ယောဘ ၂၀:၁-၂၉

  • ဇော​ဖာ​ရဲ့ ဒုတိ​ယ​ပြော​ဆို​ချက် (၁-၂၉)

    • ယောဘ​စော်​ကား​တယ်​လို့ သူ​ခံစား (၂၊ ၃)

    • ဘု​ရား​တ​ရား​မဲ့​သူ​လို့ ယောဘ​ကို စောင်း​ပြော ()

    • အပြစ်​ပြု​ရ​တာ​ကို ခံ​တွင်း​တွေ့​တဲ့​သူ​လို့ ယောဘ​ကို စောင်း​ပြော (၁၂၊ ၁၃)

၂၀  နေ​မတ်​အမျိုး​သား ဇော​ဖာ+ ပြန်​ပြော​တာ​က–  ၂  “ကျုပ် စိတ်​မငြိမ်​မသက်​ဖြစ်​ပြီးရင်​ထဲ​မှာ ဗ​လောင်​ဆူ​နေ​လို့ ပြန်​ပြော​တော့​မယ်။  ၃  ကျုပ်​ကို စော်​ကား​တဲ့ ဆုံးမ​စကား​တွေ​ကို ကြား​နေ​ရ​တယ်။ ကျုပ်​လည်း သိ​ထား​တာ​တွေ​ရှိ​လို့ ပြော​ရ​တော့​မယ်။  ၄  ခင်​ဗျား သိ​မှာ​ပါ။ ကမ္ဘာ​ပေါ်​မှာ လူ​ရယ်​လို့ စ​ဖြစ်​လာ​ချိန်​က​တည်း​က+  ၅  လူ​ဆိုး​ဟာ ကြာ​ကြာ မပျော်​နိုင်​ပါ​ဘူး။ ဘုရား​တရား​မဲ့​သူ​က ပျော်​ရ​လည်း ခ​ဏ​ပါ​ပဲ။+  ၆  သူ့​ရဲ့​ကြီးမြတ်​မှု​က မိုး​ထိ​အောင် ရောက်​ပြီးခေါင်း​က မိုး​တိမ်​ကို မီ​နေ​ရင်​တောင်၊  ၇  မစင်​လို ထာ​ဝ​စဉ် ပျက်​စီး​သွား​လိမ့်​မယ်။ မြင်​နေ​ကျ​လူ​တွေ​က​လည်း ‘သူ​ဘယ်​ရောက်​သွား​ပါ​လိမ့်’ လို့​မေး​လိမ့်​မယ်။  ၈  သူ​က အိပ်​မက်​လို လွင့်​ပြယ်​သွား​မယ်။ ရှာ​လို့ မတွေ့​တော့​ဘူး။ ည​အိပ်​မက်​လို ပျောက်​လွင့်​သွား​မယ်။  ၉  တွေ့​ခဲ့​ဖူး​သူ​တွေ​က သူ့​ကို ထပ်​တွေ့​ရ​တော့​မှာ မဟုတ်​ဘူး။ နေ​ရင်း​အရပ်​မှာ​လည်း သူ့​ကို ထပ်​မြင်​ရ​တော့​မှာ မဟုတ်​ဘူး။+ ၁၀  သူ့​သား​သမီး​တွေ​က ဆင်း​ရဲ​သား​တွေ​ရဲ့ မျက်​နှာ​သာ​ရ​ဖို့ ကြိုး​စား​လိမ့်​မယ်။ သိမ်း​ယူ​ထား​တဲ့ စည်း​စိမ်​တွေ​ကို သူ​ကိုယ်​တိုင် ပြန်​ပေး​ရ​လိမ့်​မယ်။+ ၁၁  သူ့​အရိုး​အဆစ်တွေ သန်​စွမ်း​နေ​ပေမဲ့အဲဒီ​သန်​စွမ်း​မှု​နဲ့​အတူ မြေမှုန့်​ထဲ လဲလျောင်း​ရ​လိမ့်​မယ်။ ၁၂  မကောင်း​မှု​ကို ခံ​တွင်း​တွေ့​ပြီးငုံ​ထား​မယ်​ဆို​ရင်၊ ၁၃  မထွေး​ထုတ်​ဘဲ ဆက်​အရ​သာ​ခံ​နေ​မယ်​ဆို​ရင်၊ ၁၄  အစာ​က ဗိုက်​ထဲ​မှာ အချဉ်​ပေါက်​ပြီးမြွေဟောက်​အဆိပ်​လို ဖြစ်​သွား​လိမ့်​မယ်။ ၁၅  မျို​ချ​ထား​တဲ့ စည်း​စိမ်​တွေ​ကို ပြန်​အန်​ထုတ်​ရ​လိမ့်​မယ်။ ဘုရား​က အဲ​ဒါ​တွေ​ကို သူ့​ဗိုက်​ထဲ​က​နေ ထုတ်​ပစ်​လိမ့်​မယ်။ ၁၆  မြွေဟောက်​အဆိပ်​ကို သူ​စုပ်​ရ​လိမ့်​မယ်။ မြွေပွေး​အစွယ်​က သူ့​ကို သတ်​လိမ့်​မယ်။ ၁၇  စမ်း​ချောင်း​တွေ၊ ပျား​ရည်​နဲ့ ထော​ပတ်​စီး​တဲ့ ချောင်း​တွေ​ကိုသူ​မြင်​ရ​တော့​မှာ မဟုတ်​ဘူး။ ၁၈  ပစ္စည်း​ဥစ္စာတွေ​ကို မသုံး​စွဲ​လိုက်​ရ​ဘဲ ပြန်​ပေး​ရ​မယ်။ ကုန်​သွယ်လို့​ရ​တဲ့ စည်း​စိမ်​တွေ​ကို စံ​စား​ရ​မှာ မဟုတ်​ဘူး။+ ၁၉  သူ​က ဆင်း​ရဲ​သား​တွေ​ကို နင်း​ခြေ​ပြီး ပစ်​ထား​ခဲ့​တယ်။ ကိုယ်​မဆောက်​တဲ့ အိမ်​ကို​လည်း လုယူ​ခဲ့​တယ်။ ၂၀  ဒါ​ကြောင့် သူ​ငြိမ်သက်​မှု​ခံစား​ရ​မှာ မဟုတ်​ဘူး။ စည်း​စိမ်​က​လည်း သူ​လွတ်​မြောက်​အောင် လုပ်​ပေး​နိုင်​မှာ မဟုတ်​ဘူး။ ၂၁  သူ​ဝါး​မျို​စ​ရာ ဘာ​မှ​ကျန်​မှာ မဟုတ်​ဘူး။ သူ့​ရဲ့​ချမ်း​သာ​ကြွယ်​ဝ​မှု​ဟာ တည်​မြဲမှာ မဟုတ်​ဘူး။ ၂၂  သူ​ဟာ ကျိ​ကျိ​တက် ချမ်း​သာ​နေ​ချိန်​မှာ စိုး​ရိမ်​ပူ​ပန်​နေ​ရ​လိမ့်​မယ်။ အကြောင်း​မလှ​မှု​တွေ စု​ပြုံ​ရောက်​လာ​လိမ့်​မယ်။ ၂၃  သူ ဗိုက်​ဖြည့်​နေ​ချိန်​မှာဘုရား​သခင်​က ဒေါသ​မီး​တွေ လွှတ်​လိမ့်​မယ်။ ဗိုက်​ထဲ​ကို ဒေါသ​မိုး​တွေ လောင်း​ချ​မယ်။ ၂၄  သံ​လက်​နက်​တွေ​ကို ရှောင်​ပြေး​နေ​ချိန်​မှာကြေး​နီ​မြား​တွေ သူ့​ကို ထုတ်​ချင်း​ခွင်း​လိမ့်​မယ်။ ၂၅  ကျော​မှာ စိုက်​နေ​တဲ့​မြား၊သည်း​ခြေ​မှာ စိုက်​နေ​တဲ့ လက်​နက်​ကို ဆွဲ​နုတ်​လိမ့်​မယ်။ သူ ကြောက်​လန့်​သွား​လိမ့်​မယ်။+ ၂၆  အမှောင်​ထု​က သူ့​ဘဏ္ဍာတွေ​ကို စောင့်​နေ​မယ်။ ဘယ်​သူ​မှ မီး​ထိုး​ယပ်​ခတ် မလုပ်​တဲ့​မီး​က သူ့​ကို ဝါး​မျို​မယ်။ တဲ​ထဲ​မှာ အသက်​ရှင်​ကျန်​ရစ်​သူ​တွေ​ကို ဘေး​ဆိုး စောင့်​နေ​မယ်။ ၂၇  မိုး​ကောင်း​ကင်​က သူ့​အမှား​ကို ဖော်​ထုတ်​မယ်။ ကမ္ဘာ​မြေက သူ့​ကို ဆန့်​ကျင်​မယ်။ ၂၈  ရေ​လွှမ်း​မိုး​ဘေး​က သူ့​အိမ်​ကို တိုက်​ချ​သွား​မယ်။ အမျက်​တော်​ထွက်​တဲ့​နေ့​မှာ ရေတွေ ဒ​လ​ဟော​စီး​နေ​မယ်။ ၂၉  ဒါ​တွေ​ဟာ ဘုရား​သခင်​ဆီ​က​နေ လူ​ဆိုး​ရ​တဲ့​ဝေ​စု​ပဲ။ သူ့​အတွက် ဘုရား​သတ်​မှတ်​ထား​တဲ့ အမွေ​ပဲ။”

အောက်ခြေမှတ်ချက်များ