ဆာလံ ၁၄၅:၁-၂၁

  • ဘုရင်မင်းမြတ် ဘုရားသခင်ကို ချီးမွမ်း

    • ‘ကိုယ်တော့်ကြီးမြတ်မှုအကြောင်း ကြေညာမယ်’ ()

    • “ယေဟောဝါဟာ သက်ရှိအားလုံးအပေါ် ကောင်းမြတ်” ()

    • “သစ္စာစောင့်သိသူတွေ ကိုယ်တော့်ကို ချီးမွမ်းလိမ့်မယ်” (၁၀)

    • ထာဝရ မင်းအာဏာ (၁၃)

    • အားလုံးကို လက်တော်နဲ့ ဖြည့်ဆည်းပေး (၁၆)

ဒါဝိဒ်စပ်ဆိုတဲ့ ချီးမွမ်းသီချင်း။ א ၁၄၅  ကျွန်တော့်ဘုရားသခင်၊ ကျွန်တော့်ဘုရင်၊+ ကိုယ်တော့်ကို ချီးမြှောက်မယ်။ နာမတော်ကို အစဉ်ထာဝရ ချီးမွမ်းမယ်။+ ב ၂  ကိုယ်တော့်ကို တစ်နေ့လုံး ချီးမွမ်းမယ်။+ နာမတော်ကို အစဉ်ထာဝရ ချီးမွမ်းမယ်။+ ג ၃  ယေဟောဝါဟာ ကြီးမြတ်ပြီး ချီးမွမ်းခံထိုက်ဆုံးအရှင်ပါ။+ ကိုယ်တော့် ကြီးမြတ်မှုကို စိစစ်လို့မကုန်နိုင်ပါဘူး။+ ד ၄  ကိုယ်တော်ရဲ့ လုပ်ဆောင်မှုတွေကို လူမျိုးအစဉ်အဆက် ချီးမွမ်းကြလိမ့်မယ်။ တန်ခိုးကြီးလုပ်ရပ်တွေအကြောင်း ပြောကြလိမ့်မယ်။+ ה ၅  ဘုန်းတန်ခိုးတော်နဲ့ ခမ်းနားမြင့်မြတ်မှုတွေအကြောင်း သူတို့ပြောကြလိမ့်မယ်။+ ကိုယ်တော်ရဲ့ အံ့ဖွယ်လုပ်ဆောင်မှုတွေအကြောင်း ကျွန်တော် တွေးတောဆင်ခြင်မယ်။ ו ၆  အံ့မခန်းဖွယ် လုပ်ရပ်တွေအကြောင်း သူတို့ ပြောကြလိမ့်မယ်။ ကိုယ်တော့် ကြီးမြတ်မှုအကြောင်း ကျွန်တော် ကြေညာမယ်။ ז ၇  ကောင်းမြတ်ခြင်း ကျေးဇူးတော်အကြောင်း သူတို့ပြန်သတိရပြီး တဖွဖွ ပြောကြလိမ့်မယ်။+ ကိုယ်တော်ရဲ့ ဖြောင့်မတ်မှုကြောင့် ရွှင်လန်းစွာ ကြွေးကြော်ကြလိမ့်မယ်။+ ח ၈  ယေဟောဝါဟာ သနားစာနာတတ်ပြီး ကရုဏာရှိတယ်။+ အမျက်ထွက်နှေးပြီး ခိုင်မြဲတဲ့မေတ္တာ ကြီးမားတယ်။+ ט ၉  ယေဟောဝါဟာ သက်ရှိအားလုံးအပေါ် ကောင်းမြတ်တယ်။+ လုပ်ဆောင်မှုတိုင်းမှာ ကရုဏာတော်ကို အထင်အရှား တွေ့မြင်ရတယ်။ י ၁၀  အို ယေဟောဝါ၊ ကိုယ်တော်ရဲ့ လုပ်ဆောင်မှုတိုင်းဟာ ကိုယ်တော့်ကို ဂုဏ်တင်လိမ့်မယ်။+ သစ္စာစောင့်သိသူတွေ ကိုယ်တော့်ကို ချီးမွမ်းလိမ့်မယ်။+ כ ၁၁  မင်းအာဏာတော်ရဲ့ ဘုန်းတန်ခိုးအကြောင်း သူတို့ ကြေညာလိမ့်မယ်။+ ကိုယ်တော်ရဲ့ အစွမ်းခွန်အားအကြောင်း ပြောဆိုပြီး၊+ ל ၁၂  တန်ခိုးကြီးလုပ်ရပ်တွေ၊မင်းအာဏာတော်ရဲ့ ခမ်းနားလှတဲ့ ဘုန်းတန်ခိုးတွေအကြောင်း လူတွေကို ကြားသိစေလိမ့်မယ်။+ מ ၁၃  မင်းအာဏာတော်ဟာ ထာဝစဉ် တည်တယ်။ အာဏာစက်ဟာ နောင်လာနောက်သား အဆက်ဆက် တည်တံ့တယ်။+ ס ၁၄  ယေဟောဝါက လဲကျသွားသူတွေကို ထောက်မတယ်။+ ခေါင်းမမော်နိုင်သူတွေကို ထူမတယ်။+ ע ၁၅  အားလုံးက ကိုယ်တော့်ကို အားကိုးတကြီး မျှော်ကြည့်နေတယ်။ ကိုယ်တော်က အချိန်တန်တဲ့အခါ အစာရေစာ ပေးသနားတယ်။+ פ ၁၆  လက်တော်ကို ဖွင့်ပြီးသက်ရှိအားလုံးရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးတယ်။+ צ ၁၇  ယေဟောဝါရဲ့ နည်းလမ်းမှန်သမျှ ဖြောင့်မတ်တယ်။+ လုပ်လေသမျှမှာ သစ္စာစောင့်သိတယ်။+ ק ၁၈  ယေဟောဝါဟာ ဆုတောင်းတဲ့သူတိုင်း၊စိတ်ရင်းမှန်နဲ့ ဆုတောင်းသူတိုင်းရဲ့ အနီးအပါးမှာ ရှိတယ်။+ ר ၁၉  ကြောက်ရွံ့ရိုသေသူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတယ်။+ သူတို့ အော်ဟစ်အကူအညီတောင်းတဲ့အခါ နားထောင်ပြီး ကယ်တင်တယ်။+ ש ၂၀  ယေဟောဝါက မိမိကို ချစ်မြတ်နိုးသူအားလုံးကို စောင့်ရှောက်တယ်။+ လူဆိုးတွေကိုတော့ အစတုံး ဖျက်ဆီးလိမ့်မယ်။+ ת ၂၁  ယေဟောဝါကို ငါချီးမွမ်းမယ်။+ သက်ရှိအားလုံး သန့်ရှင်းတဲ့ နာမတော်ကို အစဉ်ထာဝရ ချီးမွမ်းကြပါ။+

အောက်ခြေမှတ်ချက်များ