ဆာလံ ၄၁:၁-၁၃

  • အိပ်ရာထဲလဲနေသူရဲ့ ဆုတောင်းချက်

    • ဖျားနေသူကို ဘုရား ဖေးမ (၃)

    • မိတ်ဆွေရင်းရဲ့ သစ္စာဖောက်မှု (၉)

ဂီတမှူးသို့။ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။ ၄၁  နိမ့်ကျသူကို စာနာမှုပြတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။+ ဘေးဆိုးကြုံရချိန်မှာ ယေဟောဝါ ကယ်တင်လိမ့်မယ်။ ၂  သူ့ကို ယေဟောဝါ စောင့်ရှောက်ပြီး အသက်ဆက်ရှင်စေလိမ့်မယ်။ ကမ္ဘာမြေပေါ်မှာ ပျော်ရွှင်ချမ်းမြေ့သူလို့ သတ်မှတ်လိမ့်မယ်။+ သူ့ကို ရန်သူတွေလက်ထဲ ဘယ်တော့မှ မအပ်ဘူး။+ ၃  သူ အိပ်ရာထဲလဲနေချိန်မှာ ယေဟောဝါ ဖေးမပေးမယ်။+ သူဖျားနာနေချိန်မှာ ပြုစုပေးမယ်။ ၄  “အို ယေဟောဝါ၊ ကျွန်တော့်ကို မျက်နှာသာပေးလှည့်ပါ။+ ကုစားပေးလှည့်ပါ။+ ကိုယ်တော့်ကို ပြစ်မှားမိပါပြီ”+ လို့ ငါပြောတယ်။ ၅  ရန်သူတွေကတော့ “သူ ဘယ်အချိန်ကျမှ သေမှာလဲ။ ဘယ်အချိန်ကျမှ သူ့နာမည် ပျောက်ပျက်သွားမှာလဲ” ဆိုပြီးငါ့အကြောင်း မကောင်းပြောနေကြတယ်။ ၆  ရန်သူက ငါ့ကိုလာကြည့်ပြီဆိုရင် မဟုတ်မမှန်တာတွေ ပြောတယ်။ ထိခိုက်စေတဲ့စကားတွေ ပြောဖို့ပဲ ရှာကြံတယ်။ ပြန်သွားတဲ့အခါလည်း ငါ့သတင်းတွေကို လိုက်ဖြန့်တယ်။ ၇  ငါ့ကိုမုန်းတဲ့သူတွေ ငါ့အကြောင်း တီးတိုးပြောကြတယ်။ ငါ့ကို မကောင်းကြံကြတယ်။ ၈  “ကြောက်စရာကောင်းတာကို သူကြုံနေရပြီ။ သူ လဲသွားပြီ။ နာလန်ထူနိုင်တော့မှာ မဟုတ်ဘူး”+ လို့ပြောကြတယ်။ ၉  ငါယုံကြည်လို့+ အတူလက်ဆုံစားတဲ့ ငါ့မိတ်ဆွေရင်းကတောင် ငါ့ကို ဖနောင့်နဲ့ပေါက်တယ်။+ ၁၀  အို ယေဟောဝါ၊ ကျွန်တော့်ကို မျက်နှာသာပေးပြီး ထူမပေးလှည့်ပါ။ ဒါမှ သူတို့လုပ်ရပ်အတွက် ပြန်ဒဏ်ပေးနိုင်မှာပါ။ ၁၁  ရန်သူက ကျွန်တော့်အပေါ် အောင်ပွဲမဆင်နိုင်ဘူး။+ ဒါကိုကြည့်ပြီး ကိုယ်တော့်နှစ်သက်မှုကို ရထားမှန်း ကျွန်တော် သိနိုင်မှာပါ။ ၁၂  ကျွန်တော့်သမာဓိကြောင့်+ ကျွန်တော့်ကို ထောက်မပြီးရှေ့တော်မှာ ထာဝစဉ် နေရာပေးလိမ့်မယ်။+ ၁၃  အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါကိုအစဉ်ထာဝရ ချီးမွမ်းကြပါစေ။+ အာမင်။ အာမင်။*

အောက်ခြေမှတ်ချက်များ

^ ဒါမှမဟုတ်၊ “ပြောတဲ့အတိုင်း ဖြစ်ပါစေ။”