ဟေရှာယ ၄၆:၁-၁၃

  • ဗာ​ဗု​လုန်​ရုပ်​တု​တွေ​နဲ့ အစ္စရေး​တို့​ရဲ့​ဘု​ရား ကွာခြား (၁-၁၃)

    • အနာ​ဂတ်​ကို ယေဟောဝါ ကြို​ဟော (၁၀)

    • နေ​ထွက်​ရာ​အရပ်​မှ သား​ရဲ​ငှက် (၁၁)

၄၆  ဗေ​လ* ဒူး​ထောက်​နေ​တယ်။+ နေ​ဗော* ဝပ်​တွား​နေ​တယ်။ သူတို့​ရဲ့​ရုပ်​တု​ကို တိ​ရစ္ဆာန်ရဲ့​ကျော​ပေါ် တင်​ထား​တယ်။+ ဝန်​လေး​ပင်​ပန်း​စေ​တဲ့ အထုပ်​အပိုး​တွေ တင်​သလို တင်​ရ​တာ​ပါ​ပဲ။  ၂  သူတို့ ဝပ်​တွား​ပြီး ဒူး​ထောက်​နေ​ရ​တယ်။ ကိုယ့်​ဝန်​ထုပ်​ကို* မကယ်​နိုင်​ကြ​ဘူး။ ကိုယ်​တိုင် သုံ့​ပန်း​အဖြစ် လိုက်​သွား​ရ​ပြီ။  ၃  “အို ယာကုပ်​အမျိုး၊ အစ္စရေး​အမျိုး​ထဲ​က ကျန်​ကြွင်း​သူ​အပေါင်း​တို့၊ နား​ထောင်​ကြ​ပါ။+ မင်း​ကို မွေး​စ​က​တည်း​က ငါထောက်မ​ခဲ့​တယ်။ မိ​ခင်​ရဲ့​ဝမ်း​က​နေ ကျွတ်​က​တည်း​က ချီ​ပိုက်​ခဲ့​တယ်။+  ၄  မင်း​တို့ အသက်​ကြီး​လာ​ချိန်​အထိ ငါ မပြောင်း​လဲ​ပါ​ဘူး။+ မင်း​တို့ ဆံ​ပင်​ဖြူ​လာ​ချိန်​အထိ ငါကျော​ပိုး​ထား​ဦး​မှာ​ပါ။ အရင်​က​လို​ပဲ မင်း​တို့​ကို ငါ​ချီ​ပိုက်​မယ်။ ကျော​ပိုး​ထား​မယ်။ ကယ်တင်​မယ်။+  ၅  ငါ့​ကို ဘယ်​သူ​နဲ့ နှိုင်း​မလဲ။ ဘယ်​သူ​နဲ့ တန်း​တူ​ထား​မလဲ။+ ဘယ်​သူ​နဲ့​တူ​တယ်​ဆို​ပြီး နှိုင်း​မလဲ။+  ၆  အိတ်​ထဲ​က ရွှေ​ကို မတွန့်​မတို ထုတ်​တဲ့​သူ၊ငွေ​ကို ချိန်​ခွင်​နဲ့ ချိန်​ပေး​တဲ့​သူ​တွေ ရှိ​တယ်။ သူတို့​က ပန်း​ထိမ်​သမား​ကို ငှား​ပြီး ဘု​ရား​ရုပ်​တု လုပ်​ခိုင်း​တယ်။+ ပြီး​တော့ အဲဒီ​ရုပ်​တု​ကို ပျပ်​ဝပ်​ကိုးကွယ်​ကြ​တယ်။+  ၇  အဲဒီ​ရုပ်​တု​ကို ထမ်း​ပြီး သယ်​လာ​ကြ​တယ်။+ ရုပ်​တု​က ချ​ထား​တဲ့​နေ​ရာ​မှာ​ပဲ ရပ်နေ​တယ်။ နေ​ရာ​က​နေ မရွေ့​ဘူး။+ သူ့​ကို အော်​ဟစ်​အကူ​အညီ​တောင်း​ပေမဲ့ ပြန်​မဖြေဘူး။ ဘယ်​သူ့​ကို​မှ ဒုက္ခ​ဆင်း​ရဲ​က​နေ မကယ်​တင်​နိုင်​ဘူး။+  ၈  ဒီ​အချက်​ကို သတိ​ရ​ကြ။ သတ္တိ​မွေး​ကြ။ အပြစ်​ကျူး​လွန်​သူတို့၊ ဒါ​ကို နှလုံး​သွင်း​ကြ။  ၉  အတိတ်​က​ဖြစ်​ရပ်တွေ​ကို ပြန်​သတိ​ရ​ကြ။ ငါ​ဟာ ဘု​ရား​သခင်​ပဲ၊ ငါ​က​လွဲ​လို့ တ​ခြား​ဘု​ရား​မရှိ​မှန်း သတိ​ရ​ကြ​ပါ။ ငါ​ဟာ ဘု​ရား​သခင်​ပဲ။ ငါ့​လို​ဘု​ရား​မျိုး မရှိ​ဘူး။+ ၁၀  နောက်​ဆုံး​ရ​လ​ဒ်​ကို အစ​က​တည်း​က ငါ​ကြို​ဟော​ခဲ့​တယ်။ မလုပ်​ဆောင်​ရ​သေး​တဲ့​အရာတွေ​ကို ရှေး​က​တည်း​က ကြို​ဟော​ခဲ့​တယ်။+ ‘ငါ့​ဆုံး​ဖြတ်​ချက် တည်​လိမ့်​မယ်၊+ အလို​ရှိ​ရာ​မှန်​သမျှ ငါ​လုပ်​ဆောင်​မယ်။’+ ဒါ​ဟာ ငါ​ကိုယ်​တိုင်​ပြော​ခဲ့​တဲ့ စကား​ပဲ။ ၁၁  ငါ့​ဆုံး​ဖြတ်​ချက်​ကို အကောင်​အထည်​ဖော်​ဖို့ နေ​ထွက်​ရာ​အရပ်​က သား​ရဲ​ငှက်​ကို ငါ​ခေါ်​မယ်။+ ဝေး​လံ​တဲ့​ပြည်​က လူ​တစ်​ယောက်​ကို ငါ​ခေါ်​မယ်။+ ငါ​ပြော​ပြီး​ပြီ။ အဲဒီ​အတိုင်း လုပ်​ဆောင်​မယ်။ ငါ​ရည်​ရွယ်​ပြီး​ပြီ။ အဲ​ဒါ​ကို အကောင်​အထည်​ဖော်​မယ်။+ ၁၂  ခေါင်း​မာ​သူတို့၊ ဖြောင့်​မတ်​ခြင်း​နဲ့ အလှမ်း​ဝေး​သူတို့၊ငါ​ပြော​တာ​ကို နား​ထောင်​ကြ​ပါ။ ၁၃  ငါ့​ရဲ့​ဖြောင့်​မတ်​ခြင်း​ကို အနား​ခေါ်​ထား​ပြီ။ အလှမ်း​မဝေး​တော့​ပါ​ဘူး။ ငါ​ပေး​မယ့်​ကယ်​တင်​ခြင်း​ဟာ နှောင့်​နှေး​မှာ မဟုတ်​ဘူး။+ ဇိ​အုန်​ကို ကယ်​တင်​ခြင်း​ကျေးဇူး အပ်​နှင်း​မယ်။ အစ္စရေး​ကို ငါ့​ရဲ့ ခမ်း​နား​မြင့်မြတ်​မှု ပေး​အပ်​မယ်။”+

အောက်ခြေမှတ်ချက်များ

ဗာ​ဗု​လုန်​နတ်​ဘု​ရား။
ဗာ​ဗု​လုန်​နတ်​ဘု​ရား။
တိ​ရစ္ဆာန်တွေ​ပေါ် တင်​ထား​တဲ့ ရုပ်​တု​တွေ။