ဟေရှာယ ၆၄:၁-၁၂

  • နောင်​တ​နဲ့ ဆုတောင်း (၁-၁၂)

    • “အိုး​ထိန်း​သမား” ယေဟောဝါ ()

၆၄  ကိုယ်​တော်​သာ ကောင်း​ကင်​ကို အပိုင်း​ပိုင်း​ခွဲ​ပြီး ဆင်း​လာခဲ့ရင် သိပ်​ကောင်း​မှာ။ အဲဒီ​လို​သာ​ဆို​ရင် တောင်​တန်း​တွေ တုန်​ခါ​သွား​မှာ​ပဲ။  ၂  မီး​ကြောင့် ချုံ​ပုတ်​တွေ လောင်​ကျွမ်း​သလို၊ မီး​ကြောင့် ရေတွေ ပွက်​ပွက်​ဆူ​သလို ဖြစ်​သွား​မှာ​ပဲ။ အဲဒီ​အခါ နာ​မတော်​ကို ရန်​သူ​တွေ သိ​လာ​လိမ့်​မယ်။ ရှေ့​တော်​မှာ လူမျိုး​တွေ တုန်​လှုပ်​လိမ့်​မယ်။  ၃  ကိုယ်​တော်​က ကျွန်​တော်​တို့​ မမျှော်​လင့်ရဲ​တဲ့ အံ့​မခန်း​ဖွယ် လုပ်​ရပ်တွေ လုပ်​ဆောင်​ပြီး+ ဆင်း​သက်​လာ​တဲ့​အခါ ရှေ့​တော်​မှာ တောင်​တန်း​တွေ တုန်​ခါ​သွား​တယ်။+  ၄  မျှော်​လင့်​စောင့်​စား​နေ​သူ​တွေ​အတွက် လုပ်​ဆောင်​ပေး​တဲ့ ဘုရား​သခင်၊ကိုယ်​တော်​က​လွဲ​လို့ တ​ခြား​ဘု​ရား​ကို ရှေး​အချိန်​က​တည်း​က မမြင်​ဖူး​ပါ​ဘူး။ မကြား​မသိ​ဖူး​ပါ​ဘူး။+  ၅  ကိုယ်​တော်​က မှန်​ရာ​ကို ရွှင်​လန်း​စွာ လုပ်​ဆောင်​သူ​တွေ၊ကိုယ်​တော့်​ကို​သတိ​ရ​ပြီး လမ်း​စဉ်​တော်​အတိုင်း လိုက်​လျှောက်​သူ​တွေ​ကို ကြို​ဆို​လက်ခံ​တယ်။+ ကျွန်​တော်​တို့​က အပြစ်​တွေ​ကို ကြာ​မြင့်​စွာ အထပ်​ထပ် ကျူး​လွန်​ခဲ့​တော့ အမျက်​တော်​ရှ​ပြီပေါ့။+ ကျွန်​တော်​တို့ ကယ်​တင်​ခံ​ရ​ပါ​ဦး​မလား။  ၆  ကျွန်​တော်​တို့​အားလုံး​ဟာ မသန့်​ရှင်း​တဲ့​သူ​တွေ​လို ဖြစ်​နေ​ပြီ။ ကျွန်​တော်​တို့​ရဲ့ ဖြောင့်​မတ်​တဲ့ လုပ်​ရပ်တွေ​ဟာ ရာ​သီ​သွေး​ပေနေ​တဲ့ အဝတ်​စ​လို ဖြစ်​နေ​ပြီ။+ သစ်​ရွက်​လို ကျွန်​တော်​တို့ ညှိုး​နွမ်း​သွား​တော့​မယ်။ အမှား​တွေ​က ကျွန်​တော်​တို့​ကို လေ​လို တိုက်​ချ​သွား​လိမ့်​မယ်။  ၇  နာ​မတော်​ခေါ်​ပြီး ဆုတောင်းတဲ့သူ၊ကိုယ်​တော့်​ကို ကိုင်​စွဲ​ဖို့ စိတ်​ပြင်း​ပြတဲ့​သူ တစ်​ယောက်​မှ မရှိ​ဘူး။ ကျွန်​တော်​တို့​ကို ကိုယ်​တော် မျက်နှာ​လွှဲ​လိုက်​ပြီ။+ အမှား​တွေ​ကြောင့် လုံး​ပါး​ပါး​စေ​ပြီ။  ၈  ယေဟောဝါ၊ ကိုယ်​တော်​ဟာ ကျွန်တော်​တို့​ရဲ့ ဖခင်​ပါ။+ ကိုယ်​တော်​ဟာ အိုး​ထိန်း​သမား၊ ကျွန်​တော်​တို့​ဟာ ရွှံ့​မြေပါ။+ ကျွန်​တော်​တို့​အားလုံး​ဟာ လက်ရာ​တော်တွေ​ပဲ။  ၉  အို ယေဟောဝါ၊ အကြီး​အကျယ် အမျက်​မထွက်​လိုက်​ပါ​နဲ့။+ ကျွန်​တော်​တို့​ရဲ့ အမှား​တွေ​ကို အမြဲမအောက်​မေ့​ပါ​နဲ့။ ကျွန်​တော်​တို့​အားလုံး​ဟာ ကိုယ်တော့်​လူ​တွေ​ဖြစ်​နေ​လို့ ကြည့်​ရှု​တော်​မူ​ပါ။ ၁၀  သန့်​ရှင်း​တဲ့​မြို့​တော်တွေ တောကန္တာရ ဖြစ်​သွား​ပြီ။ ဇိ​အုန်​ဟာ တော​ကန္တာရ၊ဂျေရု​ဆ​လင်​မြို့​ဟာ လွင်​တီး​ခေါင် ဖြစ်​သွား​ပြီ။+ ၁၁  ကိုယ်​တော့်​ကို ဘိုး​ဘေး​တွေ ချီးမွမ်း​ခဲ့​တဲ့​နေ​ရာ၊သန့်​ရှင်း​ပြီး ဂုဏ်​ကျက်​သရေ​ရှိ​တဲ့ အိမ်​တော်​ဟာ မီး​လောင်​ကျွမ်း​သွား​ပြီ။+ ကျွန်​တော်​တို့ မြတ်​နိုး​တာ​မှန်​သမျှ ပျက်​စီး​ကုန်​ပြီ။ ၁၂  ယေဟောဝါ​ဘု​ရား၊ ဒါ​တောင် မကူ​ညီ​ဘဲ ဒီ​အတိုင်း နေ​တော့​မှာ​လား။ ဒီ​လို​ပဲ နှုတ်​ဆိတ်​နေ​တော့​မှာ​လား။ ကျွန်​တော်​တို့ အကြီး​အကျယ် ဒုက္ခရောက်​တာ​ကို ခွင့်​ပြု​နေ​ဦး​မှာ​လား။+

အောက်ခြေမှတ်ချက်များ