ဆာလံ ၁၄၄:၁-၁၅

  • အောင်​ပွဲ​အတွက် ဆုတောင်း​ချက်

    • “သေမျိုး​ဖြစ်​တဲ့​လူ​ဟာ” ()

    • ‘ရန်​သူ​တွေ​ကို က​စဉ့်​က​လျား ဖြစ်​စေ​ပါ’ ()

    • ယေဟောဝါ​ရဲ့​လူမျိုး​တော် ပျော်​ရွှင် (၁၅)

ဒါဝိဒ်​စပ်​ဆို​တဲ့ သီချင်း။ ၁၄၄  ငါ့​ရဲ့​ကျောက်​ဆောင်​ဖြစ်​တဲ့+ ယေဟောဝါ​ကိုချီး​မွမ်း​ကြ​ပါ​စေ။ ဘု​ရား​က ငါ့​လက်​တွေ​ကို စစ်​တိုက်​တတ်​အောင်၊ငါ့​လက်​ချောင်း​တွေ​ကို စစ်​ရေး​ကျွမ်း​ကျင်​အောင် လေ့ကျင့်​ပေး​တယ်။+ ၂  ဘု​ရား​ဟာ ငါ့​ကို ခိုင်​မြဲတဲ့​မေတ္တာ​ပြတဲ့ အရှင်၊ ငါ့​ရဲ​တိုက်၊လုံ​ခြုံ​တဲ့​ခိုလှုံ​ရာ၊ ကယ်​တင်​ရှင်​ပါ။ ငါ့​ဒိုင်း​လွှား၊ ငါ​ခိုလှုံ​တဲ့​အရှင်၊+လူ​တွေ​ကို ငါ့​ခြေ​အောက်​မှာ နှိမ်​နင်း​တဲ့​အရှင်​ပါ။+ ၃  အို ယေဟောဝါ၊ လူ​ဟာ ဘာ​မို့လို့ ကိုယ်​တော် ဂရု​စိုက်​နေ​ရ​တာ​လဲ။ သေမျိုး​ဖြစ်​တဲ့​လူ​ဟာ ဘာ​မို့လို့​ ကိုယ်​တော် အာ​ရုံ​စိုက်​နေ​ရ​တာလဲ။+ ၄  လူ့​သက်​တမ်း​ဟာ ပင့်​သက်​တစ်​ရှိုက်​စာ​ပါ​ပဲ။+ သူ့​နေ့​ရက်တွေ​ဟာ ရွေ့​သွား​တဲ့ အရိပ်​လို​ပါ​ပဲ။+ ၅  ယေဟောဝါ​ဘု​ရား၊ ကောင်း​ကင်​ကို ညွှတ်​ကျ​စေ​ပြီး ဆင်း​လာ​ပါ။+ တောင်​တန်း​တွေ​ကို တို့​ထိ​ပြီး မီး​ခိုး​ထွက်​စေ​ပါ။+ ၆  လျှပ်​စီး​တွေ လင်း​လက်​စေ​ပြီး ရန်သူ​တွေ​ကို က​စဉ့်​က​လျား ဖြစ်​စေ​ပါ။+ မြား​တွေ ပစ်​လွှတ်​ပြီး ဖရို​ဖရဲ​ ဖြစ်​စေ​ပါ။+ ၇  အထက်​အရပ်​က​နေ လက်​ကို ဆန့်လိုက်​ပါ။ လှိုင်း​ထန်​နေ​တဲ့ ရေ​ထဲ​က​နေ၊တိုင်း​တစ်ပါး​သား​တွေ​လက်​က​နေ ကျွန်​တော့်​ကို ကယ်​တင်​ပါ။+ ၈  သူတို့​က အလိမ်​အညာ​စကား​တွေ ပြော​တယ်။ ညာ​လက်​ကို​မြှောက်​ပြီး မဟုတ်​မမှန်​တာ​တွေ ကျိန်​ဆို​တယ်။ ၉  အို ဘု​ရား​သခင်၊ ကိုယ်​တော့်​အတွက် သီချင်း​သစ်​တစ်​ပုဒ် သီဆို​ပါ့​မယ်။+ ဆယ်​ကြိုး​တပ် တူ​ရိ​ယာ​ကို တီး​ပြီး ချီး​မွမ်း​သီချင်း​ဆို​ပါ့​မယ်။ ၁၀  ကိုယ်​တော်​ဟာ ဘု​ရင်တွေ​ကို အောင်​ပွဲ​ခံ​စေ​တဲ့​အရှင်၊+ ကျွန်​ဖြစ်​သူ​ဒါဝိဒ်​ကို သေစေ​နိုင်​တဲ့ ဓား​ဘေး​က​နေ ကယ်​ဆယ်​တဲ့​အရှင်​ပါ။+ ၁၁  အလိမ်​အညာ​စကား​တွေ ပြော​တဲ့​အပြင်ညာ​လက်​ကို​မြှောက်​ပြီး မဟုတ်​မမှန်​ကျိန်​ဆို​တဲ့ တိုင်း​တစ်ပါး​သား​တွေရဲ့ လက်​က​နေ ကျွန်​တော့်​ကို ကယ်​တင်​ပါ။ ၁၂  ဒါ​ဆို​ရင် ကျွန်​တော်​တို့​ရဲ့ သား​တွေ​ဟာ ကြီး​ထွား​နေ​တဲ့ အပင်​ပေါက်​တွေ​နဲ့ တူ​လိမ့်​မယ်။ သမီး​တွေ​ဟာ နန်း​တော်​ကို အလှ​ဆင်​ဖို့ ထွင်း​ထု​တဲ့ ထောင့်​တိုင်​တွေ​နဲ့ တူ​လိမ့်​မယ်။ ၁၃  ကျွန်​တော်​တို့​ရဲ့ သို​လှောင်​ခန်း​တွေ​မှာ စား​နပ်​ရိက္ခာ အမျိုး​မျိုး ပြည့်​လျှံ​နေ​လိမ့်​မယ်။ ကွင်း​ပြင်​မှာ သိုး​အုပ်​တွေ ထောင်​သောင်း​မက တိုး​များ​နေ​လိမ့်​မယ်။ ၁၄  ဇီး​ရှိ​နေ​တဲ့ နွား​တွေ​က ထိ​ခိုက်​ဒဏ်​ရာရ​မှာ မဟုတ်​ဘူး။ သား​လျှော​မှာ မဟုတ်​ဘူး။ လူ​ထု​ရင်​ပြင်​တွေ​မှာ​လည်း ဒုက္ခရောက်လို့ အော်​ဟစ်​နေ​တဲ့​အသံ​ကို ကြား​ရ​မှာ မဟုတ်​ဘူး။ ၁၅  အဲဒီ​လို​အခြေ​အနေ​အောက် နေထိုင်​ရ​သူ​တွေ ပျော်​ရွှင်​ချမ်း​မြေ့တယ်။ ယေဟောဝါ​ကို ဘု​ရား​သခင်​အဖြစ် ကိုးကွယ်​နေ​သူ​တွေ ပျော်​ရွှင်​ချမ်း​မြေ့တယ်။+

အောက်ခြေမှတ်ချက်များ