မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

 မေး​ခွန်း ၅

ကျမ်းစာရဲ့ အဓိက သတင်းစကားက ဘာလဲ

“မင်း​နဲ့ မိန်း​မကို​ရော မင်း​ရဲ့​မျိုး​နွယ်​နဲ့ မိန်း​မရဲ့​မျိုး​နွယ်​ကို​ပါ ငါ​ရန်​ငြိုး​ဖွဲ့​စေ​မယ်။ သူက မင်း​ရဲ့​ခေါင်း​ကို ကြိတ်​လိမ့်​မယ်။ မင်း​လည်း သူ့​ဖနောင့်​ကို ပေါက်ရလိမ့်မယ်။”

ကမ္ဘာဦး ၃​:​၁၅

“ငါ့​စကား​ကို မင်း​နား​ထောင်​တဲ့​အတွက် ကမ္ဘာ​ပေါ်​မှာ​ရှိ​တဲ့ လူမျိုး​အားလုံး​ဟာ မင်း​ရဲ့​မျိုး​နွယ်​ကြောင့် ကောင်း​ချီး​ရ​လိမ့်​မယ်။”

ကမ္ဘာဦး ၂၂​:​၁၈

“နိုင်​ငံ​တော် လာ​ပါ​စေ။ အလို​တော်​ဟာ ကောင်း​ကင်​မှာ ပြည့်​စုံ​သလို ကမ္ဘာ​မြေမှာ​လည်း ပြည့်​စုံ​ပါ​စေ။”

မဿဲ ၆​:​၁၀

“ငြိမ်သက်​ခြင်း ပေး​သနား​တဲ့ ဘု​ရား​သခင်​က မကြာ​ခင် စာ​တန်​ကို ခင်​ဗျား​တို့​ရဲ့​ခြေ​အောက်​မှာ ချေ​မှုန်း​တော့​မယ်။”

ရော​မ ၁၆​:​၂၀

“အရာ​ခပ်​သိမ်း​ကို သား​တော်ရဲ့​ခြေ​အောက်​မှာ ချ​ထား​ပြီး​တဲ့​အခါ အရာခပ်သိမ်း​ကို ချ​ထား​တဲ့ ဘု​ရား​သခင်​ကို သား​တော်​ကိုယ်​တိုင် လက်​အောက်​ခံ​လိမ့်​မယ်။ အဲဒီ​အခါ ဘု​ရား​သခင်​ဟာ လူ​အားလုံး​ရဲ့ တစ်ပါး​တည်း​သော အုပ်​စိုး​ရှင် ဖြစ်လိမ့်မယ်။”

၁ ကော​ရိန္သု ၁၅​:​၂၈

 “ဘု​ရား​သခင်​က အာဗြဟံ​နဲ့ သူ့​မျိုး​နွယ်​ကို ကတိ​ပေး​ခဲ့​တယ်။ . . .  ခ​ရစ်​တော်ကို​ ရည်​ညွှန်း​ပြီး ‘မင်း​ရဲ့​မျိုး​နွယ်’ လို့​ပြော​ထား​တယ်။ ဒါ့​အပြင် ခင်​ဗျား​တို့​ဟာ ခရစ်တော်​ပိုင်​ဆိုင်​သူ​တွေ ဖြစ်​တဲ့​အတွက် အာဗြဟံ​ရဲ့ မျိုး​နွယ်​စစ်​စစ်​ပဲ။”

ဂလာ​တိ ၃​:​၁၆၊ ၂၉

“လော​က​နိုင်​ငံ​ဟာ ဘု​ရား​သခင်​ရဲ့​နိုင်​ငံ​နဲ့ ခ​ရစ်​တော်ရဲ့​နိုင်​ငံ ဖြစ်​ပြီ။ ဘု​ရား​သခင်​က ဘု​ရင်​အဖြစ် အစဉ်​ထာ​ဝ​ရ အုပ်​စိုး​တော့​မယ်။”

ဗျာဒိတ် ၁၁​:​၁၅

“ဒါ​ကြောင့် လူ​နေ​ထိုင်​ရာ မြေတစ်​ပြင်​လုံး​ကို လှည့်​စား​သူ၊ မာရ်​နတ် စာတန်လို့​ခေါ်​တဲ့ ရှေး​မြွေဟောင်း၊ န​ဂါး​ကြီး​ဟာ မြေကြီး​ပေါ် ပစ်​ချ​ခံ​ရ​တယ်။ သူ​နဲ့​အတူ သူ့ရဲ့ ကောင်း​ကင်​တ​မန်​တွေ​လည်း ပစ်​ချ​ခံ​ရ​တယ်။”

ဗျာဒိတ် ၁၂​:​၉

“သူ​က မာရ်​နတ် စာ​တန်​လို့​ခေါ်​တဲ့ ရှေး​မြွေဟောင်း န​ဂါး​ကြီး​ကို ဖမ်း​ပြီး အနှစ် ၁,၀၀၀ ချည်​နှောင်​လိုက်​တယ်။”

ဗျာဒိတ် ၂၀​:​၂