ယောဘ ၃၆:၁-၃၃

  • ဘု​ရားရဲ့ စိ​စစ်​လို့​မကုန်​နိုင်​တဲ့ ကြီးမြတ်​မှု​ကို ဧလိဟု ချီး​မွမ်း (၁-၃၃)

    • နာ​ခံ​သူ ကြီး​ပွား၊ ဘု​ရား​မဲ့​သူ ပစ်​ပယ်​ခံ​ရ (၁၁-၁၃)

    • ‘ဘု​ရား​လို သွန်သင်​နိုင်​သူ ဘယ်​သူ​ရှိ​သလဲ’ (၂၂)

    • ဘု​ရား​ကို ယောဘ ချီး​မွမ်း​သင့် (၂၄)

    • ‘ဘု​ရားရဲ့​ကြီးမြတ်​မှု​ကို အပြည့်​အဝ မသိ​နိုင်’ (၂၆)

    • မိုး​ရေ​နဲ့ လျှပ်​စီး​တွေ​ကို ဘု​ရား​ထိန်း​ချုပ် (၂၇-၃၃)

၃၆  ဧလိဟု ဆက်​ပြော​တာ​က– ၂  “ကျွန်​တော် ရှင်း​ပြနေ​တုန်း နည်း​နည်း​လောက် သည်း​ခံ​ပေး​ပါ။ ဘုရား​သခင်​ကိုယ်​စား ကျွန်​တော် ပြော​စ​ရာ​ရှိ​သေး​တယ်။  ၃  ကျွန်​တော်​သိ​ထား​သမျှ ပြော​ပြပါ့​မယ်။ ဖန်​ဆင်း​ရှင် ဖြောင့်​မတ်​တယ်​ဆို​တာ​ကို ကြေ​ညာ​ပါ့​မယ်။+  ၄  ကျွန်​တော်​ပြော​တာ​တွေ​ဟာ အမှန်​တွေ​ပါ။ အသိ​ပညာ​နဲ့ ပြီး​ပြည့်​စုံ​တဲ့​အရှင်​က+ ခင်​ဗျား​ရှေ့​မှာ ရှိ​တယ်။  ၅  ဘုရား​သခင်​ဟာ တ​ကယ်​ခွန်​အား​ကြီး​တယ်။+ သိ​နား​လည်​နိုင်​စွမ်း​လည်း ကြီး​မား​တယ်။ ဒါ​ပေမဲ့ ဘယ်​သူ့​ကို​မှ အထင်​မသေး​ဘူး။  ၆  ဘုရား​က လူ​ဆိုး​တွေ​ကို အသက်​ဆက်​ရှင်​စေ​မှာ မဟုတ်​ဘူး။+ ဒုက္ခ​ရောက်​နေ​သူ​တွေ​ကို​တော့ တရား​သဖြင့် စီရင်​လိမ့်​မယ်။+  ၇  ဖြောင့်​မတ်​သူ​တွေ​ကို အကြည့်​ မလွှဲ​ဘူး။+ သူတို့​ကို ဘုရင်​တွေ​အဖြစ် နန်း​တင်ပြီး+ ထာ​ဝ​စဉ်​ ချီး​မြှောက်​တယ်။  ၈  ဒါ​ပေမဲ့ သူတို့​ရဲ့​ခြေ​လက်​တွေ ထိတ်​ခတ်​ခံ​ရ​ပြီးဒုက္ခ​ကြိုး​တွေ​နဲ့ ချည်​နှောင်​ခံ​ရ​တဲ့​အခါ၊  ၉  ဘုရား​က သူတို့​လုပ်​ခဲ့​တာ​တွေ၊သူတို့​ရဲ့​မာ​န​ကြောင့် ကျူး​လွန်​ခဲ့​တဲ့ ပြစ်​မှား​မှု​တွေ​ကို ဖော်​ပြလိမ့်​မယ်။ ၁၀  ဘုရား​က တည့်​မတ်​ပေး​ဖို့ သူတို့​ရဲ့​နား​ကို ဖွင့်​တယ်။ မကောင်း​မှု​ကို​ရှောင်​ဖို့ သူတို့​ကို ပြော​တယ်။+ ၁၁  ဘုရား​ကို နာ​ခံ​ပြီး ဝတ်​ပြု​မယ်ဆိုရင်သူတို့​အသက်​ရှင်​ရ​တဲ့ နေ့​ရက်​တွေ ကြွယ်​ဝ​ကောင်း​စား​လိမ့်​မယ်။ သူတို့​အသက်​ရှင်​ရ​တဲ့ နှစ်​တွေ သာ​ယာ​ချမ်း​မြေ့လိမ့်​မယ်။+ ၁၂  မနာ​ခံ​ရင်​တော့ ဓား​ဘေး​နဲ့ ဆုံး​ပါး​လိမ့်​မယ်။+ အသိ​ပညာ​မရှိ​ဘဲ သေဆုံး​ရ​လိမ့်​မယ်။ ၁၃  ဘုရား​တရား​မဲ့​သူ​တွေ​ဟာ နာ​ကြည်း​စိတ်​ကို သို​ထား​တယ်။ ဘုရား​ချုပ်​နှောင်​ရင်​တောင် အော်​ဟစ်​အကူ​အညီ မတောင်း​ကြ​ဘူး။ ၁၄  သူတို့​က ငယ်​ငယ်​ရွယ်​ရွယ်​နဲ့ သေရ​လိမ့်​မယ်။+ ဗိမာန်​မှာ​ရှိ​တဲ့ ယောက်ျား​ ပြည့်​တန်​ဆာ​တွေ​နဲ့​အတူ ဘဝ​ဆုံး​ရ​လိမ့်​မယ်။+ ၁၅  ဒါ​ပေမဲ့ ဘုရား​က ဒုက္ခ​ရောက်​ နေ​သူ​ကို ဒုက္ခ​နွံ​ထဲ​က​နေ ကယ်​ဆယ်​တယ်။ သူတို့ ဖိ​နှိပ်​ခံ​ရ​တဲ့​အခါ နား​ကို​ဖွင့်​ပေး​တယ်။ ၁၆  ခင်​ဗျား​ကို ဒုက္ခ​တွင်း​ဝ​က​နေ ဆွဲ​တင်​ပြီး+တား​မြစ်​ချုပ်​ချယ်​မှု​ကင်း​တဲ့၊ ကျယ်​ဝန်း​တဲ့​အရပ်​ဆီ ခေါ်​သွား​တယ်။+ ခင်​ဗျား​ကို စိတ်​သက်​သာ​စေ​မယ့် စား​ကောင်း​သောက်​ဖွယ်​တွေ စား​ပွဲ​ပေါ်​မှာ ရှိ​နေ​တယ်။+ ၁၇  တရား​စီရင်​မယ့်​အချိန်၊ တရား​မျှ​တ​မှု​ကို အတည်​ပြု​မယ့်​အချိန် ရောက်​လာ​တဲ့​အခါလူ​ဆိုး​တွေ တရား​စီရင်​ခံ​ရ​တဲ့​အတွက် ခင်​ဗျား စိတ်​ကျေ​နပ်​ရ​လိမ့်​မယ်။+ ၁၈  ဒါ​ပေမဲ့ ဒေါသ​ကြောင့် အာ​ဃာ​တ မထား​မိ​အောင် သတိ​ထား​ပါ။+ လာဘ်​ထိုး​နိုင်​တာ​ပဲ​ဆို​ပြီး လမ်း​မလွဲ​သွား​ပါ​နဲ့။ ၁၉  ခင်​ဗျား အော်​ဟစ်​အကူ​အညီ​တောင်း​နေ​လို့​ကော၊ဒါ​မှ​မဟုတ် အား​သွန်​ခွန်​စိုက် ကြိုး​စား​လို့​ကော ဒုက္ခ​က​နေ လွတ်​မြောက်​ပါ့​မလား။+ ၂၀  လူ​တွေ ပျောက်​ကွယ်​ သွား​တတ်​တဲ့ည​အချိန်​ကို မတောင့်​တ​ပါ​နဲ့။ ၂၁  ဒုက္ခ​ခံ​မယ့်​အစား မကောင်း​တာ​တွေ​ပဲ လုပ်​တော့​မယ်​ဆို​ပြီးမကောင်း​မှု​ဘက် ခြေ​ဦး​ပြန်​မလှည့်​သွား​မိ​ဖို့ သတိ​ထား​ပါ။+ ၂၂  ကြည့်​ပါ​ဦး။ ဘုရား​သခင်​ဟာ တန်ခိုး သိပ်​ကြီး​မား​တယ်။ ဘုရား​လို သွန်သင်​နိုင်​သူ ဘယ်​သူ​ရှိ​သလဲ။ ၂၃  ဘုရား​ရဲ့​လမ်း​စဉ်​ကို ဘယ်​သူ လမ်း​ညွှန်​ပေး​သလဲ။*+ ‘ကိုယ်​တော်​လုပ်​တာ မှား​တယ်’ လို့ ဘယ်​သူ​ပြော​မလဲ။+ ၂၄  ဘုရား​ရဲ့​လုပ်​ဆောင်​မှု​တွေ​ကို လူ​တွေ ချီး​မွမ်း​ကြ​တယ်။+ ခင်​ဗျား​လည်း ဂုဏ်​တင်​ချီး​မွမ်း​ဖို့ သတိ​ရ​ပါ။+ ၂၅  ဘုရား​ရဲ့​လုပ်​ဆောင်​မှု​တွေ​ကို လူ​အားလုံး မြင်​ရ​တယ်။ သေမျိုး​ဖြစ်​တဲ့​လူ​က ခပ်လှမ်း​လှမ်းကနေပဲ​ ကြည့်​နေ​တယ်။ ၂၆  ဘုရား​သခင်​ရဲ့ ကြီးမြတ်​မှု​ကို ကျွန်​တော်​တို့ အပြည့်​အဝ မသိ​နိုင်​ဘူး။+ ဘုရား​ရဲ့ နှစ်​ပေါင်း​အရေ​အတွက်​တွေ​ကို ဉာဏ်​မမီ​နိုင်​ဘူး။+ ၂၇  ဘုရား​က ရေ​စက်​တွေ​ကို ဆွဲ​ယူ​တယ်။+ ရေ​ခိုး​ရေ​ငွေ့တွေ​က မိုး​ရေ​အဖြစ် ငွေ့​ရည်​ဖွဲ့​တယ်။ ၂၈  အဲဒီ​နောက် မိုး​တိမ်​တွေ​က​နေ မိုး​ရွာ​ချ​ပြီး+လူ​တွေ​အပေါ် ရွာ​သွန်း​ဖြိုး​တော့​တယ်။ ၂၉  တိမ်​လွှာ​တွေ​အကြောင်း၊ ဘုရား​ရဲ့​တဲ​ထဲ​က မိုး​ခြိမ်း​သံ​တွေ​အကြောင်းဘယ်​သူ သိ​နား​လည်​နိုင်​သလဲ။+ ၃၀  ဘုရား​က တိမ်​လွှာ​တွေ​ပေါ် အလင်း​ကို ဘယ်​လို ဖြာ​ဆင်း​ပေးတယ်၊+ပင်လယ်​ကြမ်း​ပြင်​ကို ရေ​တွေ​နဲ့ ဘယ်​လို ဖုံး​လွှမ်း​ထား​တယ်​ဆို​တာ​ကို ကြည့်​ပါ။ ၃၁  လူ​တွေ​ကို ဒီ​နည်း​နဲ့ ထောက်မ​ပေး​တယ်။ စား​စ​ရာတွေ အလျှံ​ပယ်​ပေး​တယ်။+ ၃၂  လျှပ်​စီး​ကို လက်​နဲ့​ထိန်း​ထား​တယ်။ ပစ်​မှတ်​ကို ချိန်​ရွယ်​ပြီး ပစ်​တယ်။+ ၃၃  မိုး​ခြိမ်း​သံ​က ဘုရား​အကြောင်း ပြော​တယ်။ ခြံ​မွေး​တိရစ္ဆာန်တွေ​တောင် ဘယ်​သူ​လာ​နေ​ပြီဆို​တာ​ကို* ပြော​တတ်​တယ်။

အောက်ခြေမှတ်ချက်များ

“ဝေ​ဖန်​ဝံ့​သလဲ၊ ဖြေရှင်း​ချက် တောင်း​ဝံ့​သလဲ” လည်း​ဖြစ်​နိုင်။
“ရောက်​လာ​တော့​မယ့်​အရာ​ကို” လည်း​ဖြစ်​နိုင်။