို တောကန္တာရမှာ ဦးဆောင်တယ်။+ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။ ၁၇  ကြီးမြတ်တဲ့ဘုရင်တွေကို နှိမ်နင်းတယ်။+ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။ ၁၈  ခွန်အားကြီးဘုရင်တွေကို ကွပ်မျက်တယ်။ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။ ၁၉  အာမောရိဘုရင် ရှိဟုန်ကို+ ကွပ်မျက်တယ်။ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။ ၂၀  ဗာရှန်ဘုရင် သြဂတ်ကို+ ကွပ်မျက်တယ်။ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။ ၂၁  သူတို့ရဲ့တိုင်းပြည်ကို လူမျိုးတော်အတွက် အမွေအဖြစ်ပေးတယ်။+ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။ ၂၂  သူတို့ရဲ့တိုင်းပြည်ကို မိမိကျွန်အစ္စရေးအတွက် အမွေအဖြစ် ပေးတယ်။ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။ ၂၃  ဘုရားက ငါတို့ နိမ့်ကျသွားတဲ့အခါ ငါတို့ကိုသတိရတယ်။+ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။+ ၂၄  ရန်သူတွေလက်ကနေ ငါတို့ကို အကြိမ်ကြိမ် ကယ်တင်တယ်။+ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။ ၂၅  သက်ရှိသတ္တဝါအားလုံးကို အစာရေစာ ပေးသနားတယ်။+ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။ ၂၆  ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ကြ။ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။

အောက်ခြေမှတ်ချက်များ