ဆာလံ ၁၃၁:၁-၃

  • နို့ပြတ်သွားတဲ့ကလေးလို ကျေနပ်နေ

    • ကြီးမြတ်လွန်းတဲ့အရာတွေကို မမှန်းနဲ့ (၁)

ချီတက်သီချင်း။ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။ ၁၃၁  အို ယေဟောဝါ၊ ကျွန်တော် စိတ်နေမမြင့်ပါဘူး။ ဘဝင်မမြင့်ပါဘူး။+ ကြီးမြတ်လွန်းတဲ့အရာတွေ၊လက်လှမ်းမမီနိုင်တဲ့အရာတွေကိုလည်း မမှန်းပါဘူး။+ ၂  အမေ့ရင်ခွင်ထဲက နို့ပြတ်သွားတဲ့ ကလေးလိုစိတ်အေးလက်အေးနဲ့ ငြိမ်သက်နေပါတယ်။+ နို့ပြတ်သွားတဲ့ ကလေးလို ကျေနပ်နေပါတယ်။ ၃  အစ္စရေးတွေ ယေဟောဝါကိုအခုကစပြီး ထာဝစဉ် စောင့်မျှော်ကြပါစေ။+

အောက်ခြေမှတ်ချက်များ