ယောဘ ၁၃:၁-၂၈

  • ယောဘ ဆက်​ပြော (၁-၂၈)

    • ‘ဘု​ရား​နဲ့​ပဲ စကား​ပြော​ချင်​တယ်’ ()

    • ‘ခင်​ဗျား​တို့​ဟာ သုံး​စား​လို့​မရ​တဲ့ သမား​တော်တွေ​ပဲ’ ()

    • “ကိုယ်​မှန်​တာ ကိုယ်​သိ​တယ်” (၁၈)

    • ဘာ​လို့ ရန်​သူ​လို သဘော​ထား​ရ​တာ​လဲ​လို့ ဘု​ရား​ကို မေး (၂၄)

၁၃  “ဒါ​တွေ​အားလုံး​ကို ကျုပ် မျက်​စိ​နဲ့ တပ်​အပ်​မြင်​ပြီ။ နား​နဲ့ ဆတ်​ဆတ်​ကြား​ပြီး နား​လည်​ပြီ။  ၂  ခင်​ဗျား​တို့​လောက်​တော့ ကျုပ်​လည်း သိ​ပါ​တယ်။ ခင်​ဗျား​တို့​ထက် မညံ့​ပါ​ဘူး။  ၃  ကျုပ်​က​တော့ အနန္တ​တန်ခိုး​ရှင်​နဲ့​ပဲ စကား​ပြော​ချင်​တယ်။ ကိုယ့်​အမှု​ကို ဘုရား​သခင်​ဆီ​ပဲ တင်​ပြချင်​တယ်။+  ၄  ခင်​ဗျား​တို့​က မဟုတ်​တာ​တွေ​ပြော​ပြီး ကျုပ်​ကို သိက္ခာ​ချ​နေ​ကြ​တယ်။ ခင်​ဗျား​တို့​အားလုံး သုံး​စား​လို့​မရ​တဲ့ သမား​တော်တွေ​ပဲ။+  ၅  တိတ်​တိတ်​နေ​ကြ။ ဒါ​မှ ခင်​ဗျား​တို့​ကို ပညာ​ရှိ​တယ်​လို့ ထင်​ကြ​မှာ။+  ၆  ကျုပ်​ရဲ့​ချေ​ပချက်​ကို နား​ထောင်​ကြ​ဦး။ ကျုပ်​ရဲ့​လျှောက်​လဲ​ချက်​ကို အာ​ရုံ​စိုက်​ကြ​ဦး။  ၇  ခင်​ဗျား​တို့​က ဘုရား​သခင်​ ဘက်​မှာ   နေ​ပြီး မတရား​ ပြော​မလို့​လား။ လှည့်​စား​ပြော​ဆို​မလို့​လား။  ၈  ဘုရား​ဘက်​မှာ နေ​ကြ​မလို့​လား။ စစ်​မှန်​တဲ့​ဘုရား​သခင်​ဘက်​မှာ​နေ​ပြီး လျှောက်​လဲ​ပေး​မလို့​လား။  ၉  ဘုရား​သာ စစ်​ဆေး​ရင် ခင်​ဗျား​တို့​အတွက် ကောင်း​နိုင်​ပါ့​မလား။+ သေမျိုး​ဖြစ်​တဲ့​လူ​ကို လှည့်​စား​သ​လို ဘုရား​ကို လှည့်​စား​မလို့​လား။ ၁၀  ခင်​ဗျား​တို့ မသိ​မသာ မျက်​နှာ​လိုက်​နေ​ရင်ကောင်း​ကောင်း ဆုံးမ​ခံ​ရ​လိမ့်​မယ်။+ ၁၁  ဘုရား​ရဲ့ ဂုဏ်​အရှိန်​အဝါ​ကို မလန့်​ကြ​ဘူး​လား။ ဘုရား​ကို မကြောက်​ကြ​ဘူး​လား။ ၁၂  ခင်​ဗျား​တို့​ရဲ့ ပညာ​အလိမ္မာ​စကား​တွေ​ဟာ ပြာ​လို​ပဲ တန်​ဖိုး​မရှိ​ဘူး။ ချေ​ပချက်​တွေ​က​လည်း ရွှံ့​စေး​ဒိုင်း​လွှား​လို​ပဲ မခိုင်​မာ​ဘူး။ ၁၃  တိတ်​တိတ်​နေ​ကြ​ပါ။ ကျုပ် ပြော​ပါ​ရ​စေ။ ပြီး​မှ ဖြစ်​ချင်​တာ ဖြစ်​ပါ​စေ​တော့။ ၁၄  ကျုပ် ဘာ​လို့ အသက်​အန္တရာယ် ကြုံ​နေ​ရ​တာ​လဲ။ ဘာ​လို့ အသက်​ကို ရင်း​ရ​မှာ​လဲ။ ၁၅  ဘုရား​သတ်​လို့ သေရ​မယ်​ဆို​ရင်​လည်း ကျုပ် စောင့်​မျှော်​နေ​ဦး​မယ်။+ ကျုပ်​ရဲ့​အမှု​ကို ရှေ့​တော်​မှာ ခု​ခံ​ပြော​ဆို​မယ်။ ၁၆  တရား​မဲ့​သူ​တစ်​ယောက်​မှ ရှေ့​တော်​ကို မဝင်​လာ​နိုင်​ဘူး​ ဆို​တော့+ကျုပ်​ကို ဘုရား​ကယ်​မှာ​ပါ။+ ၁၇  ကျုပ်​စကား​ကို အသေအချာ နား​ထောင်​ကြ​ပါ။ ကျုပ်​ရဲ့​ထွက်​ဆို​ချက်​ကို အာ​ရုံ​စိုက်​ကြ​ပါ။ ၁၈  အခု ကျုပ်​ရဲ့​အမှု​ကို တင်​ပြဖို့ အသင့်​ဖြစ်​နေ​ပြီ။ ကိုယ်​မှန်​တာ ကိုယ်​သိ​တယ်။ ၁၉  ကျုပ်​နဲ့ ဘယ်​သူ​တရား​ဆိုင်​မလဲ။ ကျုပ် နှုတ်​ဆိတ်​ပြီး​သာ​နေ​ရ​ရင် သေရ​ချည်​ရဲ့။* ၂၀  အို ဘုရား​သခင်၊ ကျွန်​တော် တောင်း​ဆို​ချင်​တဲ့ ဒီ​အချက်​နှစ်​ချက်​ကို လိုက်​လျော​ပေး​ရင်ကိုယ်​တော့်​ကို ရှောင်​ဖယ်​မနေ​တော့​ပါ​ဘူး။ ၂၁  ကျွန်​တော့်​အပေါ် တင်​ထား​တဲ့ လေး​လံ​တဲ့​လက်​ကို ဖယ်​ပေး​ပါ။ ကိုယ်​တော့်​ကို ကြောက်​တဲ့​စိတ်​နဲ့ ချောက်​ချား​ပြီး မနေ​ပါ​ရ​စေ​နဲ့။+ ၂၂  ကျွန်​တော့်​ကို ခေါ်​ပါ။ ပြန်​ထူး​ပါ့​မယ်။ ကျွန်​တော်​ပြော​ရင်​လည်း တုံ့​ပြန်​ပေး​ပါ။ ၂၃  ကျွန်​တော် ဘာ​အမှား​တွေ၊ ဘာ​အပြစ်​တွေ လုပ်​ခဲ့လို့​လဲ။ ကျွန်​တော့်​ပြစ်​မှား​မှု​နဲ့ အပြစ်​တွေ​ကို ဖော်​ထုတ်​လိုက်​ပါ။ ၂၄  ကျွန်​တော့်​ကို ဘာ​လို့ မျက်​နှာ​လွှဲပြီး+ရန်​သူ​လို သဘော​ထား​ရ​တာ​လဲ။+ ၂၅  လေ​နှင်​ရာ​လွင့်​တဲ့ သစ်​ရွက်​ကို ခြောက်​လှန့်​မလို့​လား။ ရိုး​ပြတ်​ခြောက်​ကို လိုက်​ဖမ်း​မလို့​လား။ ၂၆  ကျွန်​တော်​နဲ့​ပတ်​သက်​တဲ့ ပြင်း​ထန်​တဲ့ စွပ်​စွဲ​ချက်​တွေ​ကို ကိုယ်​တော် ရေး​မှတ်​ထား​တယ်။ ငယ်​ငယ်​တုန်း​က ကျူး​လွန်​ခဲ့​တဲ့ အပြစ်​တွေ​အတွက် ဖြေရှင်း​ချက်​ပေး​ခိုင်း​တယ်။ ၂၇  ကျွန်​တော့်​ကို ထိတ်​တုံး​ခတ်​ထား​တယ်။ ကျွန်​တော်​သွား​တဲ့​လမ်း​တွေ​ကို နှိုက်​နှိုက်​ချွတ်​ချွတ် စစ်ဆေးတယ်။ တ​ကောက်​ကောက် ခြေ​ရာ​ခံ​လိုက်​တယ်။ ၂၈  ဒါ​ကြောင့် ကျွန်​တော်​ဟာ* ပုပ်ဆွေး​နေ​တဲ့​အရာ​လို၊ပိုး​စား​နေ​တဲ့ အဝတ်​လို ပျက်​စီး​သွား​တာ​ပေါ့။

အောက်ခြေမှတ်ချက်များ

“တရား​ဆိုင်​နိုင်​တဲ့​သူ​ရှိ​ရင် ကျုပ် နှုတ်​ဆိတ်​ပြီး အသေခံ​ပါ့​မယ်” လည်း​ဖြစ်​နိုင်။
မူ​ရင်း၊ “လူ​ဟာ။”