မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 မေး​ခွန်း ၁၉

ကျမ်းစောင်တွေမှာ ဘာအကြောင်းအရာတွေ ပါသလဲ

ဟီ​ဘ​ရူး​ကျမ်း​စောင်​များ (“ဓမ္မ​ဟောင်း​ကျမ်း”)

ပင်​တ​ကျွတ်​ကျမ်း (၅ စောင်)–

ကမ္ဘာဦး၊ ထွက်​မြောက်​ရာ၊ ဝတ်​ပြု​ရာ၊ တော​လည်​ရာ၊ တ​ရား​ဟော​ရာ

ဖန်​ဆင်း​ခြင်း​အကြောင်း​က​နေ အစ္စရေး​လူမျိုး​ကို ဖွဲ့​စည်း​ခြင်း​အကြောင်း​အထိ

ရာ​ဇ​ဝင်​ကျမ်း​များ (၁၂ စောင်)–

ယောရှု၊ တ​ရား​သူ​ကြီး၊ ရုသ

အစ္စရေး​လူမျိုး ကတိ​ထား​ရာ​ပြည်​ထဲ​ဝင်​ပြီး နောက်​ပိုင်း​အဖြစ်​အပျက်​များ

၁ ရှ​မွေ​လ၊ ၂ ရှ​မွေ​လ၊ ၁ ဘု​ရင်​များ၊ ၂ ဘု​ရင်​များ၊ ၁ ရာ​ဇ​ဝင်​ချုပ်၊ ၂ ရာဇဝင်​ချုပ်

ဂျေရု​ဆ​လင်​မြို့ ဖျက်​ဆီး​ခံ​ရ​ချိန်​အထိ အစ္စရေး​သမိုင်း​ကြောင်း

ဧ​ဇ​ရ၊ နေဟမိ၊ ဧ​သတာ

ဗာ​ဗု​လုန်​ပြည်​နှင်​ခံ​ဘဝ​က​နေ ပြန်​လာ​ပြီး​နောက်​ပိုင်း ဂျူး​တွေရဲ့​သမိုင်း​ကြောင်း

က​ဗျာ​လင်္ကာ​​ကျမ်း​များ (၅ စောင်)–

ယောဘ၊ ဆာလံ၊ ပညာ​အလိမ္မာ(သုတ္တံ)၊ ဒေ​သနာ၊ ရှောလမုန်​သီချင်း

ပညာ​ရှိ​အဆို​အမိန့်​တွေ၊ သီချင်း​တွေ​ကို စု​စည်း​ထား

ပရော​ဖက်​ကျမ်း​များ (၁၇ စောင်)–

ဟေရှာယ၊ ယေ​ရ​မိ၊ မြည်တမ်း​စကား၊ ယေဇကျေလ၊ ဒံယေလ၊ ဟောရှေ၊ ယောလ၊ အာမုတ်၊ သြဗ​ဒိ၊ ယောန၊ မိက္ခာ၊ နာဟုံ၊ ဟဗက္ကုတ်၊ ဇေ​ဖနိ၊ ဟဂ္ဂဲ၊ ဇာ​ခ​ရိ၊ မာလခိ

ဘု​ရား​သခင့်​လူမျိုး​နဲ့​ပတ်​သက်​တဲ့ ပရော​ဖက်​ပြု​ချက်​တွေ၊ ကြို​ဟော​ချက်​တွေ

 ခ​ရစ်​ယာန်​ဂရိ​ကျမ်း​စောင်​များ (“ဓမ္မ​သစ်​ကျမ်း”)

ခ​ရစ်​ဝင်​ကျမ်း​များ (၄ စောင်)–

မဿဲ၊ မာကု၊ လုကာ၊ ယောဟန်

ယေရှု​ရဲ့ ဘဝ​အသက်​တာ​နဲ့ အမှု​ဆောင်​ခဲ့​ပုံ သမိုင်း​ကြောင်း

တမန်​တော်တွေရဲ့ လုပ်​ဆောင်​မှု​များ (၁ စောင်)–

ခ​ရစ်​ယာန်​အသင်း​တော် စ​တည်​ထောင်​ခြင်း၊ သာ​သနာ​ပြု​လုပ်ငန်း သမိုင်း​ကြောင်း

စာ​များ (၂၁ စောင်)–

ရော​မ၊ ၁ ကော​ရိန္သု၊ ၂ ကော​ရိန္သု၊ ဂလာ​တိ၊ ဧဖက်၊ ဖိ​လိပ္ပိ၊ ကောလောသဲ၊ ၁ သက်သာ​လောနိတ်၊ ၂ သက်သာ​လောနိတ်

ခ​ရစ်​ယာန်​အသင်း​တော်တွေ​ကို ပေး​ပို့​တဲ့ စာ​များ

၁ တိမောသေ၊ ၂ တိမောသေ၊ တိတု၊ ဖိလေမုန်

ခ​ရစ်​ယာန်​ညီ​အစ်​ကို တစ်​ဦး​စီ​ကို ပေး​ပို့​တဲ့ စာ​များ

ဟီ​ဘ​ရူး၊ ယာကုပ်၊ ၁ ပေတရု၊ ၂ ပေတရု၊ ၁ ယောဟန်၊ ၂ ယောဟန်၊ ၃ ယောဟန်၊ ယုဒ

ခ​ရစ်​ယာန်​အားလုံး​ကို ရေး​တဲ့​စာ​များ

ဗျာဒိတ်​ကျမ်း (၁ စောင်)–

တမန်​တော်​ယောဟန် မြင်​တွေ့​ခဲ့ရ​တဲ့ ကြို​ဟော​ချက် စိတ်​အာ​ရုံ​များ