ယောဘ ၂၆:၁-၁၄

  • ယောဘ ပြန်​ပြော (၁-၁၄)

    • “ခွန်​အား​မရှိ​သူ​ကို အခု​လို ကူညီ​ကြ​တယ်​ပေါ့” (၁-၄)

    • ‘ဘု​ရား​က ကမ္ဘာ​မြေကို ဘာ​နဲ့​မှ​မချိတ်​ဆွဲ​ဘဲ ဆိုင်း​ထား​တယ်’ ()

    • “ဘု​ရားရဲ့​လုပ်​ဆောင်​မှု​တွေ​ထဲ​မှာ အရိပ်​အမြွက်​ပဲ ရှိ​သေး​တယ်” (၁၄)

၂၆  ယောဘ ပြန်​ပြော​တာ​က– ၂  “ခင်​ဗျား​တို့​က ခွန်​အား​မရှိ​သူ​ကို အခု​လို ကူညီ​ကြ​တယ်​ပေါ့။ အား​မရှိ​တဲ့​လက်​ကို အခု​လို အား​ပေး​ကြ​တယ်​ပေါ့။+  ၃  ဉာဏ်​ပညာ​မရှိ​သူ​ကို ခင်​ဗျား​တို့​ပေး​တဲ့ အကြံ​ဉာဏ်​က ကောင်း​လိုက်​တာ။+ လက်​တွေ့​ကျ ဉာဏ်​ပညာ​ရှိ​မှန်း ပြနေ​ကြ​တာ​ပေါ့။  ၄  ခင်​ဗျား​တို့ ဘယ်​သူ့​ကို ပြော​နေ​တာ​လဲ။ ဒီ​လို​ပြော​ဖို့ ဘယ်​သူ သင်​ပေး​တာ​လဲ။  ၅  အစွမ်း​မရှိ​တော့​တဲ့ လူ​သေတွေ တုန်​လှုပ်​နေ​တယ်။ ပင်လယ်​နဲ့ ပင်လယ်​သတ္တ​ဝါ​တွေ​ထက်​တောင် နိမ့်​ကျ​သွား​တယ်။  ၆  ဘုရား​သခင်​ရှေ့​မှာ သင်္ချိုင်း​ကို​တောင် ဖုံး​ကွယ်​ထား​လို့ မရ​ဘူး။+ ဖျက်​ဆီး​ခြင်း​အရပ်​က​လည်း အဖုံး​အကာ မရှိ​ဘူး။  ၇  ဘုရား​က မြောက်​ဘက်​မိုး​ကောင်း​ကင်​ကို လ​ဟာ​ပြင်​ဘက် ပြန့်​ကား​စေ​တယ်။+ ကမ္ဘာ​မြေကို ဘာ​နဲ့​မှ​မချိတ်​ဆွဲ​ဘဲ ဆိုင်း​ထား​တယ်။  ၈  ရေ​ရဲ့​အလေး​ချိန်​ကြောင့် တိမ်​တွေ ပေါက်​ထွက်​မသွား​အောင်တိမ်​စိုင်​တွေ​ထဲ ရေ​ကို ပတ်​ရစ်​သိမ်း​ဆည်း​တယ်။+  ၉  ရာ​ဇ​ပလ္လင်​ကို မမြင်​နိုင်​အောင်တိမ်​တိုက်​တွေ ဖြန့်​ပြီး ကွယ်​ထား​တယ်။+ ၁၀  ရေ​မျက်​နှာ​ပြင်​ပေါ်​မှာ မိုး​ကုပ်​စက်​ဝိုင်း​ကို သတ်​မှတ်​တယ်။+ အလင်း​နဲ့​အမှောင်​ကို ပိုင်း​ခြား​တယ်။ ၁၁  မိုး​ကောင်း​ကင်​ရဲ့​တိုင်​တွေ လှုပ်​ခါ​တယ်။ ဘုရား ဆုံးမ​လိုက်​တဲ့​အခါ မှင်​တက်​သွား​တယ်။ ၁၂  ပင်လယ်​ကို တန်ခိုး​တော်​နဲ့ မွှေ​နှောက်​တယ်။+ ပင်လယ်​သတ္တ​ဝါ​ကြီး​ကို ဉာဏ်​ပညာ​နဲ့ အပိုင်း​ပိုင်း​ဖြတ်​တယ်။+ ၁၃  ကောင်း​ကင်​ကို ရှူ​ထုတ်​လိုက်​တဲ့​လေ​နဲ့ သန့်​စင်​စေ​တယ်။ လျှော​ခ​နဲ​ပြေး​တဲ့ မြွေကို လက်​တော်​နဲ့ အဆုံး​စီရင်​တယ်။ ၁၄  ဒါ​တွေ​ဟာ ဘုရား​ရဲ့ လုပ်​ဆောင်​မှု​တွေ​ထဲ​မှာ အရိပ်​အမြွက်​ပဲ ရှိ​သေး​တယ်။+ ဘုရား​ရဲ့​အသံ​ကို သဲ့​သဲ့​လေး​ကြား​ရ​ရုံ​ပဲ ရှိ​သေး​တယ်။ ဒီ​တော့ ဘုရား​ဖြစ်​ပေါ်​စေ​တဲ့ မိုး​ခြိမ်း​သံ​အကြောင်း​ကို ဘယ်​သူ​နား​လည်​နိုင်​မှာ​လဲ။”+

အောက်ခြေမှတ်ချက်များ