ယောဘ ၁၁:၁-၂၀

  • ဇော​ဖာ​ရဲ့ ပထ​မပြော​ဆို​ချက် (၁-၂၀)

    • အဓိပ္ပာယ်​မဲ့​တာ​တွေ​ပြော​တယ်​လို့ ယောဘ​ကို စွပ်​စွဲ (၂၊ ၃)

    • မကောင်း​မှု စွန့်​ဖို့ ယောဘ​ကို​ပြော (၁၄)

၁၁  နေ​မတ်​အမျိုး​သား ဇော​ဖာ+ ပြန်​ပြော​တာ​က–  ၂  “ဒီ​စကား​တွေ​အတွက် အဖြေမရှိ​ဘဲ နေ​မလား။ စကား​အများ​ကြီး ပြော​တိုင်း မှန်​နိုင်​မှာ​လား။  ၃  ခင်​ဗျား​ရဲ့ အဓိပ္ပာယ်​မဲ့ စကား​တွေ​ကြောင့် လူ​တွေ နှုတ်​ဆိတ်​သွား​မှာ​လား။ လှောင်​ပြောင်​တဲ့ စကား​တွေ​ကို အပြစ်​တင်​တဲ့​သူ မရှိ​ဘဲ​နေ​မှာ​လား။+  ၄  ‘ကျုပ်​ရဲ့​သွန်သင်​ချက်​တွေ​ဟာ အမှန်​တွေ​ပါ။+ ဘုရား​ရှေ့​မှာ ကျုပ် သန့်​ရှင်း​တယ်’ လို့ ခင်​ဗျား​ပြော​ခဲ့​တယ်။+  ၅  ဒါ​ပေမဲ့ ဘုရား​ပဲ နှုတ်​ကို​ဖွင့်​ပြီးခင်​ဗျား​ကို ပြော​ပါ​စေ။+  ၆  လက်​တွေ့​ကျ ဉာဏ်​ပညာ​မှာ အသွင်​အပြင် အမျိုး​မျိုး​ရှိ​တဲ့​အတွက်ဉာဏ်​ပညာ​ရဲ့ လျှို့ဝှက်​ချက်​တွေ​အကြောင်း ဘုရား ပြော​ပြလိမ့်​မယ်။ အမှား​တ​ချို့​ကို ဘုရား​သခင် တမင်​မေ့​ထား​ပေး​မှန်း ခင်​ဗျား​သိလာ​မယ်။  ၇  ဘုရား​ရဲ့ နက်​နဲ​တဲ့​ဉာဏ်​ပညာ​အကြောင်း ခင်​ဗျား ထုတ်​ဖော်​နိုင်​သလား။ အနန္တ​တန်ခိုး​ရှင်​အကြောင်း​ကို အကုန်​အစင် ထုတ်​ဖော်​နိုင်​သလား။  ၈  ဉာဏ်​ပညာ​ဟာ မိုး​ကောင်း​ကင်​ထက် ပို​မြင့်​တဲ့​အတွက် ခင်​ဗျား ဘယ်​လို​လုပ် ရ​ယူ​နိုင်​မှာ​လဲ။ သင်္ချိုင်း​ထက် ပို​နက်​ရှိုင်း​တဲ့​အတွက် ဘယ်​လို​လုပ် သိ​နိုင်​မှာ​လဲ။  ၉  ဉာဏ်​ပညာ​ဟာ ကမ္ဘာ​မြေထက် ကျယ်​ဝန်း​တယ်။ ပင်လယ်​ထက် ကျယ်​ပြန့်​တယ်။ ၁၀  ဘုရား​က ဖြတ်​သွား​ပြီး တစ်​ယောက်​ယောက်​ကိုတရား​ရုံး​ဆီ ဆွဲ​ခေါ်​သွား​ရင် ဘယ်​သူ တား​နိုင်​မှာ​လဲ။ ၁၁  လှည့်​စား​တတ်​သူ​တွေ​ကို ဘုရား​သိ​တယ်။ ဆိုး​ညစ်​တဲ့​အရာ​ကို မြင်​တဲ့​အခါ အရေး​မစိုက်​ဘဲ နေ​မှာ​လား။ ၁၂  မြည်း​ရိုင်း​က လူ​ကို မွေး​ထုတ်​တဲ့​အခါ​ကျ​မှဦး​နှောက်​မရှိ​သူ​လည်း သိ​နား​လည်​မှု ရှိ​လာ​လိမ့်​မယ်။ ၁၃  ခင်​ဗျား​သာ စိတ်​ကို​ပြင်​ဆင်​ပြီး ဘုရား​ဆီ လက်​ဖြန့်​အသနား​ခံ​မယ်​ဆို​ရင်၊ ၁၄  ကိုယ်​လုပ်​နေ​တဲ့ မကောင်း​မှု​တွေ​ကို စွန့်​ပစ်​ပြီးကိုယ့်​တဲ​မှာ မဖြောင့်​မတ်​တာ ဘာ​တစ်​ခု​ကို​မှ လက်မခံ​​ဘူး​ဆို​ရင်၊ ၁၅  အပြစ်​ပြော​စ​ရာ​မရှိ​ဘဲ ခေါင်း​မော့​နိုင်​မှာ။ ဘာ​ကို​မှ မကြောက်​ဘဲ ရပ်​တည်​နိုင်​မှာ။ ၁၆  အဲဒီ​အခါ ကိုယ့်​ဒုက္ခ​ကို မေ့သွား​မယ်။ စီး​ဆင်း​သွား​တဲ့​ရေ​လို​ပဲ ယူ​မှတ်​လိမ့်​မယ်။ ၁၇  ခင်​ဗျား​ဘဝ​ဟာ မွန်း​တည့်​ချိန်​ထက် တောက်​ပမယ်။ ဘဝ​မိုး​မှောင်​ကျ​ချိန်​မှာ​တောင် မနက်​ခင်း​လို ဖြစ်​မယ်။ ၁၈  မျှော်​လင့်​ချက်​ရှိ​တဲ့​အတွက် ယုံကြည်​စိတ်​ချ​မှု ရှိ​နေ​မယ်။ ပတ်​လည်​ကို ကြည့်​ပြီး​တဲ့​နောက် စိတ်​ချ​လက်​ချ အိပ်​စက်​နိုင်​မယ်။ ၁၉  ခြောက်​လှန့်​သူ တစ်​ယောက်​မှ​မရှိတဲ့အတွက် အေး​အေး​ဆေးဆေး လဲ​လျောင်း​ရ​လိမ့်မယ်။ လူ​တွေ​က ခင်​ဗျား​ရဲ့ မျက်​နှာ​သာ​ရ​ဖို့ ကြိုး​စား​ကြ​လိမ့်​မယ်။ ၂၀  လူ​ဆိုး​တွေ​က​တော့ မျက်​စိ​မှုန်​လာ​မယ်။ ပြေး​စ​ရာ​မြေ ရှိ​မှာ​မဟုတ်​ဘူး။ သူတို့​ရဲ့ ​တစ်​ခု​တည်း​သော​​မျှော်လင့်​ချက်​ဟာ သေ​ခြင်းပဲ။”+

အောက်ခြေမှတ်ချက်များ