မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 မေး​ခွန်း ၉

လူသားတွေ ဘာကြောင့် ဆင်းရဲဒုက္ခ ခံစားရတာလဲ

“အပြေး​သန်​တယ်​ဆို​တိုင်း ပြေး​ပွဲ​မှာ အမြဲအနိုင်​ရ​တာ မဟုတ်​ဘူး။ အင်အား​ကြီး​တယ်​ဆို​တိုင်း စစ်​ပွဲ​မှာ အမြဲအနိုင်​ရ​တာ မဟုတ်​ဘူး။ ဉာဏ်​ပညာ​ရှိ​တယ်​ဆို​တိုင်း အမြဲစား​စ​ရာ​ရှိ​တာ မဟုတ်​ဘူး။ ဉာဏ်​ကောင်း​တယ်​ဆို​တိုင်း အမြဲချမ်း​သာ​ကြွယ်​ဝ​တာ မဟုတ်​ဘူး။ ဗ​ဟု​သု​တ​ကြွယ်​တယ်​ဆို​တိုင်း အမြဲ​အောင်မြင်​တာ မဟုတ်​ဘူး။ လူ​အားလုံး​ဟာ မျှော်​လင့်​မထား​တဲ့ အချိန်​မှာ မျှော်လင့်​မထား​တဲ့ ဖြစ်​ရပ်တွေ ကြုံ​ရ​တတ်​လို့​ပဲ။”

ဒေ​သနာ ၉:၁၁

“အပြစ်​ဟာ လူ​တစ်​ယောက်​ကြောင့် လူ့​လော​က​ထဲ ရောက်​လာ​တယ်။ အပြစ်​ကြောင့် သေခြင်း​လည်း ပေါ်​ပေါက်​လာ​တယ်။ ဒါ​ကြောင့် လူ​အားလုံး​ဟာ အပြစ်​ရှိ​သူ​တွေ ဖြစ်​သွား​တဲ့​အတွက် သေဆုံး​ကြ​ရ​တယ်။”

ရော​မ ၅:၁၂

“မာရ်​နတ်​လုပ်​သမျှ​ကို ချေ​ဖျက်​ဖို့ ဘု​ရား​သခင်​ရဲ့​သား​တော် ရောက်​လာခဲ့တာ။”

၁ ယောဟန် ၃:၈

“တစ်​လော​က​လုံး​က​တော့ ဆိုး​ညစ်​သူ​ရဲ့ သြဇာ​အောက်​မှာ ရှိ​နေ​မှန်း ကျွန်တော်​တို့​သိ​တယ်။”

၁ ယောဟန် ၅:၁၉