ယောဘ ၃၈:၁-၄၁

  • လူရဲ့သေးနုပ်မှုကို ယေဟောဝါ သင်ခန်းစာပေး (၁-၄၁)

    • ‘ကမ္ဘာကြီးကို ဖန်ဆင်းတုန်းက မင်းဘယ်မှာလဲ’ (၄-၆)

    • ဘုရားရဲ့သားတွေ လက်ခုပ်သြဘာပေး ()

    • သဘာဝဖြစ်စဉ်တွေနဲ့ပတ်သက်တဲ့ မေးခွန်းများ (၈-၃၂)

    • “မိုးကောင်းကင်ရဲ့ နိယာမတရားတွေ” (၃၃)

၃၈  လေမုန်တိုင်းထဲကနေ ယောဘကို ယေဟောဝါပြောတာက–+  ၂  “ငါ့ရည်ရွယ်ချက်ကို ဝိုးတိုးဝါးတားဖြစ်အောင် လုပ်နေတာ၊ဘာမှမသိဘဲ ပြောနေတာ ဘယ်သူလဲ။+  ၃  ယောက်ျားပီပီ ရင်ဆိုင်ဖို့ အသင့်ပြင်ထားပါ။ ငါမေးမယ်။ ပြန်ဖြေပါ။  ၄  ကမ္ဘာကြီးကို ငါအုတ်မြစ်ချတုန်းက မင်း ဘယ်မှာရှိသလဲ။+ နားလည်ရင် ပြောပါ။  ၅  ကမ္ဘာကြီးရဲ့ အတိုင်းအတာတွေကို ဘယ်သူသတ်မှတ်သလဲ။ သိရင် ပြောပါ။ ဘယ်သူက တိုင်းကြိုးကိုဆန့်ပြီး ကမ္ဘာကြီးကို တိုင်းတာသလဲ။  ၆  ကမ္ဘာ့အောက်ခံခုံတွေ ဘယ်ထဲမှာ နစ်ဝင်နေသလဲ။ ကမ္ဘာ့ထောင့်ချုပ်ကျောက်ကို ဘယ်သူချသလဲ။+  ၇  အဲဒီတုန်းက မိုးသောက်ကြယ်တွေ+ ရွှင်လန်းစွာ သီချင်းဆိုပြီးဘုရားသခင်ရဲ့သားတွေ*+ လက်ခုပ်သြဘာပေးကြတယ်။  ၈  ပင်လယ်ဟာ မိခင်ရဲ့ဝမ်းထဲကနေ ထွက်လာတဲ့အခါဘယ်သူက တံခါးပိတ်ပြီး ကာဆီးခဲ့သလဲ။+  ၉  အဲဒီတုန်းက ပင်လယ်ကို တိမ်စိုင်တိမ်လိပ်တွေနဲ့ ငါဝတ်ဆင်ပေးတယ်။ တိမ်ထုကြီးနဲ့ လွှမ်းခြုံပေးတယ်။ ၁၀  ပင်လယ်ကို နယ်နိမိတ် သတ်မှတ်ပေးပြီး ကန့်လန့်ကျင်နဲ့တံခါးတွေ တပ်ပေးတယ်။+ ၁၁  ပြီးတော့ ‘ဒီအထိပဲ လာ။ ဒီထက် မကျော်နဲ့။ ဒီနေရာဟာ လှိုင်းလုံးကြီးတွေ ရပ်ရမယ့်နေရာပဲ’ လို့ ငါမှာထားတယ်။+ ၁၂  မင်းက မနက်ခင်းကို အမိန့်ပေးဖူးသလား။ အရုဏ်ဦး ထွက်ပေါ်ရမယ့်နေရာကို သတ်မှတ်ဖူးသလား။+ ၁၃  မြေကြီးစွန်းတွေကို ကိုင်ပြီး လူဆိုးတွေကို ခါချလိုက်ပါလို့ အရုဏ်ဦးကို ခိုင်းစေဖူးသလား။+ ၁၄  ကမ္ဘာကြီးဟာ တံဆိပ်နှိပ်ခံရတဲ့ ရွှံ့စေးလို ပုံပေါ်လာတယ်။ အဝတ်ဆင်ယင်ထားသလို အဆင်းသဏ္ဌာန် ပေါ်လွင်လာတယ်။ ၁၅  ဒါပေမဲ့ လူဆိုးတွေရဲ့အလင်း ဆုတ်ခွာသွားတယ်။ မြှောက်ထားတဲ့ သူတို့လက်ရုံးလည်း ကျိုးသွားတယ်။ ၁၆  မင်းက ပင်လယ်မြစ်ဖျားခံတဲ့ နေရာဆီ ဆင်းသွားဖူးသလား။ နက်ရှိုင်းတဲ့ရေထုထဲ ဆင်းပြီး စူးစမ်းရှာဖွေဖူးသလား။+ ၁၇  သေခြင်းရဲ့တံခါးတွေကို+ မင်းကို ဘယ်သူဖွင့်ပြဖူးသလဲ။ ပိန်းပိတ်အောင်မှောင်တဲ့အရပ်ရဲ့ တံခါးတွေကို မြင်ဖူးသလား။+ ၁၈  ကမ္ဘာမြေရဲ့ အကျယ်အဝန်းကို မင်းသိသလား။+ ဒါတွေအားလုံးကို သိရင် ပြောပါ။ ၁၉  ဘယ်အရပ်မှာ အလင်းနေထိုင်သလဲ။+ အမှောင်ရဲ့နေရာကရော ဘယ်မှာလဲ။ ၂၀  ဒါကိုသိမှ အလင်းနဲ့ အမှောင်ကို သူတို့ရဲ့ဌာနေဆီ မင်း ခေါ်သွားနိုင်မှာပေါ့။ သူတို့ရဲ့ အိမ်ပြန်လမ်းတွေအကြောင်း နားလည်နိုင်မှာပေါ့။ ၂၁  ဒါတွေကိုသိရအောင် အဲဒီတုန်းက မင်းကို မွေးဖွားခဲ့ပြီမို့လို့လား။ မင်းရဲ့နှစ်အရေအတွက်ဟာ များလွန်းနေလို့လား။ ၂၂  နှင်းဘဏ္ဍာတိုက်တွေထဲ မင်းဝင်ဖူးသလား။+ မိုးသီးဘဏ္ဍာတိုက်တွေကိုကော မြင်ဖူးသလား။+ ၂၃  အဲဒါတွေကို ဘေးဒုက္ခကျရောက်မယ့် အချိန်အတွက်၊စစ်တိုက်မယ့်နေ့အတွက် ငါသိုလှောင်ထားတယ်။+ ၂၄  အလင်းဟာ ဘယ်လမ်းကြောင်းနဲ့ ဖြာထွက်သလဲ။ ကမ္ဘာကြီးပေါ်မှာ အရှေ့လေက ဘယ်ကနေ တိုက်ခတ်လာသလဲ။+ ၂၅  ရေလုံးကြီးစီးဆင်းရာ လမ်းကြောင်းကို ဘယ်သူ ဖောက်ပေးသလဲ။ မိုးသက်မုန်တိုင်းနဲ့ မိုးကြိုး အတွက်  ဘယ်သူ လမ်းထွင်ပေးသလဲ။+ ၂၆  လူမနေတဲ့ မြေပေါ်၊လူသူမရှိတဲ့ ကန္တာရပေါ် ဘယ်သူ မိုးရွာစေသလဲ။+ ၂၇  မြေရိုင်းတွေကို စိုစွတ်စေပြီးမြက်နုလေးတွေ ပေါက်လာအောင် ဘယ်သူလုပ်တာလဲ။+ ၂၈  မိုးစက်လေးတွေမှာ အဖေရှိသလား။+ နှင်းစက်လေးတွေရဲ့ အဖေကကော ဘယ်သူလဲ။+ ၂၉  ရေခဲက ဘယ်သူ့ဝမ်းထဲကနေ ထွက်လာသလဲ။ မိုးကောင်းကင်နှင်းခဲတွေကို ဘယ်သူ မွေးထုတ်လိုက်သလဲ။+ ၃၀  ရေပြင်ကြီးအေးခဲပြီး ကျောက်လို မာကြောသွားတဲ့အခါရေထုရဲ့မျက်နှာပြင်ဟာ အေးခဲသွားတယ်။+ ၃၁  ခိမကြယ်စုရဲ့* ကြိုးတွေကို မင်း ချည်နိုင်သလား။ ခသိလကြယ်စုရဲ့* ကြိုးတွေကို ဖြေနိုင်သလား။+ ၃၂  ကြယ်စုတွေကို သူ့အချိန်နဲ့သူ ခေါ်ထုတ်လာနိုင်သလား။ အာရှကြယ်စုနဲ့* သူ့ရဲ့သားတွေကို လမ်းပြနိုင်သလား။ ၃၃  မိုးကောင်းကင်ရဲ့ နိယာမတရားတွေကို မင်း သိသလား။+ ကမ္ဘာမြေကို အဲဒီနိယာမတရားတွေနဲ့ ထိန်းချုပ်နိုင်အောင် လုပ်လို့ရသလား။ ၃၄  မင်းကို ရေထုကြီး ဖုံးလွှမ်းသွားအောင် မိုးတိမ်ကို အော်ခေါ်နိုင်သလား။+ ၃၅  လျှပ်စီးတွေကို မင်း လွှတ်နိုင်သလား။ လျှပ်စီးတွေက ပြန်လာပြီး ‘ဒီမှာရှိပါတယ်’ လို့ မင်းကို ပြောမလား။ ၃၆  တိမ်လွှာတွေထဲ ဘယ်သူ ဉာဏ်ပညာသွင်းပေးသလဲ။+ မိုးကောင်းကင်ရဲ့ သဘာဝဖြစ်စဉ်တွေကို ဘယ်သူ အသိဉာဏ်ပေးထားလဲ။+ ၃၇  တိမ်တွေကို ရေတွက်နိုင်လောက်အောင် ဘယ်သူ ပညာရှိလို့လဲ။ မိုးကောင်းကင်ရေအိုးတွေကို ဘယ်သူ လောင်းချနိုင်သလဲ။+ ၃၈  အဲဒီလိုလောင်းချလိုက်လို့ မြေမှုန့်တွေဟာ ရွှံ့ပြင်ကြီး ဖြစ်သွားပြီး မြေစိုင်မြေခဲတွေ စေးကပ်ကုန်တာ မဟုတ်လား။ ၃၉  ခြင်္သေ့စားဖို့ သားကောင်ကို မင်း ဖမ်းပေးနိုင်လို့လား။ ခြင်္သေ့ပျိုတွေ အဆာပြေသွားအောင် လုပ်ပေးနိုင်သလား။+ ၄၀  သူတို့က တွင်းထဲမှာ ဝပ်ပြီးဂူထဲမှာ ချောင်းမြောင်းနေတယ်။ ၄၁  ကျီးနက်ကြီးက သားပေါက်တွေ စားစရာမရှိလို့ ပျံဝဲပြီး ဘုရားသခင်ဆီ အော်ဟစ်အကူအညီတောင်းတဲ့အခါသူ့အတွက် စားစရာကို ဘယ်သူ ပြင်ဆင်ပေးသလဲ။+

အောက်ခြေမှတ်ချက်များ

ဒါမှမဟုတ်၊ “ကောင်းကင်တမန်တွေ။”
ဖျောက်ဆိပ်ကြယ်ပြွတ် ဖြစ်နိုင်။
လိပ်တာရာကြယ်စု ဖြစ်နိုင်။
ခုနစ်စဉ်ကြယ် ဖြစ်နိုင်။